ကိုရီးယားကြက်ကြော်ကို ကိုရီးယားလို dakgangjeong လို့ခေါ်ပြီး ချိုစပ်စပ်အရသာလေးနဲ့ စားလို့အရမ်းကောင်းပါတယ်။

KFC တို့၊ Lotteria တို့လို ကြက်ကြော်ဆိုင်တွေမှာ လူတွေအုံနေတာကိုကြည့်ရင် ကြက်ကြော်ဟာ လူကြိုက်အများဆုံး fastfood တစ်ခုအဖြစ် ရပ်တည်နေဆဲဆိုတာကို သိရှိနိုင်ပါတယ်။ ကြက်ကြော်တွေဟာ အမြန်ရရှိနိုင်သလို တန်ဖိုးအသင့်အတင့်နဲ့ အရသာရှိတဲ့ အစားအစာတစ်ခုဖြစ်တဲ့အတွက် လူကြိုက်များနေရတာဖြစ်ပါတယ်။

ဒီနေ့မှာတော့ အရသာလည်းရှိ၊ ပြုလုပ်ရတာလည်း လွယ်ကူတဲ့ ကိုရီးယားကြက်ကြော်လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ကိုရီးယားကြက်ကြော်ကို ကိုရီးယားလို dakgangjeong လို့ခေါ်ပြီး ချိုစပ်စပ်အရသာလေးနဲ့ စားလို့အရမ်းကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

Korean-fried-chicken_cleaned-590x357.jpg 

ကြက်တောင်ပံနဲ့ ရင်အုံသား (၃) ပေါင်ခွဲ ( (၁.၆) ကီလိုဂရမ်ခန့်)၊ စားပွဲတင်ဆား ဇွန်းဝက်ခန့်၊ ငရုပ်ကောင်းမှုန့် ဇွန်းဝက်ခန့်၊ ညက်ညက်ထောင်းပြီးသား ဂျင်း တစ်ဇွန်းခန့်၊ အာလူးမှုန့် (သို့) ပြောင်းဖူးမှုန့် (၂) ခွက်ခန့်၊ မြေပဲဆန် (၁/၃) ခွက်ခန့်၊ ကြက်သွန်ဖြူ (၄) လုံးခန့်၊ ငရုပ်သီးခြောက် (၄) တောင့်ခန့်၊ ပဲငံပြာရည် (၁/၄) ခွက်ခန့်၊ ရှာလကာရည် (၁/၂) ခွက်ခန့်၊ ပြောင်းဖူးအရသာရည် (၁/၂) ခွက်ခန့်၊ mustard အနှစ် တစ်ဇွန်းခန့်၊ သကြား တစ်ဇွန်းခန့်၊ နှမ်းစေ့ (၁) ဇွန်းခန့်နဲ့ ဟင်းသီးဟင်းရွက်ဆီ (သို့) မြေပဲဆီ တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး ကြက်သားကို ရေဆေး၊ ခုတ်ထစ်ပြီး အနေတော်အတုံးလေးတွေဖြစ်အောင် လှီးလိုက်ပါ။ ကြက်သား (၁.၆) ဂရမ် လောက်ဆိုရင် ကြက်သားတုံး (၂၅) တုံးလောက်တော့ ရမှာပါ။ ပြီးရင် ဇလုံတစ်လုံးထဲမှာ ကြက်သားရယ်၊ ဆားရယ်၊ ဂျင်းဖတ်လေးတွေရယ်၊ ငရုပ်ကောင်းမှုန့်ရယ်ကို ရောထည့်ပြီး သမအောင် ရောနယ်ပေးလိုက်ပါ။

ပြီးရင်တော့ ပြောင်းဖူးမှုန့် (သို့) အာလူးမှုန့်ကို ဇလုံတစ်လုံးထဲထည့်ပြီး ခုနက ကြက်သားတုံးလေးတွေကို သေသေချာချာနှံ့စပ်သွားအောင် လူးပေးလိုက်ပါ။ ပိုပြီး ကျစ်ကျစ်လျစ်လျစ်လေး ဖြစ်သွားအောင် ကြက်သားတုံးလေးတွေကို လစ်နဲ့ အသာလေး ဖျစ်ညှစ်ပေးလိုက်ပါဦး။

