ဘာပဲဖြစ်ဖြစ် "ကြက်ဥပြုတ်တာတောင် ဆရာမရှိရင် အထာမကျဘူး" ဆိုတဲ့ ရိုးရာစကားကိုလည်း မမေ့နဲ့ဦးနော်။

ဘယ်လောက်ပဲ အချက်အပြုတ ်မကျွမ်းကျင်တဲ့သူပဲဖြစ်ဖြစ် ကြက်ဥတစ်လုံးကိုတော့ ဖြစ်မြောက်အောင် ကြော်တတ်တယ်လို့ အထင်ရှိကြပါတယ်။ ဒါဟာမှန်ပါသလား။ ဘာပဲဖြစ်ဖြစ် "ကြက်ဥပြုတ်တာတောင် ဆရာမရှိရင် အထာမကျဘူး" ဆိုတဲ့ ရိုးရာစကားကိုလည်း မမေ့နဲ့ဦးနော်။ ဒါပေမယ့် မေးစရာရှိတာက ကြက်ဥကြော်တာကကော ဘယ်လောက်များ ရှုပ်ထွေးနက်နဲ နေလို့လဲ ဆိုတာပါပဲ။

 

ကြက်ဥတစ်လုံးကိုယူမယ်။ အခွံအက်သွားအောင် အမာစောင်းတစ်ခုနဲ့ အသာလေးရိုက်လိုက်မယ်။ အက်သွားရင် လက်သည်းလေးထိုးထည့်ပြီး အထဲက အနှစ်တွေထွက်ကျလာအောင် ဆွဲဖွင့်ထုတ်လိုက်မယ်။ ကျလာတဲ့ အနှစ်တွေကို ဆီပူအိုးထဲ ထည့်ပြီး ကြော်လိုက်မယ်။ ဒါပဲမလားလို့ မေးစရာရှိလာပါတယ်။

ဒါပေမယ့် ကြက်ဥကြော်တဲ့အချိန်မှာ ကျွန်တော်တို့အားလုံး ပြုလုပ်မိတတ်တဲ့ အသေးအဖွဲအမှားလေးတွေ ရှိပါသေးတယ်။ MSN ရဲ့ အစားအသောက်ရေးရာ စီနီယာအယ်ဒီတာဖြစ်တဲ့ Tim Cebula က အရသာအကောင်းမွန်ဆုံး ကြက်ဥကြော်တစ်လုံးကို ရရှိစေနိုင်ဖို့အတွက် သတိပြုမိသင့်တဲ့ အသေးအဖွဲအမှားလေးတွေကို ထောက်ပြထားပါတယ်နော်။

၁။ မီးဖို အပူများလွန်းခြင်း

AAsZE7L.img.jpg 

ကြက်ဥမကြော်ခင် ဆီပူပေးရမယ်ဆိုတာ အားလုံးသိထားပြီးသား အချက်ပါ။ မီးဖိုပေါ်မှာ ဒယ်အိုးပြားတစ်လုံးတင်၊ ဒယ်အိုးထဲမှာ ဆီနည်းနည်းထည့်၊ ဆီကိုပူလာအောင် အပူပေးပြီးမှ ကြက်ဥကို ဖောက်ထည့်ကြတာပါ။ ဒါပေမယ့် တချို့တွေက စိတ်လောကြီးပြီး ဆီကို မြန်မြန်ပူအောင်ဆိုပြီး မီးအပူချိန်ကို အမြှင့်ဆုံုးထိ တင်ထားတတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့လုပ်ဆောင်မှုပါ။

ကြက်ဥတွေဟာ အကျက်အရမ်းမြန်ပြီး ခြောက်သွေ့တာလည်း မြန်ပါတယ်။ တကယ်လို့ ခင်ဗျားဟာ အရမ်းကျက်အောင်ကြော်ထားတဲ့ ကြက်ဥကြော်မျိုးကို စားချင်တာမဟုတ်ရင် မီးအပူချိန်ကို medium လောက်ပဲ ထားသင့်ပါတယ်။ မဟုတ်ရင် ကြက်ဥဘေး အနားသားတွေက ညိုမဲကြွတ်ရွပြီး စားလို့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ကြက်ဥမွှေကြော်၊ ဟက်ဖရိုက်ကြော်နဲ့ အုန်းမလက်ကြော် စားချင်တယ်ဆိုရင် မီးအပူချိန် medium လောက်ဆို အတော်ပါပဲ။

