လူတစ်ယောက် အသက်ရှည်တယ်၊ အသက်တိုတယ်ဆိုတာ သူ့ရဲ့အစားအသောက်၊ အနေအထိုင်နဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။

လူတစ်ယောက် အသက်ရှည်တယ်၊ အသက်တိုတယ်ဆိုတာ သူ့ရဲ့အစားအသောက်၊ အနေအထိုင်နဲ့လည်း အများကြီး သက်ဆိုင်နေပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်တွေစား၊ ကျန်းမာရေးကို အထောက်အကူပြုစေမယ့် လေ့ကျင့်ခန်းတွေ လုပ်ပေးမယ်ဆိုရင် အသက်ရှည်ဖို့ဆိုတာ ဘာမှခဲယဉ်းလှတဲ့ ကိစ္စတော့မဟုတ်ပါဘူး။



 

အောက်မှာဖော်ပြထားတဲ့ အစားအစာတွေကို အသက်ပိုရှည်ပြီး အရွယ်တင်နုပျိုစေဖို့အတွက် စားသုံးပေးသင့်တဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။

၁။ အော်ဂဲနစ်ကြက်ဥ

iStock_000037781484_Large-480x319.jpg 

ကြက်ဥတစ်လုံးမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ် (၉) မျိုး၊ ကိုယ်ခံအားစနစ်နဲ့ စွမ်းအင်တည်ဆောက်ရေး အတွက် လိုအပ်တဲ့ ပရိုတိန်းဓာတ်၊ မျက်စိကျန်းမာရေးအတွက် လိုအပ်တဲ့ လူတိန်းဓာတ်၊ ဦးနှောက်၊ အာရုံကြောစနစ်နဲ့ နှလုံးကျန်းမာရေးအတွက် လိုအပ်တဲ့ ခိုလင်းဓာတ် (choline) နဲ့ ဗိုက်တာမင်ဒီတို့ ကြွယ်ဝစွာပါဝင်ပါတယ်။

ဒါပေမယ့် ဒီနေရာမှာ သိထားရမှာက မွေးမြူရေးကြက်ဥနဲ့ အော်ဂဲနစ်ကြက်ဥကြားမှာ အာဟာရတန်ဖိုးကွာခြားမှုတွေရှိပါတယ်။ ဒါပေမယ့် ယေဘုယျကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ တူတူပါပဲ။ ကြက်ဥမှာပါဝင်တဲ့ နောက်ထပ်အကျိုးကျေးဇူးတစ်ခုကတော့ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးအောင် တားဆီးပေးနိုင်ပါတယ်။

၂။ အစိမ်းရောင်ဟင်းရွက်တွေ

iStock_000050663490_Medium-480x320.jpg 

ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ တရုပ်မုန်လာရွက်၊ မုန်ညင်းစိမ်းနဲ့ ဆလတ်ရွက်တို့လို အစိမ်းရောင်ဟင်းရွက်တွေဟာ မျက်စိ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ လူတိန်း (lutein) နဲ့ ဇီဇန်သင်း (zeaxanthin) လို အာဟာရဓာတ်မျိုးတွေ ကြွယ်ဝစွာပါဝင်ပါတယ်။ နောက်ပြီး လေ့လာမှှုတွေအရ အဲဒီအစားအသောက်တွေဟာ antioxidant လည်း ကြွယ်ဝလို့ အသက်အရွယ်ရလာချိန်မှာ ဖြစ်တတ်တဲ့ ကြွက်သားအားနည်းခြင်းနဲ့ သွေးကြောထုံးရောဂါတွေကိုလည်း ဖြစ်မလာအောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။

အစိမ်းရောင်ဟင်းရွက်တွေမှာ ပါဝင်တဲ့ ဖိုလိတ်ဓာတ် (folate) ဟာလည်း မှတ်ဉာဏ်ပိုမိုကောင်းမွန်စေသလို နှလုံးရောဂါနဲ့ ကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့နည်းစေပါတယ်။

၃။ ပန်းဂေါ်ဖီ

iStock_000059175794_Large-480x320.jpg 

ပန်းဂေါ်ဖီဟာလည်း cruciferous မျိုးရင်းထဲမှာပါဝင်တဲ့ antioxidant ကြွယ်ဝတဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်ပြီး ရောဂါကုသရေးနဲ့ ကာကွယ်ရေးပိုင်းမှာ အံ့သြဖွယ်အာနိသင်တွေ ပါရှိပါတယ်။ ပန်းဂေါ်ဖီမှာ ဟင်းသီးဟင်းရွက်တွေထဲမှာမှ ကင်ဆာတိုက်ဖျက်နိုင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ isothiocyannate ပမာဏအများဆုံးပါဝင်ပါတယ်။

ဒါကြောင့် ပန်းဂေါ်ဖီကို ပုံမှန်စားပေးမယ်ဆိုရင် ရင်သားကင်ဆာ၊ ဆီးအိမ်ကင်ဆာ၊ အဆုတ်ကင်ဆာနဲ့ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေတွေကို အနည်းဆုံးပမာဏထိ လျော့ကျစေနိုင်ပါတယ်။ နောက်တစ်ခုကတော့ အိုမင်းရင့်ရော်မှုကိုလည်း အတိုင်းအတာတစ်ခုထိ လျော့ကျစေနိုင်ပါတယ်။

