တုပ်ကွေးဖြစ်နေချိန်မှာ အဲဒီအစားအစာတွေကို သွားစားမိရင် ရှိရင်းစွဲရောဂါကိုတောင် ပိုမိုဆိုးဝါးသွားစေနိုင်လို့ပါပဲ။

မိုးအကုန်၊ ဆောင်းအကူး ကာလလေးဟာလည်း တုပ်ကွေးဖြစ်နိုင်ခြေ ရှိတဲ့ အချိန်လေးပါ။ အခုလို ရာသီစပ်ကူးမတ်ကူးကာလမှာ တုပ်ကွေးရောဂါဖြစ်ပြီဆိုရင် စိတ်ရှုပ်ဖို့ကောင်းသလို မြန်မြန်ဆန်ဆန်လည်း ပျောက်ကင်းလိုကြမှာပါ။



 

ဒါဆိုရင်တော့ တုပ်ကွေး (သို့) အအေးမိရောဂါဖြစ်နေချိန်မှာ ရှောင်ကြဉ်သင့်တဲ့ အစားအစာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ တုပ်ကွေးဖြစ်နေချိန်မှာ အဲဒီအစားအစာတွေကို သွားစားမိရင် ရှိရင်းစွဲရောဂါကိုတောင် ပိုမိုဆိုးဝါးသွားစေနိုင်လို့ပါပဲ။

၁။ အချိုများတဲ့ အစားအစာတွေ

01_foods_make_cold_flu_worse_sweets_Peter-de-Kievith.jpg 

သကြားက အဆစ်အမြစ်ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သလို ခန္ဓာကိုယ်ထဲက သွေးဖြူဥဆဲလ်တွေကိုလည်း အားနည်းစေနိုင်ပါတယ်။ အဲဒီ သွေးဖြူဥဆဲလ်လေးတွေဟာ ခန္ဓာကိုယ်ထဲကို ပြင်ပက ပိုးမွှားကူးစက်ဝင်ရောက်ခြင်းတွေကို တိုက်ထုတ်ရာမှာ အရေးပါတဲ့အတွက် တုပ်ကွေးမိနေချိန်လို အားနည်းနေချိန်မျိုးမှာ အချိုများတဲ့ အစားအစာတွေကို မစားသုံးသင့်ပါဘူး။

ဒါကြောင့် တုပ်ကွေးမိလို့ ခံတွင်းပျက်နေတယ်ဆိုပြီး မိမိအနှစ်သက်ဆုံး ကိတ်မုန့်တွေ၊ ရေခဲမုန့်တွေကို တဝကြီး သွားမစားလိုက်ပါနဲ့ဦးနော်။ ရောဂါပိုဆိုးလာနိုင်လို့ပါ။

၂။ ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေ

02_foods_make_cold_flu_worse_simple_carbs_john-shepherd.jpg 

သကြားပါတဲ့ ဘီစကစ်မုန့်လေးတွေ၊ ထောပတ်ထူထူသုတ်ထားတဲ့ ပေါင်မုန့်ချပ်လေးတွေ၊ ဒါမှမဟုတ် အီတလီခေါက်ဆွဲပန်းကန်တွေကို လက်လှမ်းဖို့ ကြိုးစားနေတယ်ဆိုရင် လက်ကို အမြန်ပြန်ရုပ်လိုက်ပါ။ ပြန်လည်ပြင်ဆင်ထားတဲ့ ကာဘိုဟိုက်ဒရိတ်တွေဟာ ခန္ဓာကိုယ်ထဲမှာ သကြားအဖြစ် ပြန်လည်ကွဲထွက်သွားပြီး တခြားအချိုများတဲ့ အစားအစာတွေလိုပဲ ကိုယ်တွင်းမှာ သွေးတွင်း အချိုဓာတ်တွေ ဆောင့်တက်လာစေနိုင်မှာပါ။ ရလဒ်အနေနဲ့ အဆစ်အမြစ်ရောင်ရမ်းစေနိုင်သလို ဆီးချိုသမားတွေဆိုရင်လည်း အင်ဆူလင်တွေ ထိုးတက်လာနိုင်ပါတယ်။

၃။ အရက်

03_foods_make_cold_flu_worse_alcohol_Halfpoint.jpg 

တုပ်ကွေးမိနေရင် ဓာတ်ကြမ်းကုပေးရတယ်ဆိုတဲ့ အရပ်စကားတွေကို မေ့လိုက်ပါ။ သကြားလိုပါပဲ... အယ်လ်ကိုဟောပါဝင်တဲ့ အဖျော်ယမကာတွေဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်သလို သွေးဖြူဥဆဲလ်တွေကိုလည်း အားနည်းစေနိုင်ပါတယ်။

