ကွတ်ကီးလေးတစ်ချပ် စားလိုက်ရုံနဲ့ ဖျားချင်သလိုလို ဖြစ်နေတာတွေ ယူပစ်သလို ပျောက်သွားလိမ့်မယ်လို့ ဖိလစ်ပိုင်လူမျိုးတွေကတော့ ယုံကြည်ကြပါတယ်။

မိုးမိပြီး အအေးမိသလိုလို၊ နှာစေးသလိုလို၊ ဖျားချင်သလိုလို ဖြစ်လာပြီဆိုရင် ဗိုက်တာမင်စီ ဆေးပြားတွေ အချိန်ကုန်ခံပြီး ဝါးမနေပါနဲ့တော့။ ကွတ်ကီးလေးတစ်ချပ် စားလိုက်ရုံနဲ့ ဖျားချင်သလိုလို ဖြစ်နေတာတွေ ယူပစ်သလို ပျောက်သွားလိမ့်မယ်လို့ ဖိလစ်ပိုင်လူမျိုးတွေကတော့ ယုံကြည်ကြပါတယ်။

 

ရိုးရာယုံကြည်မှုတွေအရတော့ ဒီကွတ်ကီးလေးတွေမှာ ရောဂါကုသနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပြီး အဖျားရောဂါကို အချိန်တိုအတွင်း ပျောက်ကင်းစေနိုင်တယ်လို့လည်း ယုံကြည်ထားကြပါတယ်။

ဖိလစ်ပိုင်ရိုးရာကွတ်ကီး

01-these-butter-cookies-from-the-philippines-supposedly-have-healing-powers-Courtesy-Traveler-on-Foot-760x506.jpg 

အဲဒီ ဖိလစ်ပိုင်ရိုးရာ ကွတ်ကီးလေးရဲ့နာမည်ကတော့ Panecillos de San Nicolas (Pan de San Nicolas) ဖြစ်ပါတယ်။ ဒီကွတ်ကီးလေးတွေကတော့ ထောပတ်၊ အာဒါလွတ်ဥမှုန့်၊ အုန်းနို့၊ ကြက်ဥအနှစ်တို့ကို ရောစပ်ပြုလုပ်ထားတာဖြစ်ပြီး အရသာရှိတဲ့ ထောပတ်ကွတ်ကီးလေးတွေ ဖြစ်ပါတယ်။  ဒီကွတ်ကီးလေးတွေရဲ့ပုံသဏ္ဍာန်က သူတို့ကို တမူထူးခြားစေပါတယ်။

ဂျုံမုန့်ညက်ကို အထူးပြုလုပ်ထားတဲ့ သစ်သားပုံစံခွက်ထဲထည့်ပြီးမှ ဖုတ်ထားတဲ့အတွက် မုန့်ဖုတ်ပြီးချိန်မှာ ထွက်လာတဲ့မုန့်က သူတော်စင်ပုံစံလေး ထွက်လာမှာပါ။ ဖိလစ်ပိုင်နိုင်ငံက မြို့တစ်မြို့ချင်းစီမှာ မတူညီတဲ့ ပုံစံခွက်တွေရှိတဲ့အတွက် ကွတ်ကီးမုန့် ဒီဇိုင်းတွေကလည်း တစ်မြို့နဲ့တစ်မြို့ မတူညီကြပါဘူး။ တချို့ပုံစံခွက်တွေဆို နှစ် ရာနဲ့ချီပြီး ကြာမြင့်နေပါပြီ။

သူတော်စင် စိန့်နီကိုလတ်ကို ဂုဏ်ပြုထား

Screenshot-2017-10-9 San Nicolas Cookies and Their Healing Powers Reader's Digest.jpg 

