လုပ်ငန်းခွင် စိတ်ဖိစီးမှုကြောင့်ပဲဖြစ်ဖြစ်၊ အသည်းကွဲလို့ပဲဖြစ်ဖြစ် ညဘက်အိပ်မရဘဲ လူကဂိနေတဲ့အခါ နောက်တစ်နေ့မှာ အလုပ်လုပ်ရတာလည်း စိတ်မပါ၊ လူကလည်း အားအင်ချိနဲ့ပြီး နေမထိ ထိုင်မသာ ဖြစ်နေတတ်ပါတယ်။



 

ညအိပ်မပျော်ခြင်းရဲ့ အကျိုးဆက်တွေအဖြစ် ပြင်းထန်တဲ့ ခေါင်းကိုက်ခဲခြင်း ဝေဒနာကိုလည်း ခံစားနေရတတ်ပါတယ်။ အဲဒီလိုမျိုး ဖြစ်နေရင်တော့ မပူပါနဲ့ဦး။ အစာစားခြင်းဟာ လူကိုပျော်ရွှင်စေတဲ့အတွက် ဒီအစားအစာလေးတွေကို ထည့်သွင်းစားသုံးပေးရုံပါပဲ။

၁။ ကြက်ဥ

household-uses-for-egg-whites.jpg 

ကြက်ဥတွေဟာ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို အလျင်အမြန် ဖြည့်ဆည်းပေးနိုင်ပါတယ်။ ညဘက် အိပ်မပျော်ဘဲ နောက်နေ့ ဂိနေရင် မနက်စာထဲမှာ ကြက်ဥကို ထည့်သွင်းစားသုံးဖို့ အသင့်တော်ဆုံးပါပဲ။

၂။ ငှက်ပျောသီး

bananasf.jpg 

အားလုံးလည်း သိထားကြပြီး ဖြစ်တဲ့အတိုင်း ငှက်ပျောသီးစားခြင်းဟာ အားအင်ကုန်ခမ်းမောပန်းခြင်းကို လျော့ပါးစေနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်နဲ့ ဗိုက်တာမင်တွေဟာ အိပ်ရေးပျက်ခြင်းကြောင့် ကုန်ခမ်းသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ငှက်ပျောသီးထဲမှာမှ ဖီးကြမ်းငှက်ပျောသီးက အကောင်းဆုံး အာနိသင်ကို ပေးစွမ်းနိုင်ပါတယ်။

၃။ ဒိန်ချဉ်

yogurt.jpg 

ဒိန်ချဉ်ထဲမှာမှ မလိုင်တွေ၊ အနှစ်တွေ များလွန်းတဲ့ ဒိန်ချဉ်ထက် သကာရည်ထုတ်ပြီးသား ဂရိဒိန်ချဉ်မျိုးကို ဦးစားပေးရွေးချယ်သင့်ပါတယ်။ ဂရိဒိန်ချဉ်လေးကို သစ်သီးလေးတွေအုပ်ပြီး စားပေးလိုက်မယ်ဆိုရင် အိပ်ရေးပျက်ခြင်းကြောင်း ညီးစီစီဖြစ်နေမှုကို ပျောက်ကင်းသက်သာစေပါတယ်။

See also :  

၄။ ငါး

Fish.jpg 

ငါးတိုင်းတော့ မဟုတ်ပါဘူး။ အသားနဲ့ အဆီဓာတ် ကြွယ်ဝတဲ့ ငါးတွေဖြစ်တဲ့ တူနာတို့၊ ဆယ်လ်မွန်တို့လို ငါးတွေဟာ ခန္ဓာကိုယ်အတွက် ကုန်ခမ်းသွားတဲ့ စွမ်းအင်တွေနဲ့ အိပ်ရေးပျက်ခြင်းကို ပြန်လည် အစားထိုးနိုင်ပါတယ်။ ဒါ့အပြင် အဲဒီငါးတွေဟာ ဗိုက်တာမင်ဘီစစ်လို ဗိုက်တာမင်တွေလည်း ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်အတွက် အထူးကောင်းမွန်ပါတယ်။

၅။ ချယ်ရီသီး

cherryjuice.jpg 

ချယ်ရီသီး နီနီရဲရဲလေးတွေမှာလည်း အရသာကောင်းမွန်ခြင်းအပြင် အားအင်ပြန်လည်ပြည့်ဝစေခြင်းတွေပါ ပါရှိနေပါတယ်။ ဒါ့အပြင် ချယ်ရီသီးမှာ melatonin ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ညအိပ်ယာမဝင်ခင် ချယ်ရီသီးဖျော်ရည်တစ်ခွက် သောက်သုံးပေးမယ်ဆိုရင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျစေမှာပါ။

၆။ ဖရဲသီး

00-biggest-watermelon-in-world-01-13-08-14.jpg 

ကမ္ဘာပေါ်မှာ ရေဓာတ်ပါဝင်မှု အများဆုံးသီးနှံတစ်မျိုးဖြစ်တဲ့ ဖရဲသီးဟာ အိပ်ရေးပျက်ခြင်းကြောင့် ခေါင်းကိုက်ခဲမှု ဝေဒနာကို သက်သာလျော့ပါးစေနိုင်ပါတယ်။ ညဘက် အိပ်ရေးပျက်ရင် ဦးနှောက်ထဲကို အောက်ဆီဂျင်လုံလောက်စွာ မရရှိတဲ့အတွက် ခေါင်းကိုက်ခေါင်းခဲခြင်း ဝေဒနာကို ခံစားရတာပါ။ အောက်ဆီဂျင်မလုံလောက်တဲ့အတွက် ရေဓာတ်ခမ်းခြောက်ခြင်းလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရေဓာတ်ကြွယ်ဝတဲ့သီးနှံလေးတွေ ပြန်စားပေးခြင်းက ပြဿနာကို ဖြေရှင်းပေးနိုင်မှာပါ။

၇။ သခွားသီး

1671246-poster-1280-why-shrink-wrap-a-cucumber.jpg 

သခွားသီးကိုလည်း အထင်မသေးလိုက်ပါနဲ့ဦး။ ဖရဲသီးလိုပဲ သခွားသီးဟာလည်း ရေဓာတ်ကြွယ်ဝတဲ့ သီးနှံတစ်မျိုးပါ။ တိတိကျကျပြောရရင် သခွားသီးရဲ့ (၉၇) ရာခိုင်နှုန်းလောက်က ရေဓာတ်ဖြစ်တဲ့အတွက် ခေါင်းကိုက်ခြင်းကို တစ်ခဏအတွင်း သက်သာပျောက်ကင်းစေနိုင်ပါတယ်။ သခွားသီးကို ဒီတိုင်း အစိမ်းစားလို့ရသလို သံလွင်ဆီ၊ ရှာလကာရည်၊ ငရုပ်ကောင်းမှုန့်တို့နဲ့လည်း ရောပြီးသုတ်စားလို့ ရပါသေးတယ်။

Source: Youngisthan

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က