နောက်တစ်ခုက အယ်လ်ကိုဟောဟာ ရေဓာတ်ခမ်းခြောက်စေနိုင်ပါသေးတယ်။ တုပ်ကွေးမိနေချိန်လို အပူများပြီး ခန္ဓာကိုယ်က ရေဓာတ်တွေ နည်းလမ်းပေါင်းစုံနဲ့ ဆုံးရှုံးနေချိန်မျိုးမှာ သောက်သုံးဖို့ လုံးဝမသင့်တော်ပါဘူး။ နောက်ပြီး ဖျားနာနေချိန်မှာ ရေဓာတ်ပြည့်ဝနေဖို့က အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အရက်ကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။

၄။ အစပ်များတဲ့ အစားအစာတွေ

05_foods_make_cold_flu_worse_spicy_foods_martiapunts.jpg 

တချို့ကတွေးမိတတ်ကြတယ်။ တုပ်ကွေးမိလို့ နှာစေး၊ နှာပိတ်နေလို့ ရခိုင်မုန့်တီစပ်စပ်လေး၊ ဟော့ပေါ့ပူပူလေး သောက်လိုက်ရင် ပွင့်ထွက်သွားမယ်လို့။ တကယ်တမ်းမှာလည်း အအေးမိ၊ နှာပိတ်နေမယ်ဆိုရင် အစပ်များတဲ့ အစားအစာတွေက အသက်ရှူလမ်းကြောင်း ပိတ်ဆို့ခြင်းကို ပွင့်သွားစေမှာ အမှန်ပါပဲ။ ဒါပေမယ့် တုပ်ကွေးနဲ့အတူ အစာအိမ် မအီမသာဖြစ်ခြင်းပါ ရောယှက်နေမယ်ဆိုရင်တော့ အစပ်များတဲ့ အစားအစာတွေကို ဝေါင်ဝေါင်ကရှေးသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အစပ်များတဲ့ အစားအစာတွေက အစာအိမ်ကို ပိုမိုဆိုးဝါးစေနိုင်လို့ပါပဲ။

လူတိုင်းမဖြစ်မနေ လိုက်နာသင့်တဲ့ အစားအသောက်ဆိုင်ရာ စည်းမျဉ်းများ 

၅။ သံပုရာနွယ်ဝင် အသီးတွေ

06_foods_make_cold_flu_worse_citrus_Fruits_doga-yusuf-dokdok.jpg 

ဘယ်သူမဆို နေမကောင်းဖြစ်ရင် ချဉ်ချဉ်စပ်စပ် အရသာလေးတွေကို တောင့်တမိကြမှာပါပဲ။ ဆန်ပြုတ်ရေကျဲချည်းပဲ နေ့စဉ်သောက်နေရတာကို စိတ်ကုန်လာပြီး သံပုရာသီး၊ ရှောက်သီးလေးကို လေးစိတ်ခြမ်း၊ ငရုပ်သီးမှုန့်လေးနဲ့ နယ်ဖတ်စားချင်ကြမှာပါပဲ။

ဒါပေမယ့် လိမ္မော်သီး၊ စပျစ်သီးနဲ့ သံပုရာသီးတို့လို အချဉ်ဓာတ်များတဲ့ သီးနှံတွေက အစာအိမ်ကို မအီမသာဖြစ်စေပြီး ဗိုက်အောင့်စေနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ဝေဒနာနဲ့ ဆက်နွယ်ခြင်းမရှိရင်တော့ လိမ္မော်သီးစစ်စစ်ကို အရည်ညှစ်ပြီး သောက်သုံးပေးနိုင်ပါတယ်။

၆။ အဆီများတဲ့ အစားအစာတွေ

07_foods_make_cold_flu_worse_citrus_fatty_foods_ancell77.jpg 

ခံတွင်းပျက်နေချိန်မှာ KFC သို့ Lotteria က ဘာဂါလေးနဲ့ အာလူးကြော်ကို မတောင့်တမိတဲ့သူ ရှိမယ်မထင်ပါဘူး။ ဒါပေမယ့် အဲဒီလို အဆီပါဝင်မှုများပြားတဲ့ အစားအသောက်တွေက အဆစ်အမြစ် ရောင်ရမ်းခြင်းကို ဖြစ်စေပြီး ကိုယ်ခံအားစနစ်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။

ဒါ့အပြင် ကာဘိုဟိုက်ဒရိတ်နဲ့ ပရိုတိန်း ပါဝင်မှုများပြားခြင်းတို့ကြောင့် အစာခြေရလည်း ခက်ခဲပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ခံအားနည်းနေတဲ့အချိန်မှာ ကိုယ်ခံအားကိုလည်း ပိုမိုလျော့နည်းစေမယ့် အစားအစာတွေကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

Source: Reader's Digest

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က