ပရိုတိန်းပါဝင်မှုများပြားတဲ့ အစားအသောက်တွေကတော့... ကြက်သား၊ ဝက်ပေါင်ခြောက်၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ အယ်လ်မွန်စေ့၊ နေကြာစေ့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ မြေပဲ၊ ပဲတောင့်ရှည် တို့ပဲဖြစ်ပါတယ်။

အမြန်ရအစားအစာတွေ၊ အချိုပါဝင်မှုများပြားတဲ့ အစားအသောက်တွေက ဒီနေ့ခေတ်မှာ အလွယ်တကူရရှိနိုင်ပါတယ်။ စားရသောက်ရတာ အရသာရှိပေမယ့် ဒီအစားအစာတွေကို ပုံမှန်စားနေမယ်ဆိုရင် ကျန်းမာရေးကို ရေရှည်မှာ ထိခိုက်စေနိုင်မှာ အမှန်ပါပဲ။ ကာဘိုဟိုက်ဒရိတ်လို့ခေါ်တဲ့ ကျန်းမာရေးကို ရေရှည်မှာ ဆိုးကျိုးသက်ရောက်စေနိုင်တဲ့ အရာတွေ ပါဝင်မှုများပြားတဲ့ အစားအစာတွေအစား ပရိုတိန်းပါဝင်မှုများပြားတဲ့ အစားအစာတွေကို ပြောင်းလဲစားသုံးပေးသင့်ပါတယ်။

 

ပရိုတိန်းပါဝင်မှုများပြားတဲ့ အစားအသောက်တွေကတော့... ကြက်သား၊ ဝက်ပေါင်ခြောက်၊ တူနာငါး၊ ဆယ်လ်မွန်ငါး၊ အယ်လ်မွန်စေ့၊ နေကြာစေ့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ မြေပဲ၊ ပဲတောင့်ရှည် တို့ပဲဖြစ်ပါတယ်။

၁။ ဝိတ်မြန်မြန်ကျစေတယ်

Achieve-Greater-Weight-Loss.jpg 

တကယ်လို့ ခန္ဓာကိုယ်က အဆီပိုတွေကို ဖယ်ထုတ်ပစ်ဖို့က သင့်ရဲ့အန္တိမရည်မှန်းချက်ဖြစ်နေမယ်ဆိုရင် ပရိုတိန်းများပြီး ကာဘိုဟိုက်ဒရိတ်ပါဝင်မှုနည်းပါးတဲ့ အစားအသောက်တွေက အသင့်တော်ဆုံးပါပဲ။ Gym Trainer တွေကလည်း ဒီလိုပဲ ညွှန်ကြားမှာဆိုတော့ ပူစရာတော့ မရှိပါဘူး။ Gym ဆော့ပြီးတိုင်း နွားနို့ (၁) ခွက်သောက်ပေးတာတို့၊ ညစာမှာ ကြက်သားဟင်းနဲ့ စားပေးတာတို့လောက်ဆို လုံလောက်မှာပါ။

၂။ ကင်ဆာကာကွယ်ပေးတယ်

Fights-Cancer.jpg 

ကျွန်တော်တို့ရဲ့ စားသောက်နေထိုင်မှု ပုံစံတွေကြောင့် ကမ္ဘာတဝှမ်းလုံးမှာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းတွေ မြင့်တက်နေပါတယ်။ မကြာသေးခင်က ကင်ဆာသုတေသနတစ်ခုအရဆိုရင် ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေက ဝိတ်ကျခြင်းမှာ အထောက်အကူပြုရုံတင်မက ကင်ဆာဆဲလ်ပွားနှုန်းကိုလည်း တားဆီးပေးနိုင်သလို ဖြစ်မလာအောင် ကာကွယ်ပေးရာမှာလည်း ကူညီပေးနိုင်ပါတယ်တဲ့။

See also  

၃။ ဆီးချိုရောဂါတိုက်ဖျက်ရေးမှာ ပါဝင်ကူညီပေးတယ်

The-Management-Of-Diabetes.jpg 

ပရိုတိန်းပါဝင်မှုမြင့်မားပြီး ကာဘိုဟိုက်ဒရိတ်နည်းပါးတဲ့ အစားအသောက်တွေရဲ့ ကောင်းကျိုးနောက်တစ်ခုကတော့ Type 2 ဆီးချိုရောဂါကို ထိန်းချုပ်ရာမှာ ကူညီပေးနိုင်တာပါပဲ။ အမေရိကန် အာဟာရဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရဆိုရင် ပရိုတိန်းများတဲ့ အစားအသောက်တွေဟာ Type-2 ဆီးချိုရောဂါသည်တွေမှာ သွေးတွင်းသကြားဓာတ် ထိန်းချုပ်ပြီး ကိုယ်အလေးချိန် ကျဆင်းစေဖို့အတွက် ကူညီပေးနိုင်ပါတယ်တဲ့။

၄။ ဆာလောင်မှုကို လျော့နည်းစေတယ်

The-Perception-Of-Hunger.jpg 

အမေရိကန် Dietic Association ကြီးက ထုတ်ဝေတဲ့ ဂျာနယ်တစ်စောင်မှာ ဖော်ပြထားတဲ့ လေ့လာမှုတစ်ခုအရဆိုရင် ကာဘိုဟိုက်ဒရိတ်နည်းပါးပေမယ့် ပရိုတိန်းမြင့်မားတဲ့ အစားအသောက်တွေဟာ ခဏခဏဗိုက်ဆာတတ်ပြီး အစားနဲ့ပါးစပ် မပြတ်အောင်စားနေမိတတ်တဲ့ အကျင့်ကို လျော့ပါးစေနိုင်သလို ဆာလောင်မှုကိုလည်း ကျဆင်းစေနိုင်ပါတယ်။ အဲဒီကမှတဆင့် ဝိတ်လည်းကျစေနိုင်ပါတယ်။

၅။ ဦးနှောက်နဲ့ဆိုင်တဲ့ ရောဂါဖြစ်နိုင်ခြေ လျော့နည်းစေတယ်

Cognitive-Impairment-In-Elderly-People.jpg 

အသက်အရွယ်ကြီးသူတွေမှာ ဖြစ်ပွားတတ်တဲ့ အယ်လ်ဇိုင်းမားတို့၊ အမေ့လွန်ရောဂါတို့ဟာ ဦးနှောက်၊ အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေပါ။ ကာဘိုဟိုက်ဒရိတ်တွေ အများကြီးစားမိရင် အသက်အရွယ်ကြီးရင့်တဲ့အခါ ဒီရောဂါတွေ ဖြစ်နိုင်ခြေများပါတယ်။ အဲဒီအစား ပရိုတိန်းပါဝင်မှုများပြားတဲ့ အစားအသောက်တွေကို ပြောင်းလဲစားသုံးပေးမယ်ဆိုရင် ဦးနှောက် အာရုံကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်နိုင်ခြေတွေကို လျှော့ချပေးနိုင်မှာပါ။

Source: Stylecraze

Share

Loading Next Article...
က္က