နေ့စဉ်အစားအသောက်ထဲမှာ ဟင်းရွက်ဟင်းရွက် တစ်ခုခု မပါဝင်တဲ့သူဟာ ပုံမှန်ကျန်းမာနိုင်မှာ မဟုတ်ပါဘူး။

ငယ်ငယ်တုံးက အိမ်ကအဖေ၊ အမေက ဟင်းသီးဟင်းရွက်များများစားဖို့ တိုက်တွန်းတုံးက "ကပ်စေးနှဲရန်ကော" လို့ထင်ခဲ့ကြပါတယ်။ အသား၊ ငါး စားရတာလောက်မှ အရသာမရှိတာကိုး။ ဒါပေမယ့် ကြီးလာမှပဲ မိဘစေတနာကို နားလည်လာတော့တယ်။

 

ဟင်းသီးဟင်းရွက်တွေမှာ ပါဝင်တဲ့ အာဟာရတန်ဖိုးတွေဟာ များပြားလွန်းလို့ နေ့စဉ်အစားအသောက်ထဲမှာ ဟင်းရွက်ဟင်းရွက် တစ်ခုခု မပါဝင်တဲ့သူဟာ ပုံမှန်ကျန်းမာနိုင်မှာ မဟုတ်ပါဘူး။ အဲဒီဟင်းသီးဟင်းရွက်တွေထဲကမှ အာဟာရတန်ဖိုး အမြင့်မားဆုံး ဟင်းသီးဟင်းရွက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြက်သွန်နီ

02521_01_patterson.jpg 

ကြက်သွန်နီကို အစိမ်းစားပေးမယ်ဆိုရင် သူ့ထဲမှာပါဝင်တဲ့ ကင်ဆာရောဂါပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိတွေကို ရရှိမှာဖြစ်ပါတယ်။ ချက်ပြုတ်လိုက်မယ်ဆိုရင်တော့ သူ့မှာပါဝင်တဲ့ အဆုတ်နဲ့ ဆီးကြိတ်ကင်ဆာ ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေ အတိုင်းအတာတစ်ခုထိ လျော့ပါးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ကြက်သွန်နီအစိမ်းကို ခရမ်းချဉ်သီး၊ ထောပတ်သီး၊ ငရုပ်ပွသီးတို့နဲ့ တွဲစပ်ပြီး သုပ်စားကြည့်ရင် စားလို့လည်းကောင်း၊ ကျန်းမာရေးအတွက်လည်းကောင်းတဲ့ အသုတ်လေးတစ်ပွဲကို ရရှိမှာပါ။ သံလွင်ဆီလေး၊ သံပုရာရည်လေး နည်းနည်းပါ ဖြန်းပေးလိုက်ပေါ့။

၂။ ပြောင်းဖူး

corn.jpg 

ပြုတ်ပဲစားစား၊ ဖုတ်ပဲစားစား၊ ကြော်ပဲစားစား စားလို့ကောင်းတဲ့ အစားအစာတစ်မျိုးကတော့ ပြောင်းဖူးပါပဲ။ Agricultural Food and Chemistry ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုအရတော့ ပြောင်းဖူးကို ကြာကြာချက်ပြုတ်ထားလေလေ၊ သူ့ထဲမှာ ပါဝင်တဲ့ လူတိန်းဓာတ်လို antioxidant ပမာဏ ပိုများလေလေ ပါပဲတဲ့။

၃။ ပဲစေ့

Dill---Chive-Peas_exps69263_TH2379801A07_06_4bC_RMS.jpg 

သေးငယ်ပေမယ့် အစွမ်းထက်တာကတော့ ပဲစေ့လေးတွေပါ။ International Journal of Cancer မှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်အရဆိုရင် အစိမ်းရောင်ပဲစေ့လေးတွေကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ လျော့နည်းစေနိုင်ပါတယ်တဲ့။

