မှန်ကန်သင့်တော်တဲ့ ကာဘိုဟိုက်ဒရိတ်ကို ရွေးချယ်စားသုံးပေးမယ်ဆိုရင် တစ်နေ့တာအတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေနိုင်မှာပါ။

ဥရောပတိုက်သားတွေ ဘာလို့ အရပ်ပိုရှည်နေလဲ။ ကျန်းမာသန်စွမ်းနေလဲဆိုပြီး တွေးကြည့်ခဲ့ကြဖူးလား။ တစ်ခါတလေမှာ အသက် (၆၀) ကျော် ဥရောပတိုက်သား အဘိုးကြီး၊ အဘွားကြီးတွေ ကျန်းကျန်းမာမာနဲ့ အိတ်အလေးကြီးတွေထမ်းပြီး ခရီးသွားနေကြတာ ကိုလည်း မြင်ဖူးကြမှာပါ။

 

သူတို့တွေ အဲဒီလို ကျန်းမာသန်စွမ်းနေခြင်းရဲ့ အဖြေဟာ ဂျုံစစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နေ့စဉ်အစားအသောက်ထဲမှာ ထည့်သွင်းစားသုံးပေးလို့ပါပဲတဲ့။ ဂျုံပေါင်မုန့်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့...

၁။ စွမ်းအင်ပိုမိုရရှိမယ်

1_eat_more_bread_bhofack2.jpg 

ပေါင်မုန့်ဟာ ကာဘိုဟိုက်ဒရိတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာဘိုဟိုက်ဒရိတ်တိုင်းကတော့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတာ မဟုတ်သေးပါဘူး။ မှန်ကန်သင့်တော်တဲ့ ကာဘိုဟိုက်ဒရိတ်ကို ရွေးချယ်စားသုံးပေးမယ်ဆိုရင် တစ်နေ့တာအတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေနိုင်မှာပါ။

WebMD မဂ္ဂဇင်းရဲ့အဆိုအရဆိုရင် ကာဘိုဟိုက်ဒရိတ်ဟာ ခန္ဓာကိုယ်အတွက်တော့ မော်တော်ကားတစ်စီး ဓာတ်ဆီလိုအပ်သလိုပဲ လိုအပ်ပါတယ်တဲ့။ ဒါကြောင့် ပေါင်မုန့်စားပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် ဂျုံမှုန့်စစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို ရွေးချယ်တတ်ဖို့တော့ လိုတာပေါ့။

၂။ ကျန်းမာသန်စွမ်းစေမယ်

2_eat_more_bread_OlgaMiltsova.jpg 

ကြီး၊ ငယ်၊ ကျား၊ မ မရွေး ဂျုံမှုန့်စစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နေ့စဉ်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးကို ရရှိစေနိုင်ပါတယ်။ လေ့လာမှုတွေအရဆိုရင် ဂျုံမှုန့်စစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်စားခြင်းက ရရှိတဲ့ ကာဘိုဟိုက်ဒရိတ်ဟာ နှလုံးရောဂါ၊ Type 2 ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အူမကြီးကင်ဆာ၊ လေဖြတ်လေငန်းရောဂါနဲ့ အဝလွန်ရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်တဲ့။

နောက်ပြီး တကယ်လို့ ပေါင်မုန့်ကို တစ်နေ့အနည်းဆုံး (၃) ကြိမ်လောက် စားပေးနိုင်မယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူး အများစုကို ရရှိပိုင်ဆိုင်စေနိုင်ပါတယ်။ အိတ်ထဲမှာ ပေါင်မုန့်လေးတစ်ထုပ် ဆောင်ထားတတ်တဲ့ အကျင့်လုပ်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူနိုင်ပါပြီနော်။

၃။ အသက်ရှည်စေတယ်

3_eat_more_bread_grafvision.jpg 

ဟားဗတ်တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဋ္ဌာနက သုတေသီတွေဟာ ဂျုံနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို အဓိကအစားအစာအဖြစ် စားသုံးခြင်းနဲ့ အသက်ရှည်ခြင်းကြားက ဆက်နွယ်မှုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ ပါဝင်သူပုဂ္ဂိုလ် (၁၀၀၀၀၀) ကျော်ကို လေ့လာခဲ့ကြပြီး ဂျုံမှုန့်နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်စားသုံးခြင်းဟာ ဘာရောဂါနဲ့မဆို သေဆုံးနိုုင်ခြေကို (၅) ရာခိုင်နှုန်း လျှော့ချပေးပြီး နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေကိုတော့ (၉) ရာခိုင်နှုန်း လျှော့ချပေးပါတယ်တဲ့။ ဒီတွေ့ရှိချက်တွေအရတော့ ပေါင်မုန့်စားသုံးခြင်းဟာ အသက်ရှည်ကျန်းမာရေးကို အထောက်အကူပြုနေတာဟာ ထင်ရှားပါတယ်။

