မြန်မာလူမျိုးတွေ ငါးပိရည်မပါရင် ထမင်းစားရတာ မမြိန်သလိုမျိုးပဲ။ ကိုရီးယားလူမျိုးတွေဟာလည်း ကင်ချီမပါရင် ထမင်းစားလို့ မဝင်ပါဘူး။

ကိုရီးယားအစားအစာ နှစ်သက်သူတိုင်း သိမယ့်အရာတစ်ခုကတော့ ကင်ချီ (Kimchi) ပါ။ မြန်မာလူမျိုးတွေ ငါးပိရည်မပါရင် ထမင်းစားရတာ မမြိန်သလိုမျိုးပဲ။ ကိုရီးယားလူမျိုးတွေဟာလည်း ကင်ချီမပါရင် ထမင်းစားလို့ မဝင်ပါဘူး။

 

ကင်ချီမျိုးကွဲပေါင်းများစွာ ရှိတဲ့ထဲကမှ ယနေ့ဖော်ပြပေးမှာကတော့ သစ်သီးလေးတွေကိုပါ ရောစပ်ပြုလုပ်ထားတဲ့ သစ်သီးကင်ချီလေးပါပဲ။ အရည်စပ်စပ်လေးလည်း ပါတော့ ဗမာတွေရဲ့ ခံတွင်းနဲ့လည်း အစပ်အဟပ်တည့်မှာ အသေအချာပါပဲ။

ပါဝင်ပစ္စည်းများ

nabak-kimchi-ingredients-593x650.jpg 

ပါဝင်ပစ္စည်းတွေကတော့... မုန်လာထုပ် (၃) ပေါင်၊ ကိုရီးယားမုန်လာဥ (၁) ပေါင်၊ အင်္ဂလိပ်သခွားသီး (၁)လုံး၊ ကြက်သွန်နီ ခွက်ဝက်ခန့်၊ ကြက်သွန်မြိတ် (၅) ပင်ခန့်၊ အစိမ်းရောင် ငရုပ်သီး (၂) လုံး၊ အနီရောင် ငရုပ်သီး (၁) လုံး၊ ပန်းသီး (၁) လုံး၊ ကိုရီးယား ပန်းသစ်တော်သီး (၁) လုံး၊ မုန်လာဥနီ (၃) လုံး၊ ကြက်သွန်ဖြူ (၃) လုံး၊ ချင်း (ဂျင်း) တက် တစ်တောင့်ခန့်၊ ပင်လယ်ဆားအနည်းငယ်၊ ရေအေး (၁၀) ခွက်ခန့်နဲ့ ကိုရီးယား အရောင်တင်ငရုပ်သီးမှုန့် လက်ဖက်ရည်ဇွန်း (၂) ဇွန်းခန့် တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

nabak-kimchi-cabbage-salting-620x349.jpg 

အရင်ဆုံး မုန်လာထုပ်နဲ့ ကိုရီးယားမုန်လာဥကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ မုန်လာထုပ်လေးတွေကို အနေတော် အစိတ်လေးတွေ ဖြစ်အောင် စိတ်ပြီး အရင်းပိုင်းကိုတော့ ဖြတ်ထုတ်လိုက်ပါ။ ပြီးရင် တစ်လက်မခွဲအရွယ်အစိတ်လေးတွေဖြစ်အောင် ထပ်မံစိတ်ပိုင်းလိုက်ပါ။

ပြီးရင် ရလာတဲ့ မုန်လာထုပ်လေးတွေကို ပန်းကန်ကြီးတစ်လုံးထဲမှာ ထည့်ထားလိုက်ပါ။ မုန်လာထုပ်တွေ ထည့်ထားတဲ့ ပန်းကန်ကြီးထဲကို ရေ (၃) ခွက်ရယ်၊ ဆား လက်ဖက်ရည်ဇွန်း (၃) ဇွန်းရယ်ထည့်ပြီး လက်နဲ့ သမသွားအောင် ရောနယ်ပေးလိုက်ပါ။ ပြီးရင်တော့ မိနစ် (၃၀) လောက် စိမ်ထားလိုက်ပါ။ မိနစ် (၃၀) ပြည့်ရင် ထက်အောက်လှန်ပေးပြီး နောက်ထပ် မိနစ် (၃၀) လောက် စိမ်ထားပေးလိုက်ပါ။

 

အဲဒီလို စိမ်ထားချိန်မှာ ကိုရီးယားမုန်လာဥလေးတွေကို တစ်ကိုက်စာအတုံးလေးတွေဖြစ်အောင် လှီးစိတ်ပေးလိုက်ပါ။ ပြီးရင် သူတို့ကိုလည်း ပန်းကန်တစ်လုံးထဲထည့်ပြီး ဆားတစ်ဇွန်းစာလောက်နဲ့ တစ်နာရီခန့် စိမ်ထားပေးလိုက်ပါ။

