ကမ္ဘာပေါ်မှာ ဒေါ်လာ ထောင်နဲ့ချီပြီး တန်ကြေးှရှိတဲ့ ဘာဂါတွေရှိနေသေးတယ် ဆိုတာကိုလည်း မမေ့ပါနဲ့ဦးနော်။

KFC တို့၊ Lotteria တို့မှာ ဘာဂါတစ်လုံး (၃) (၄) ထောင်ပေးရတာကို ဈေးကြီးလှပြီ ထင်နေတာလား။ ဒါဆိုရင် ကမ္ဘာပေါ်မှာ ဒေါ်လာ ထောင်နဲ့ချီပြီး တန်ကြေးှရှိတဲ့ ဘာဂါတွေရှိနေသေးတယ် ဆိုတာကိုလည်း မမေ့ပါနဲ့ဦးနော်။ တကယ့် ဘာဂါချစ်သူတွေအတွက် ရည်စူးပြုလုပ်ထားပြီး တစ်လုံးကို အနည်းဆုံး ဒေါ်လာ ရာဂဏန်းဝန်းကျင်ရှိတဲ့ ဟမ်ဘာဂါတွေကို အောက်မှာ စုစည်းဖော်ပြ ပေးထားပါတယ်။

၁။ The FleurBurger (တန်ဖိုး- ဒေါ်လာ ငါးထောင်)

1-The-FleurBurger-Price-5.000-Enjoy-One-of-the-Most-Expensive-Burgers-in-the-World-via-thesquander.com_.jpg 

ကမ္ဘာ့ဈေးအကြီးဆုံး ဘာဂါစာရင်းမှာ ထိပ်ဆုံးကရပ်တည်နေတာကတော့ The FleurBurger ပဲဖြစ်ပါတယ်။ ဒီဘာဂါကို အမေရိကန် နိုင်ငံ၊ လတ်စ်ဗီးဂတ်စ်မြို့က Fleur စားသောက်ဆိုင်မှာ ပြုလုပ်ရောင်းချတာဖြစ်ပြီး စားဖိုမှူး Hubert Keller ရဲ့လက်ရာ ဖြစ်ပါတယ်။

ဘာဂါထဲမှာ ကမ္ဘာ့အကောင်းဆုံးအမဲသားတစ်မျိုးလို့ သတ်မှတ်ထားကြတဲ့ Wagyu အမဲသား၊ ဘဲငန်းရဲ့အသည်းနဲ့ ပြုလုပ်ထားတဲ့ foie gras ၊ အကောင်းဆုံး မှိုပေါင်မုန့်၊ အမဲရောင်မြေအောင်းမှိုတို့ကို ထည့်သွင်းပြုလုပ်ထားပါတယ်။ ဒါ့အပြင် ၁၉၉၅ ခုနှစ်က Chateau Petrus ဝိုင်တစ်ပုလင်းရယ်၊ ရိုးရာ ပြင်သစ်အာလူးချောင်းကြော်တို့နဲ့လည်း တွဲဖက်ထားပါသေးတယ်။

၂။ The absolutely Ridiculous Burger (တန်ဖိုး - ဒေါ်လာ နှစ်ထောင်)

2-The-Absolutely-Ridiculous-Burger-Price-1.999-Enjoy-One-of-the-Most-Expensive-Burgers-in-the-World-via-complex.com_.jpg 

နာမည်ကြည့်ရုံနဲ့ ဖျားချင်စရာပါပဲ။ ဆိုဒ်ကိုတွေ့ရင် ပိုပြီးဖျားမိမှာပါ။ Mallies Sports Grill & Bar ရဲ့ လက်ရာတစ်ခုဖြစ်တဲ့ The absolutely Ridiculous Burger ဟာ အလေးချိန် (၃၃၈.၆) ပေါင် ရှိပါတယ်။ တန်ဖိုးအားဖြင့် ဒေါ်လာနှစ်ထောင် တန်ကြေးရှိတဲ့ ဒီဘာဂါမှာ ဘေကွန်အသားဆားနယ် ပေါင် (၃၀)၊ ခရမ်းချဉ်သီး ပေါင် (၃၀)၊ ဆလပ်ရွက် (၁၅) ပေါင်၊ ဒိန်ခဲ (၃၆) ပေါင်တို့နဲ့ ပြုလုပ်ထားပါတယ်။

