အကိတ်တွေကို ကြိုက်အားကျနေတဲ့ LCD လေးတွေလည်း ရှိပါတယ်။

လူတစ်ကိုယ် အကြိုက်တစ်မျိုး ဆိုသလိုပါပဲ။ အဝလွန်တဲ့လူတွေက ဝိတ်ချဖို့အတွက် အသဲအသန် gym ပြေးလိုက်၊ အစားလျှော့လိုက် လုပ်နေချိန်မှာ အကိတ်တွေကို ကြိုက်အားကျနေတဲ့ LCD လေးတွေလည်း ရှိပါတယ်။ ပိန်လွန်းလို့ အစအနောက်ခံရပြီး စိတ်ဓာတ်ကျနေရတဲ့သူတွေအတွက် ဝိတ်အမြန်တက်စေမယ့် အစားအသောက်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

၁။ မြေပဲထောပတ်

ဝိတ်တက်ချင်တဲ့သူတွေအတွက် မြေပဲထောပတ်က အကောင်းဆုံးပါပဲ။ မြေပဲထောပတ်မှာ ကယ်လိုရီနဲ့ ပရိုတိန်းအများကြီးပါဝင်ပြီး ဝိတ်အမြန်တက်ဖို့အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။ မြေပဲထောပတ် (၂) ဇွန်းမှာ အဆီ (၁၀) ဂရမ်၊ ကယ်လိုရီ (၂၀၀) နဲ့ ပရိုတိန်း (၁၆) ဂရမ်ပါဝင်ပါတယ်။ LCD ဘဝကနေ အကိတ်ဘဝရောက်ချင်သူတွေ မြေပဲထောပတ် (၂) ဇွန်း စားရုံနဲ့ အဆင်ပြေစေမှာပါ။

၂။ နွားနို့

Cold-Milk.jpg

လူကောင်ညှက်တဲ့ ကလေးတွေကို မိဘတွေက နွားနို့တိုက်တာ လူကောင်ထွားလာစေချင်လို့ပါ။ တကယ်တမ်းမှာလည်း နွားနို့ဟာ အဆီဓာတ်နဲ့ အရိုးတွေကို ဖွံ့ဖြိုးစေတဲ့ ကယ်လ်ဆီယမ် ကြွယ်ဝတဲ့ အစားအသောက်တစ်မျိုး ဖြစ်ပါတယ်။ နွားနို့စစ်စစ်တစ်ခွက်မှာ (၁၅၀) ကယ်လိုရီနဲ့ ပရိုတိန်း (၈) ဂရမ်ပါဝင်တဲ့အတွက် တစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးမယ်ဆိုရင် အမြန်ဝိတ်တက်လာစေမှာပါနော်။

၃။ အသား

ကြက်သားလို ပရိုတိန်းဓာတ်များတဲ့အသား၊ ဝက်သားလို အဆီဓာတ်ကြွယ်ဝတဲ့ အသား၊ ဘာအသားပဲဖြစ်ဖြစ် အသားစားရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ပြည့်ဝစေရုံသာမက ဝိတ်လည်း တက်လာစေနိုင်ပါတယ်။ ဒါကြောင့် ဝိတ်တက်ချင်တဲ့သူတွေကတော့ အသားများများစားပေးသင့်ပါတယ်။

၄။ ပရိုတိန်းမစ်ရှိတ်

fruit-smoothies-today-tease-1-150805_f1b20de057704b0707570a6613e1f25a.jpg

ချောကလက် ဟေဇယ်သီး မစ်ရှိတ်တို့၊ ဗနီလာ ဘယ်ရီသီး မစ်ရှိတ်တို့၊ ငှက်ပျောသီးမစ်ရှိတ်တို့လို ပရိုတိန်းမစ်ရှိတ်တွေဟာ ပရိုတိန်းဓာတ် ကြွယ်ဝပြီး ဝိတ်အမြန်တက်စေတဲ့ သောက်စရာလေးတွေပဲ ဖြစ်ပါတယ်။ ဝိတ်ကျချင်တဲ့သူတွေ မှားသောက်မိရင်တော့ တာဝန်မယူဘူးနော်။

၅။ ထမင်းဖြူ

ထမင်းဖြူကို အဓိကစားတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေအတွက်တော့ ဝိတ်တက်ချင်ရင် ထွေထွေထူးထူးကြီး လုပ်ပေးနေဖို့ မလုပ်ပါဘူး။ ပုံမှန်စားနေကျထက် ထမင်း (၂) နပ်လောက် ပိုစားပေးလိုက်ပေါ့။ ထမင်းဖြူမှာ ကာဘိုဟိုက်ဒရိတ် အထူးကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဝိတ်တက်ဖို့အတွက်တော့ ပူစရာမလိုတော့ပါဘူး ထမင်းဖြူ တစ်ပန်းကန်မှာ ကာဘိုဟိုက်ဒရိတ် (၄၃) ဂရမ် ပါဝင်ပါတယ်။

၆။ နို့ချောကလက်

Wallpaper_1920x1080_bottomRight.jpg 

နို့နဲ့ ပြုလုုပ်ထားတဲ့ နို့ချောကလက်တွေဟာ ဝိတ်တက်စေတဲ့အစားအသောက်တွေပဲ ဖြစ်ပါတယ်။ ဒါကိုမှ မြေပဲထောပတ်လေးနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ ဘာပြောကောင်းမလဲပေါ့။ Snickers တို့၊ Mars တို့လို ချောကလက်ချောင်းတွေဟာ လူကောင်ထွားချင်တဲ့သူတွေအတွက်တော့ အကောင်းဆုံးအဖော်မွန်ပါပဲ။

၇။ အာလူးကြော်

french-fries.jpg 

အာလူးဟာ ကယ်လိုရီနဲ့ ကစီဓာတ် ကြွယ်ဝတဲ့ သစ်ဥသစ်ဖုတစ်မျိုးဖြစ်တဲ့အတွက် အာလူးနဲ့ ပြုလုပ်တဲ့ အစားအသောက်တွေဖြစ်တဲ့ အာလူးကြော်၊ အာလူးချောင်းကြော်နဲ့ nugget မုန့်လေးတွေဟာ ဝိတ်တက်စေတဲ့ အစားအသောက်တွေပါပဲ။

Source: youngisthan

Share

Loading Next Article...
က္က