See also 

၄။ ကိုက်လန်

AN84-Kale-1296x728-Header.jpg 

ကိုက်လန်ဆိုတာ ဈေးဝယ်စင်တာမှာ ရနိုင်တဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေထဲမှာတော့ ကျန်းမာရေးနဲ့ အညီညွတ်ဆုံးပါ။ ကိုက်လန်ရဲ့ ကွေးညွတ်နေတဲ့ အစိမ်းရောင်အရွက်လေးတွေဟာ ဗိုက်တာမင်စီအပြည့်ပါဝင်ပြီး ဗိုက်တာမင်စီဟာ နှလုံးရောဂါ ဖြစ်နိုင်ခြေကို ကာကွယ်ပေးနိုင်ပါတယ်။ ကိုလက်စထရောကိုလည်း ကျစေနိုင်လို့ ကိုယ်အလေးချိန် ထိန်းသိမ်းဖို့အတွက်လည်း သင့်လျော်ပါတယ်။

၅။ ပန်းဂေါ်ဖီစိမ်း

steamed-broccoli-horiz-b-2000.jpg 

ပန်းဂေါ်ဖီစိမ်းမှာလည်း ကင်ဆာတိုက်ဖျက်နိုင်တဲ့ antioxidant အပြည့် ပါဝင်ပါတယ်။ သုတေသနတစ်ခုအရဆိုရင် ပန်းဂေါ်ဖီစိမ်းကို တစ်ပတ်မှာ (၅) ရက်စားပေးတဲ့ အမျိုးသားတွေဟာ ဆယ်နှစ်အတွင်း ဆီးအိတ်ကင်ဆာဖြစ်နိုင်ခြေ (၅၀) ရာခိုင်နှုန်း လျော့နည်း စေပါတယ်တဲ့။

၆။ ငရုပ်ပွသီးအနီ

Bell-pepper-red_poivron-rouge_2.jpg 

ငရုပ်ပွသီး အရွယ်တော်တစ်လုံးဟာ ကယ်လိုရီနည်းပါးပြီး (၃၂ ကယ်လိုရီပဲပါတယ်) ဗိုက်တာမင်စီတော့ ကြွယ်ဝပါတယ်။ ငရုပ်ပွသီး တစ်လုံးမှာပါဝင်တဲ့ ဗိုက်တာမင်စီက သင်နေ့စဉ်လိုအပ်တဲ့ ပမာဏရဲ့ (၁၅၀) ရာခိုင်နှုန်းလောက်ရှိပါတယ်။ ဒီလိုနဲ့ ငရုပ်ပွသီး စားခြင်းဟာ နှလုံးရောဂါဖြစ်စေနိုင်တဲ့ သွေးကြောမာခြင်းကိုလည်း ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်။

၇။ ဟင်းနုနွယ်ရွက်

spinach.jpg 

ဟင်းနုနွယ်ရွက်ထဲမှာတော့ ကာရိုတီနွိုက် (carotenoid) လို့ခေါ်တဲ့ antioxidant တွေ ပြည့်နှက်နေပြီး မျက်စိကျန်းမာရေးကို ထောက်ကူပေးနိုင်ပါတယ်။ နောက်ပြီး ကြွက်သားအားနည်းခြင်း ရောဂါဖြစ်မလာအောင်လည်း ကာကွယ်တားဆီးပေးနိုင်ပါတယ်။

အသက်အရွယ်ကြီးရင့်သူတွေမှာ ဖြစ်တတ်တဲ့ ကြွက်သားအားနည်းခြင်းရောဂါဟာ တဖြည်းဖြည်း မျက်စိမှုန်လာစေနိုင်ပြီး နောက်ပိုင်းမှာ မျက်စိကွယ်သည်အထိ ဖြစ်သွားစေနိုင်ပါတယ်။ ဟင်းနုနွယ်ရွက်ကို ချက်ပြုတ်လိုက်မယ်ဆိုရင်တော့ သူ့ထဲမှာပါဝင်တဲ့ ကာရိုတီနွိုက်ကို ခန္ဓာကိုယ်က ပိုမိုလွယ်ကူစွာ စုပ်ယူနိုင်အောင် ကူညီပေးနိုင်ပါတယ်။

Source: Reader's Digest

Share

Loading Next Article...
က္က