ပြီးရင်တော့ မုန်လာထုပ်ကို ရေအေးနဲ့ အကြိမ်အနည်းငယ်ပြန်ဆေးပြီး ဆားတွေပြောင်စင်သည်အထိ ဆေးကြောပေးလိုက်ပါ။ ဆားတွေပြောင်စင်သွားပြီဆိုရင် ဇကာအကြီးတစ်လုံးထဲ ပြောင်းထည့်ပေးလိုက်ပါ။ ပြီးရင်တော့ ကင်ချီစလုပ်လို့ရပါပြီ။

ကင်ချီစလုပ်မယ်

nabak-kimchi-salting-650x409.jpg 

ကင်ချီလုပ်တော့မယ်ဆိုရင် အရင်ဆုံး မုန်လာဥနီရယ်၊ ကင်ချီစိမ်တဲ့ ဆားရည်ရယ်ကို ကင်ချီစိမ်မယ့် ဇလုံအကြီးကြီးတစ်လုံးထဲမှာ စောနက မုန်လာထုပ်ဖတ်တွေနဲ့အတူ ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ သခွားသီး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ အစိမ်းရောင်ငရုပ်သီး၊ အနီရောင်ငရုပ်သီး၊ ပန်းသီး၊ ပန်းသစ်တော်သီးနဲ့ ဂျင်းတို့ကိုပါ အစိတ်သေးသေးလေးတွေဖြစ်အောင် လှီးပြီး ရောထည့့်ပေးလိုက်ပါဦး။ လက်အိတ်မစွပ်ချင်ရင် လက်နှစ်ဖက်ကို ရေစင်အောင်ဆေးပြီး ပါဝင်ပစ္စည်းအားလုံးကို သမအောင် ရောနယ်ပေးနိုင်ပါတယ်။

လူတိုင်းမဖြစ်မနေ လိုက်နာသင့်တဲ့ အစားအသောက်ဆိုင်ရာ စည်းမျဉ်းများ 

နယ်လို့ဝပြီဆိုရင်တော့ ရေ (၁၀) ခွက်လောက်နဲ့ ဆားအနည်းငယ်ကို တခြားဇလုံကြီး (သို့) ဇလားတစ်လုံးထဲမှာထည့်ပြီး ဆားရည်ဖြစ်အောင် မွှေပေးလိုက်ပါ။ အဝတ်ပါးတစ်ထည်ထဲမှာ ကိုရီးယား အရောင်တင် ငရုပ်သီးမှုန့်ကိုထည့်ပြီး ဆားရည်ထဲမှာစိမ်လိုက်၊ ပြန်ညှစ်လိုက်နဲ့ နောက်ဆုံး ဆားရည်ကို ပန်းရောင်သမ်းသွားသည်အထိ အရောင်တင်ပေးလိုက်ပါ။ ငရုပ်သီးမှုန့်တွေကိုတော့ ထည့်ဖို့ မလိုပါဘူး။

 

ပြီးရင် ရလာတဲ့ ပန်းရောင်ဆားရည်ကို ခုနက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေထည့်ထားတဲ့ ဇလုံကြီးထဲလောင်းထည့်ပြီး သစ်သားယောက်မတစ်ချောင်းနဲ့ မွှေပေးလိုက်ပါ။ ပြီးရင်တော့ ပါဝင်ပစ္စည်းအားလုံးကို လေလုံတဲ့ဘူး (သို့) ဖန်ပုလင်းတွေထဲကိုပြောင်းထည့်ပြီး အချဉ်သိပ်ပေးနိုင်ပါပြီ။

 

တခြားကင်ချီတွေနဲ့ မတူတဲ့အချက်က သစ်သီးကင်ချီကို အချဉ်တည်တဲ့ထိ မစောင့်ဘဲ ချက်ချင်းစားလို့လည်းရပါတယ်။ ဒါမှမဟုတ်ရင်လည်း အချဉ်ပေါက်သည်အထိ (၂) ရက်၊ (၃) ရက် တည်ပြီးမှ စားလို့လည်းရပါတယ်။ မိမိနှစ်သက်သလို ရွေးချယ်သုံးဆောင်နိုင်ပါတယ်။ ကင်ချီ အချဉ်ပေါက်ပြီဆိုရင်လည်း ရေခဲသေတ္တာထဲ ထည့်သိမ်းပြီး စားလို့လည်းရပါတယ်။

တစ်ခုရှိတာက တခြားကင်ချီတွေလိုတော့ ရက်အကြာကြီးထားဖို့ မသင့်ဘဲ အချဉ်စိမ်ပြီး ရက်သတ္တပတ်အနည်းငယ်ကြာရင် ကုန်အောင်စားပစ်သင့်ပါတယ်။ မဟုတ်ရင် အရွက်တွေက ရိချွဲချွဲနဲ့ စားလို့ အဆင်ပြေမှာ မဟုတ်ပါဘူးနော်။ မိမိနှစ်သက်ရာ ထမင်း (သို့) ခေါက်ဆွဲနဲ့ တွဲဖက်စားသုံးနိုင်ပါပြီနော်။

Source: Maangchi

 

Share

Loading Next Article...
က္က