တကယ်တော့ ဒီကွတ်ကီးတွေဟာ ၁၂၄၅ ခုနှစ်က အီတလီနိုင်ငံဖွား သူတော်စင် စိန့်နီကိုလတ် (St. Nicholas) ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်ခဲ့ကြတာပါ။ ဒဏ္ဍာရီအရဆိုရင် နီကိုလတ် ဖျားနာနေစဉ်တုံးက ဗာဂျင်မေရီ ရောက်လာပြီး ပေါင်မုန့်တစ်စကို ရေနဲ့စိမ်စားဖို့ ပေးခဲ့ပါသတဲ့။

သူမရဲ့ညွှန်ကြားချက်အတိုင်း လိုက်နာခဲ့တဲ့အခါ နီကိုလတ်ဟာ အံ့သြဖွယ်ကောင်းလောက်အောင် နာလန်ပြန်ထူလာနိုင်ခဲ့ပါသတဲ့။ နောက်ပိုင်းမှာ သူတော်စင် စိန့်နီကိုလတ်ဟာ ဖျားနာနေသူတွေကို ကုသပေးဖို့ ဗားဂျင်မေရီကို ဆုတောင်းခဲ့ပြီး ပေါင်မုန့်ကျွေးခြင်းဖြင့် အဖျားပျောက်စေခဲ့ပါတယ်။

See Also: 

ဒီကွတ်ကီးလေးတွေမှာ ရောဂါပျောက်စေတဲ့ စွမ်းအားတွေ ပါဝင်နေတာဟာ ဒဏ္ဍာရီဆန်ဆန်၊ မှော်ဆန်ဆန် အစွမ်းတွေကြောင့် ချည်းပဲတော့ မဟုတ်ပါဘူး။ ကွတ်ကီးတွေကို ဖန်ခရားထဲ ထည့်သိမ်းထားရပြီး အချိန်ရလာတဲ့အချိန်မှာ ပင်နီစလင်နဲ့ အလားသဏ္ဍာန်တူတဲ့ မှိုလေးတွေ တွယ်လာတာကို တွေ့ရှိရမှာပါ။

 

ပင်နီဆလင်ကို ယနေ့ခေတ်ဆေးဝါးတွေမှာ ထည့်သွင်းအသုံးချ နေသလိုမျိုးပဲ ကွတ်ကီးမှာ တွယ်ကပ်နေတဲ့ မှိုကလည်း အဖျားရောဂါကို ကုသပေးနိုင်ပါလိမ့်မယ်။ လူတစ်ယောက် ဖျားနာပြီဆိုရင် ဆုတောင်းစာတွေရွတ်ဆိုခိုင်းပြီး ဒီကွတ်ကီးကို စားခိုင်းပါလိမ့်မယ်။

ဖိလစ်ပိုင်မိသားစုတွေဟာ အထူးပွဲလမ်းသဘင်တွေရှိမှပဲ ဒီကွတ်ကီးလေးတွေကို ဖုတ်ကြပါတယ်။ ဥပမာ... စက်တင်ဘာ (၁၀) ရက်နေ့က ကျရောက်ခဲ့တဲ့ သူတော်စင် စိန့်နီကိုလတ်နေ့လို နေ့မျိုးမှာပေါ့။ အထူးသဖြင့် ရှေးရိုးဆန်တဲ့ မိသားစုတွေက အဲဒီလိုနေ့မျိုးမှာ ကွတ်ကီးဖုတ်ခြင်းက ကွတ်ကီးရဲ့ ရောဂါကုသနိုင်စွမ်းကို ပိုမိုတိုးတက်စေတယ်လို့ ယုံကြည်ကြပါတယ်။ ဖုတ်ပြီးသွားရင် ဖန်ခရားတွေထဲ ထည့်သိမ်းထားရမှာဖြစ်ပြီး ရောင်းချဖို့အတွက်တော့ မဟုတ်ပါဘူး။ တချို့လယ်သမားတွေဆိုရင် Pan de San Nicolas ကွတ်ကီးမုန့်ကို အမှုန့်ခြေပြီး လယ်ယာမြေတွေပေါ်မှာ အထွက်နှုန်းတိုးအောင် ပက်ဖျန်းကြပါသေးသတဲ့။

Source: Reader's Digest

 

Share

Loading Next Article...
က္က