See also 

၄။ ဘလူးဘယ်ရီသီး

iStock_000040224812_Full1-480x480.jpg 

ဘလူးဘယ်ရီသီးဟာ စားရတာ အရသာရှိရုံတစ်ခုတည်း မဟုတ်ပါဘူး။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေထဲမှာ အာဟာရတန်ဖိုး စုံလင်မြင့်မားတဲ့နေရာမှာ ထိပ်ဆုံးက ရပ်တည်နေတဲ့ အသီးတစ်မျိုးလည်း ဖြစ်ပါတယ်။ ဘလူးဘယ်ရီသီးတွေမှာ ဦးနှောက်ဆဲလ်နဲ့ ဦးနှောက်လုပ်ဆောင်မှုတွေကို ထိခိုက်စေနိုင်တဲ့ free radical နဲ့ မော်လီကျူးတွေကို တိုက်ဖျက်ပေးနိုင်တဲ့ antioxidant တွေ အထူးကြွယ်ဝစွာပါဝင်ပါတယ်။

Tufts တက္ကသိုလ်မှာ တင်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် ဘလူးဘယ်ရီသီးမှာပါဝင်တဲ့ anthocyanin ဓာတ်တွေဟာ oxidative stress လို့ခေါ်တဲ့ အိုမင်းရင့်ရော်ခြင်းကို ဖြစ်စေတဲ့ စိတ်ဖိစီးမှုတွေကို တိုက်ဖျက်ပေးနိုင်လို့ သိရပါတယ်။ နောက်တစ်ခုက အဲဒီ anthocyanin ဓာတ်တွေဟာ ဦးနှောက်မှတ်ဉာဏ်နဲ့ စိတ်ခံစားမှုကို မြှင့်တင်ပေးနိုင်တဲ့ ဒိုပါမင်း (dopamine) ထုတ်လုပ်မှုကိုလည်း အားပေးပါတယ်တဲ့။

၅။ ရေညှိစိမ်း (Chlorella)

iStock_000041446750_Medium-580x392.jpg 

ရေညှိစိမ်း (Chlorella) ကတော့ ရေချိုမှာပေါက်တဲ့ ဆဲလ်တစ်လုံးတည်းပါအပင်တစ်မျိုးဖြစ်ပြီး အာဟာရတန်ဖိုး အထူးကြွယ်ဝတဲ့ သဘာဝပေါက်ပင်တစ်မျိုးအဖြစ် တင်စားခေါ်ဝေါ်ခံရပါတယ်။ သူ့ရဲ့ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့... ကိုယ်ခံအားကို မြှင့်တင်ပေးခြင်း၊ အစာခြေစနစ်ကို ပိုမိုကောင်းမွန်စေခြင်း၊ အာရုံပိုမိုစူးစိုက်နိုင်စေခြင်း၊ ခွန်အားတိုးစေခြင်း၊ ရေဓာတ်ထိန်းညှိပေးခြင်း၊ သွေးတွင်းသကြားဓာတ်နဲ့ သွေးဖိအားကို ပုံမှန်ဖြစ်စေခြင်း၊ ကင်ဆာဖြစ်နိုင်ခြေကို လျော့ကျစေခြင်းနဲ့ ခံတွင်းနံ့ ပိုမိုကောင်းမွန်စေခြင်းတို့ပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ရေညှိစိမ်း (Chlorella) နဲ့ ပတ်သက်ပြီး နာမည်အကြီးဆုံးအချက်ကတော့ ခန္ဓာကိုယ်ထဲက သတ္ထုအဆိပ်တွေကို ဖယ်ရှားပေးနိုင်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။ သတ္ထုအဆိပ်တွေဆိုတာ လူကို ဒုက္ခအပေးနိုင်ဆုံး အဆိပ်တစ်မျိုးဖြစ်ပြီး တခြားအဆိပ်တွေလောက် ဖယ်ရှားရမလွယ်ကူပါဘူး။ ဒါကြောင့် ရေညှိစိမ်း (Chlorella) ဆေးတောင့်လေးတွေကို ပုံမှန်မီဝဲပေးမယ်ဆိုရင် သတ္ထုအဆိပ်တွေကို ဖယ်ရှားပေးနိုင်ရုံသာမက လူကိုလည်း နုပျိုကျန်းမာစေမှာ အသေအချာပါပဲ။

၆။ ကြက်သွန်ဖြူ

iStock_000057949170_Medium-580x386.jpg 

ကြက်သွန်ဖြူကို ကဗျာဆန်ဆန်နောက်တစ်မျိုးခေါ်လို့ရပါသေးတယ်။ အဲဒါကတော့ "အနံ့ဆိုးတဲ့နှင်းဆီ" တဲ့။ တကယ်တော့ ကြက်သွန်ဖြူကို အနံ့ပြင်းစေတာ allicin ဆိုတဲ့ ဓာတ်တစ်မျိုးဖြစ်ပြီး အဲဒီဓာတ်ကပဲ အလွန်အားကောင်းတဲ့ antioxidant တစ်မျိုးလည်းဖြစ်ပါတယ်။ နောက်ပြီး အားလုံးသိထားကြတဲ့အတိုင်း ကြက်သွန်ဖြူဟာ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ မှိုရောဂါပိုးမွှားတွေကို တိုက်ဖျက်ရာမှာ အထူးနာမည်ကြီးပါတယ်။

ဒါကြောင့်လည်း အသက်အရွယ်ကြီးရင့်တဲ့ လူကြီးတွေဟာ ကြက်သွန်ဖြူကို ပျားရည်နဲ့စိမ်ပြီး နေ့စဉ်စားကြတာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကြက်သွန်ဖြူဟာ သွေးကြောတွေကိုကျယ်စေတဲ့အတွက် သွေးလည်ပတ်ခြင်းနဲ့ နှလုံးကျန်းမာရေးကိုလည်း ပိုမိုကောင်းမွန်စေပါသေးတယ်။ တကယ်တော့ ကြက်သွန်ဖြူဟာ ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းမှာရှိနေတဲ့ အသက်ရှည်ဆေး တစ်မျိုးပဲ ဖြစ်ပါတယ်။

Source: theepochtimes

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က