၂။ မှားယွင်းတဲ့ဒယ်အိုးသုံးမိခြင်း

fried_breakfast.jpg 

ကြက်ဥကြော်ရာမှာ ဒယ်အိုးရွေးချယ်မှုကလည်း အရေးကြီးပါသေးတယ်။ အကောင်းဆုံးကတော့ အောက်ခြေမှာ အစားအစာတွေ အလွယ်တကူ ကပ်ညိခြင်း မရှိတဲ့ ဒယ်အိုးပြားမျိုးပါပဲ။ အဲဒီလို ဒယ်အိုးပြားမျိုးကို nonstick pan လို့ခေါ်ပြီး စူပါမက်ကက်တွေမှာ မေးမြန်းဝယ်ယူလို့ရပါတယ်။ ဒါပေမယ့် မှားယွင်းတဲ့ ဒယ်အိုးပြားအမျိုးအစားမျိုးကို ရွေးချယ်မိရင်တော့ ကြက်ဥတွေဟာ ဒယ်အိုးအောက်ခြေမှာ ကပ်တာတို့၊ ကြက်ဥအနှစ်ပေါက်တာတို့ဖြစ်ပြီး အရသာကိုကော၊ ပုံစံကိုပါ ပျက်စေနိုင်ပါတယ်။

၃။ ဆားများခြင်း

AAsZOSI.img.jpg 

ကြက်ဥကြော်နေချိန်မှာ အဖြစ်များတဲ့ အမှားတစ်ခုကတော့ ဆားအထည့်လွန်တာပါပဲ။ ဒါကလည်း အလွယ်တကူမှားတတ်တဲ့ အမှားတစ်ခုပါ။ စိတ်မှန်းနဲ့ တကော်လောက်ဆိုပြီး ဆားပွင့်လေးတွေကို ကော်လိုက်ပေမယ့် များသွားတတ်တာမျိုးပေါ့။ ကြက်ဥကြော်တွေဟာ ကျွန်တော်တို့ ထင်ထားတာထက်ပိုပြီး ဆားနည်းနည်းပဲ လိုပါတယ်။ ဆားများသွားရင်လည်း အရသာပျက်သွားမှာပါ။ ဒါကြောင့် ဆားထည့်ရာမှာလည်း သတိထားသင့်ပါတယ်။

လူတိုင်းမဖြစ်မနေ လိုက်နာသင့်တဲ့ အစားအသောက်ဆိုင်ရာ စည်းမျဉ်းများ 

၄။ ဒယ်အိုးနှုတ်ခမ်းနဲ့ရိုက်ပြီး ကြက်ဥခွဲခြင်း

non-feature-how-to-crack-an-egg.jpg 

ဒါကလည်း အဖြစ်များတဲ့ အမှားတစ်ခုပါ။ ကြက်ဥကြော်တော့မယ်ဆိုရင် အလွယ်တကူပဲ ဒယ်အိုးဘောင်နဲ့ပဲ ကြက်ဥအခွံကို ရိုက်ခွာမိတတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ကြက်ဥအခွံတွေ ဒယ်အိုးထဲဝင်ပြီး ကြက်ဥကြော်ထဲမှာ အခွံတွေပါသွားခြင်းဖြင့် ကြက်ဥကြော်ရဲ့ အရသာကို ပျက်စေနိုင်သလို ဒယ်အိုးနှုတ်ခမ်းပေါ်မှာ ကြက်ဥအနှစ်တွေ စီးကျပြီး အဖြူသားနဲ့ အနှစ် လှလှပပ ကွဲထွက်နေတဲ့ ဟက်ဖရိုက်ကြော်တစ်လုံးရဲ့ အရသာအစစ်ကို မရရှိနိုင်တော့ပါဘူး။ ဒါဟာလည်း သတိထားရမယ့် အချက်ပါ။

၅။ ကြော်ပြီး ချက်ချင်းမစားခြင်း

img_8759-001.jpg 

ကြက်ဥကြော်တစ်လုံးရဲ့ ရသက ကြော်ပြီးပြီးချင်း စားရတာပါ။ အဲဒီလို ကြော်ပြီးပြီးချင်း ချက်ချင်းစားမှသာ ကြက်ဥကြော်တစ်လုံးရဲ့ အရသာကို အပြည့်အဝ ရရှိခံစားနိုင်မှာပါ။ ဒီလိုမဟုတ်ဘဲ ခဏသိမ်းထားမယ်ဆိုရင် အေးစက်ပြီး အရသာကို အပြည့်မရရှိရုံသာမက အာဟာရတန်ဖိုးတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။

Soure: MSN

 

Share

Loading Next Article...
က္က