၄။ ပိုမိုပျော်ရွှင်စေတယ်

4_eat_more_bread_grafvision.jpg 

စိတ်ဓာတ်ကျနေပါသလား။ ဆင်းဒဝစ်ချ်တစ်ခုသာ စားလိုက်ပါ။ Psychology Today မဂ္ဂဇင်းရဲ့အဆိုအရတော့ ကာဘိုဟိုက်ဒရိတ်တွေဟာ ဦးနှောက်ထဲက ခံစားချက်ကောင်းမွန်မှုကို လှုံ့ဆော်ပေးတဲ့ အာရုံခံလှုံ့ဆော်ပစ္စည်းလေးတွေဖြစ်တဲ့ serotonin လေးတွေကို ပိုမိုထုတ်လွှတ်ပေးစေနိုင်ပါတယ်။

အဲဒီ serotonin လေးတွေက ခံစားချက်ကို မြှင့်တင်ပေးနိုင်သလို အချိုများတဲ့ အစားအစာတွေကို တောင့်တမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ နောက်ပြီးတော့ ဒါက ခဲတစ်လုံးနဲ့ ငှက် (၂) ကောင်ထိတဲ့ အခြေအနေလည်း ဖြစ်နေပါသေးတယ်။ စိတ်ဖိစီးမှုနဲ့ သောကတွေကို လျော့ကျစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေနိုင်လို့ပါ။

See also: 

၅။ ဝိတ်ကျစေတယ်

5_eat_more_bread_amberto4ka.jpg 

ဂျုံမှုန့်စစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေဟာ အမျှင်ဓာတ်အထူးကြွယ်ဝပြီး ကိုယ်အလေးချိန်ကျဆင်းစေတဲ့ အကျိုးကျေးဇူး တွေလည်း ထူးကဲစွာပါဝင်ပါတယ်။ အမျှင်ဓာတ်တွေဟာ ဗိုက်ထဲရောက်သွားရင် အစာအိမ်ကို ပြည့်အင့်သလို ခံစားရစေတဲ့အတွက် ပုံမှန်ထက် အစားနည်းစေမှာ အမှန်ပါပဲ။ အစားနည်းပြီဆိုရင် ခန္ဓာကိုယ်ထဲရောက်သွားတဲ့ ကယ်လိုရီလည်း နည်းသွားပြီပေါ့။ နောက်ပြီး ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေမှာ အမှန်ပါပဲ။

၆။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေတယ်

6_eat_more_bread_MKucova.jpg 

အထက်မှာပြောခဲ့တဲ့အတိုင်းပါပဲ။ ဂျုံပေါင်မုန့်တွေဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေရဲ့ အားသာချက်တစ်ခုကတော့ အစာခြေစနစ် လမ်းကြောင်းတလျှောက်ကို ရှင်းလင်းစေပြီး အစာအိမ်ထဲက အစာဟောင်းတွေကိုလည်း ခန္ဓာကိုယ်ပြင်ပကို လွယ်လင့်တကူ ရောက်ရှိအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က အထိုင်များပြီး ဝမ်းချုပ်တတ်တဲ့သူဆိုရင် ပေါင်မုန့်ကို နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးသင့်ပါတယ်။

၇။ အရေပြားနဲ့ ဆံသားကို ပိုမိုကျန်းမာစေတယ်

7_eat_more_bread_lisaaMC.jpg 

ပေါင်မုန့်စားခြင်းနဲ့ အလှအပရေးရာ ဆက်စပ်နေလိမ့်မယ်လို့ ဘယ်သူတွေးမိမလဲ။ တကယ်တော့ ဆက်စပ်နေပါတယ်။ ဂျုံပေါင်မုန့်တွေမှာ ဗိုက်တာမင် ဘီနဲ့ ပရိုတိန်းဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် ဆံသားနဲ့ အရေပြားကျန်းမာရေး ကိုလည်း ကောင်းမွန်အောင် အထောက်အကူပြုနိုင်ပါတယ်။

Source: Reader's Digest

 

Share

Loading Next Article...
က္က