 

ပြီးရင်တော့ ကြက်ကြော်ပေါ်က ဆမ်းဖို့အတွက် ဆော့စ်လုပ်ရပါမယ်။ ဒယ်အိုးပြားတစ်လုံးထဲကို ဆီနည်းနည်းထည့်ပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်ထားတာရယ်၊ ငရုပ်သီးခြောက်ကို အစေ့ထုတ်ပြီး ပါးပါးလှီးထားရယ်ကို ရောထည့်ပေးလိုက်ပါ။ ပါဝင်ပစ္စည်းတွေ အားလုံးကို သမသွားအောင် သစ်သားယောက်မလေးနဲ့ စက္ကန့် (၃၀) ခန့် မွှေပေးလိုက်ပါ။

ပြီးရင် ပဲငံပြာရည်ရယ်၊ ပြောင်းမှုန့်အရသာရည်ရယ်၊ ရှာလကာရည်ရယ်၊ mustard ဆော့စ်ရယ်ကိုလည်း ရောထည့်ပေးလိုက်ပါ။ ပြီးရင် ယောက်မလေးနဲ့ မွှေပေးပြီး မိနစ်အနည်းငယ်ခန့်ကြာအောင် ချက်ပြုတ်ထားပေးလိုက်ပါ။ မီးဖိုပေါ်က ချခါနီးမှ သကြားနည်းနည်းထည့်ပြီး မွှေပေးလိုက်ပါဦး။ ပြီးရင်တော့ မီးသတ်ပြီး ဘေးခနဖယ်ထားနိုင်ပါပြီ။

see also 

ခုနက ပြောင်းဖူးမှုန့်လူးထားတဲ့ ကြက်သားလေးတွေကို ကြော်ဖို့အချိန်ရောက်ပါပြီ။ အရင်ဆုံး ဒယ်အိုးပြားတစ်လုံးထဲမှာ မိမိနှစ်သက်ရာဟင်းချက်ဆီ (၄) ခွက်ခန့်ကိုထည့်ပြီး (၈) မိနစ်ခန့် အပူပေးလိုက်ပါ။ ဆီပွက်လာပြီဆိုရင် ကြက်သားတုံးလေးတွေကို ဆီပူထဲ စထည့်လို့ရပါပြီ။ ကြက်သားတုံးတွေကို တစ်တုံးချင်း ဆီပူထဲကို ဖြည်းဖြည်းချင်းချပေးပြီး (၁၂) မိနစ်ခန့် ကြော်ထားပါလိုက်ပါ။ ကြော်နေရင်း ဟိုဖက်ဒီဖက်လည်း လှန်ထားပေးလိုက်ပါဦး။

 

(၁၂) မိနစ်လောက်ရှိပြီဆိုရင်တော့ ကြက်ကြော်တုံးလေးတွေကို ဆယ်ထုတ်ပြီး ဇကာတစ်လုံးထဲမှာ ထည့်ထားပေးလိုက်ပါ။ ခနလောက် ဆီစစ်ပြီးရင်တော့ ကြက်ကြော်တွေကို ဆီထဲပြန်ထည့်ပြီး နောက်ထပ် (၁၀) မိနစ်ခန့် ထပ်ကြော်ပေးရပါမယ်။ ကြက်ကြော်တုံးလေးတွေအားလုံး ရွှေအိုရောင် သမ်းသွားပြီဆိုရင်တော့ ကြက်ကြော်တွေကိုဆယ်ပြီး ပန်းကန်တစ်ချပ်ထဲကို ပြောင်းထည့်ပေးလိုက်ပါ။

 

ပြီးရင်တော့ ခုနကပြုလုပ်ထားတဲ့ ဆော့စ်နဲ့ ကြက်ကြော်လေးတွေပေါ်မှာ ဆမ်းပေးလိုက်ပါ။ အပေါ်ကနေ မြေပဲဆံလေးတွေနဲ့ နှမ်းလေးတွေပါ ဖြူးပေးလိုက်ရင် ကြွပ်ရွပြီး အရသာကောင်းမွန်တဲ့ ကိုရီးယားကြက်ကြော်လေးကို ရရှိနိုင်ပါပြီ။

Source: maangchi

 

Share

Loading Next Article...
က္က