AD
AD
AD

ခန္ဓာကိုယ်နောက်ပိုင်း လှတယ်ဆိုတာ မိန်းကလေးတွေအတွက်တော့ ဂုဏ်ယူဝံ့ကြွားစရာ အချက်တစ်ချက်ပါပဲ။ အကိတ်လေးတွေမှ လှတယ်လို့ ထင်နေကြတဲ့ ခေတ်ထဲမှာ အများနည်းတူ ကိတ်နိုင်ဖို့အတွက် လေ့ကျင့်ခန်းနဲ့ အနေအထိုင်သာမက အစားအသောက်ကလည်း အရေးကြီးပါတယ်နော်။

play

 

LCD ဘဝကနေ အကိတ်ဖြစ်ချင်တဲ့ မဒီလေးတွေကတော့ gym ဆော့ဖို့ လိုအပ်တဲ့အပြင် အောက်မှာ ဖော်ပြထားတဲ့ အစားအသောက်တွေကိုလည်း တွဲဖက်စားသုံးပေးဖို့ လိုအပ်ပါသေးတယ်။

နဂိုကိတ်ပြီးသား sis လေးတွေအနေနဲ့လည်း ခန္ဓာကိုယ်အလှအပကို ထိန်းသိမ်းဖို့အတွက် အစားအသောက်ကို သင့်တော်စွာ ရွေးချယ်တတ်ဖို့ လိုပါတယ်နော်။

၁။ အခွံမာသီးများ

play
 

အခွံမာသီးတွေမှာ အဆီဓာတ်နဲ့ ပရိုတိန်းဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် ကြွက်သားလုပ်ဆောင်မှုကို ထောက်ခံအားပေးပါတယ်။ တစ်နည်းအားဖြင့် တင်ပါးကြွက်သားတွေကို ပိုမိုကြီးမားစေနိုင်ပါတယ်။

နောက်တစ်ခုကတော့ အခွံမာသီးတွေဟာ ခန္ဓာကိုယ်ထဲမှာ ပိုနေတဲ့ ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါသေးတယ်။ စားသုံးပေးတဲ့ အသင့်တော်ဆုံး အခွံမာသီးတွေကတော့ ဗာဒံ့စေ့၊ သီဟိုဋ္ဌ်စေ့နဲ့ သစ်ကြားစေ့တို့ပဲ ဖြစ်ကြပါတယ်။

၂။ ကြက်ဥ/ ဘဲဥ

ကြက်ဥ/ ဘဲဥဟာ ပရိုတိန်းဓာတ်ပြည့်ဝစေဖို့အတွက် အကောင်းဆုံးအစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။ အထူးသဖြင့် Gym မှာ အပေါ်ပိုင်းပဲဆော့ဆော့၊ အောက်ပိုင်းပဲဆော့ဆော့ မဖြစ်မနေ စားပေးသင့်တဲ့ အစားအစာမျိုးပါပဲ။

ပရိုတိန်းဓာတ်များတဲ့အတွက် ရင်သားနဲ့ တင်ပါးကြွက်သားတွေ ကြီးထွားဖွံ့ဖြိုးစေရေးမှာ ကြီးမားတဲ့အခန်းကဏ္ဍက ပါဝင်ထောက်ကူပေးနေပါတယ်။ မနက်စာ စားရင်း ကြက်ဥ ထည့်သွင်းစားသုံးပေးခြင်း၊ လေ့ကျင့်ခန်းလုပ်ပြီးရင် ကြက်ဥသောက်ပေးခြင်းတို့ဖြင့် ကြက်ဥရဲ့ အကျိုးအာနိသင်ကို ရယူနိုင်ပါတယ်။

၃။ ငါး

play
 

အထူးသဖြင့် တူနာ၊ ဆလာဗီးယားနဲ့ ဆယ်လ်မွန်ငါးတွေမှာ omega-3 ဖက်တီးအက်ဆစ် ကြွယ်ဝစွာပါဝင်ပြီး ပြားချပ်နေတဲ့ တင်ပါးလေးတွေ တင်းရင်းလှပလာစေလိုတဲ့ ပျိုမေတို့အတွက် အထောက်အကူပြုနိုင်ပါတယ်။

နောက် ငါးများများစားပေးရင် ကယ်လိုရီပြည့်ဝစေနိုင်တဲ့အတွက် တင်ပါးလှစေနိုင်တာ အမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် ညနေရုံးဆင်းရင် ငါးကင်လေးဝယ်စားဖို့ အကြောင်းပြချက် ရပြီလေ။

 

၎။ ကြက်သား

ကြက်သားဟာလည်း ပရိုတိန်းဓာတ်များတဲ့ အသားတစ်မျိုးပါပဲ။ အထူးသဖြင့် လေ့ကျင့်ခန်းလုပ်နေချိန်မှာ တွဲဖက်စားသုံးမယ်ဆိုရင် တင်ပါးကို ပိုမိုလှပစေနိုင်ပါတယ်။ တခြားအနီရောင် အသားတွေဖြစ်တဲ့ အမဲသား၊ ဆိတ်သား တို့ စားမယ့်အစား ကြက်သားစားပေးမယ်ဆိုရင် ပိုပြီးသင့်လျော်မှာပါ။ ဘာလို့လဲဆိုတော့ တခြားအသားတွေထက်စာရင် ကြက်သားက ကိုလက်စထရော ပိုနည်းလို့ပါပဲ။

၅။ ဟင်းနုနွယ်ရွက်

play
 

အစိမ်းရောင်အသီးအရွက်တွေထဲမှာ ဘုရင်တစ်ပါးဖြစ်တဲ့ ဟင်းနုနွယ်ရွက်ကတော့ သံဓာတ်အားကောင်းတဲ့ အသီးအရွက်တစ်မျိုး ဖြစ်တဲ့အတွက် မိန်းကလေးတွေနဲ့ ပိုတည့်ပါတယ်။ အထူးသဖြင့် gym ဆော့နေတဲ့ မိန်းကလေးတွေ မဖြစ်မနေစားပေးသင့်တဲ့ အသီးအရွက်တစ်မျိုးပါပဲ။ ဟင်းနုနွယ်ရွက်စားမယ်ဆိုရင် သွေးဖိအားလည်း ကျစေနိုင်ပါသေးတယ်။ ဒါ့အပြင် ကိုလက်စထရော ကျစေဖို့ ကူညီပေးနိုင်တဲ့ ဗိုက်တာမင်တွေလည်း ပါဝင်ပါသေးတယ်။

၆။ ထောပတ်သီး

play
 

ထောပတ်သီးမှာလည်း monosaturated fats လို့ခေါ်တဲ့ ပြည့်ဝဆီပါဝင်မှု များပြားပြီး တင်ပါးကြီးထွားစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါ့အပြင် မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း ကျစေနိုင်သေးတော့ အကောင်းဆုံးပဲပေါ့။ နောက်တစ်ခု ကြွက်သားဖွံ့ဖြိုးမှုကို ပါဝင်ကူညီပေးနိုင်တဲ့ ဗိုက်တာမင်၊ ပိုတက်စီယမ်၊ အမျှင်ဓာတ်နဲ့ အမိုင်နိုအက်ဆစ်တွေလည်း ပါရှိပါသေးတယ်။

Source: Femniqe

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD