အပြင်ပန်း ခရမ်းရောင်အဆင်းရှိပေမယ့် လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးအကျိုးရှိတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ရှိပါသေးတယ်။

အသီးအနှံတွေ၊ သစ်သီးဝလံတွေရဲ့ အရောင်က သူ့မှာပါဝင်တဲ့ ဗိုက်တာမင်၊ သတ္ထုဓာတ်၊ အမျှင်ဓာတ်နဲ့ တခြားအရာဝတ္ထုတွေကို ဖော်ပြနိုင်စွမ်းရှိတယ်ဆိုတာကိုတော့ အားလုံးသိထားကြပြီး ဖြစ်မှာပါ။ အာဟာရဗေဒပညာရှင်တွေကလည်း လူတိုင်းကို လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေဆိုရင် အရောင်မခွဲခြားဘဲ စားသုံးဖို့ တိုက်တွန်းတတ်တာကိုလည်း သိကြမှာပါ။ အဲဒီထဲမှာ ခရမ်းရောင်ဟင်းသီးဟင်းရွက်တွေလည်း အပါအဝင်ပါပဲ။



 

အသီးအနှံတွေနဲ့ ပတ်သက်ရင်တော့ ခရမ်းရောင်ဟာ ပုပ်အဲ့အဲ့နိုင်တဲ့ အရောင်တစ်မျိုးအဖြစ် သတ်မှတ်ခံရပါတယ်။ တချို့ဟင်းသီးဟင်းရွက်တွေ ပုပ်သိုးသွားရင်လည်း ခရမ်းရောင် (သို့) အမဲရောင် သမ်းလာတတ်ပါတယ်။ ဒါပေမယ့် အပြင်ပန်း ခရမ်းရောင်အဆင်းရှိပေမယ့် လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးအကျိုးရှိတဲ့ ဟင်းသီးဟင်းရွက်တွေလည်း ရှိပါသေးတယ်။ အဲဒါတွေကတော့...

၁။ ခရမ်းသီး

globe-eggplant-56a5b5353df78cf772897ba2.jpg 

ခရမ်းသီးဟာ ဗိုက်တာမင် ဘီစစ်၊ စီ၊ ကေ တို့လို ဗိုက်တာမင်ကြွယ်ဝတဲ့ အသီးအနှံတစ်မျိုးဖြစ်သလို မဂ္ဂနီစီယမ်၊ ပိုတက်စီယမ်၊ သီယာမိုင်းတို့လို သတ္ထုဓာတ်တွေလည်း ကြွယ်ဝပါသေးတယ်။ အဲဒီလို အာဟာရဓာတ်တွေ ကြွယ်ဝမှုကြောင့် ဦးနှောက်ထိခိုက်မှုနဲ့ ကင်ဆာရောဂါတို့လို အသက်အန္တရာယ်စိုးရိမ်ရတဲ့ ရောဂါများဖြစ်ပွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

နောက်ပြီး ကိတ်ရာကနေ ဝတဲ့အဆင့်ထိ ဖြစ်လာလို့ စိတ်ညစ်နေတဲ့သူတွေဆိုရင်လည်း ခရမ်းသီးကို စားကြည့်သင့်ပါတယ်။ ဒါတင်မကသေးပါဘူး။ ခရမ်းသီးစားပေးခြင်းဖြင့် အစာအိမ်နဲ့ အစာခြေလမ်းကြောင်းကို ပိုမိုကောင်းမွန်စေခြင်း၊ နှလုံးအားကောင်းစေခြင်း၊ သွေးအားကောင်းစေခြင်း တို့လို ကျန်းမာရေးအကျိုးကျေးဇူးတွေကိုလည်း ရယူနိုင်ပါတယ်။

၂။ ဘလူးဘယ်ရီသီး

handful-of-blueberries-1502.jpg 

ဘလူးဘယ်ရီသီးကို မနှစ်သက်တဲ့သူ ဘယ်သူမှ မရှိပါဘူး။ ဒီသစ်သီးတွေမှာ မဂ္ဂနီးစ်၊ အမျှင်ဓာတ်၊ ဗိုက်တာမင်ကေ၊ စီနဲ့ antioxidant တွေ အထူးကြွယ်ဝစွာ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးတွေဟာ ကင်ဆာဖြစ်စေတဲ့ free radical တွေရဲ့ အန္တရာယ်ကနေ အထူးကာကွယ်ပေးနိုင်တဲ့အတွက် "Antioxidant တွေရဲ့ ဘုရင်" လို့တောင် တင်စားခေါ်ဝေါ်ခံရပါတယ်။

See Also: 

၃။ ခရမ်းရောင် မုန်လာဥ

purple carrot.jpg 

ခရမ်းရောင်မုန်လာဥတွေမှာလည်း ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကို ဆိုးဝါးစွာပျက်ဆီးယိုယွင်းစေတဲ့ ကျန်းမာရေးအန္တရာယ်တွေကနေ ကာကွယ်ပေးနိုင်တဲ့ အာဟာရဓာတ်တွေ လုံလောက်စွာ ပါဝင်ပါတယ်။ ဗိုက်တာမင် စီ နဲ့ အေ ကတော့ ခရမ်းရောင်မုန်လာဥတွေမှာ အထူးကြွယ်ဝတယ်လို့ နာမည်ကြီးပါတယ်။

၄။ ခရမ်းရောင်ပန်းဂေါ်ဖီ

shutterstock_177949295.jpg 

ဂေါ်ဖီ မျိုးနွယ်ဝင်ဖြစ်တဲ့ ခရမ်းရောင် ပန်းဂေါ်ဖီဟာ ဂေါ်ဖီထုပ်ငယ်၊ ပန်းဂေါ်ဖီစိမ်း တို့နဲ့လည်း အမျိုးတော်ပါတယ်။ အန်သိုဆိုင်ယာနင် (anthocyanin)၊ ဗိုက်တာမင် ကေ၊ စီ နဲ့ ဘီစစ် တို့ မြင့်မားစွာ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်ကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ ဂေါ်ဖီမျိုးနွယ်ဝင်ဖြစ်တဲ့အတွက် ဝိတ်ကျစေဖို့အတွက်လည်း အထောက်အကူပြုနိုင်ပါတယ်။

၅။ မုန်လာဥနီ (ဗီတွတ်)

1296x728_BODY_13_Health_Benefits_of_Beetroot_Juice-lowerbloodpressure.jpg 

မုန်လာဥနီ (ဗီတွတ်) (Beetroots) ကတော့ မုန်လာဥနွယ်ဝင် အသီးအရွက်တစ်မျိုးဖြစ်ပြီး ဗိုက်တာမင် ဘီစစ်၊ အေ နဲ့ စီ တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သွေးတိုးခြင်းကို လျင်မြန်စွာ ကျဆင်းစေနိုင်တဲ့အတွက် သွေးတိုးရောဂါသည်တွေဆိုရင် ဗီတွတ်ဖျော်ရည်ကို သောက်သုံးပေးသင့်ပါတယ်။

ဒါ့အပြင် ၎င်းဟာ လျင်မြန်စွာ အားအင်ပြန်လည်ပြည့်ဝစေတဲ့ အားဖြည့်အချိုရည် တစ်မျိုးလည်း ဖြစ်ပါတယ်။ အံ့သြဖွယ် ဒီအသီးအနှံလေးဟာဆိုရင် တချို့ကင်ဆာရောဂါတွေကိုလည်း တိုက်ဖျက်နိုုင်ပါသေးတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ပြင်ပကို လျင်မြန်စွာ ပို့ဆောင်ပေးနိုင်တဲ့အတွက် အားကောင်းတဲ့ detox ဖျော်ရည်တစ်မျိုးအဖြစ်လည်း ထင်ရှားပါတယ်။

Source: Youngisthan

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က