ဒီဘာဂါတစ်လုံးမှာ ကယ်လိုရီ ဘယ်လောက်များပါဝင်မယ်လို့ ထင်ပါသလဲ။ ကယ်လိုရီ (၅) သိန်း ကျော်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီကိန်းဂဏန်းတွေက လန့်စရာကောင်းတာတော့ အမှန်ပါပဲ။ ဟုတ်တယ်ဟုတ်။

၃။ The 777 Burger (တန်ဖိုး- ၇၇၇ ဒေါ်လာ)

3-The-777-Burger-Price-777-Enjoy-One-of-the-Most-Expensive-Burgers-in-the-World-via-refinedguy.com_.jpg 

လက်ကီးဆဲဗင်းလေးတွေနဲ့ ပြည့်နှက်နေတဲ့ ဘာဂါလေးတစ်လုံးပါ။ ပြုလုပ်သူတွေကတော့ ဒီဘာဂါကို ကမ္ဘာ့ဈေးအကြီးဆုံး ဘာဂါဖြစ်တဲ့ the FleurBurger ရဲ့ တန်ဖိုးနည်းဗားရှင်းဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် အခင်းအကျင်းကတော့ ဘာမှမဆိုင်ပါဘူး။ The Fleurburger ကို ၁၉၉၅ ခုနှစ်က Chateu Petrus ဝိုင်ပုလင်းနဲ့ တွဲဖက်ထားတယ်ဆိုပေမယ့် 777 ဘာဂါ ကိုတော့ Dom Perignon ချန်ပိန်ပုလင်းနဲ့ပဲ တွဲဖက်ထားပါတယ်။

လတ်စ်ဗီးဂတ်စ်မြို့က Le Burger Brassiere စားသောက်ဆိုင်မှာ ပြုလုပ်ထားတဲ့ 777 ဘာဂါမှာ ကမ္ဘာ့အကောင်းဆုံး အမဲသားတစ်မျိုးဖြစ်တဲ့ Kobe အမဲသား၊ နှစ် (၁၀၀) သက်တမ်းရှိပြီဖြစ်တဲ့ ဆီမွှေး ရှာလကာရည်၊ ပြင်သစ်ဒိန်ခဲပျော့၊ ကြွပ်ရွတဲ့ အီတလီဝက်ပေါင်ခြောက်၊ ကျောက်ပုစွန်နဲ့ မီးသင်းသကြားအုပ်ထားတဲ့ ကြက်သွန်နီတို့ ပါဝင်ပါတယ်။

သမီးရည်းစားတွေ လမ်းခွဲပြတ်စဲရတဲ့ အကြောင်းရင်းများ 

၄။ The 666 Douche Burger (တန်ဖိုး- ၆၆၆ ဒေါ်လာ)

4-The-666-Douche-Burger-Price-666-Enjoy-One-of-the-Most-Expensive-Burgers-in-the-World-via-bloomberg.com_.jpg 

နယူးရော့ခ်မြို့က 666 ဘာဂါဆိုင်မှာပြုလုပ်ထားတဲ့ ဒီဟမ်ဘာဂါလေးကတော့ ရွှေစက္ကူ (၆) လွှာနဲ့ ထုပ်ပိုးထားတဲ့အတွက် အလိုလို ဈေးကြီးနေပါပြီ။ ဒါပေမယ့် ပါဝင်ပစ္စည်းတွေရဲ့ တန်ဖိုးကလည်း မသေးလှပါဘူး။ အကောင်းစား kobe အမဲသား၊ ဘဲငန်းအသည်းနဲ့ ပြုလုပ်ထားတဲ့ foie gras ၊ ဆွစ်ဇာလန်နိုင်ငံက ထွက်တဲ့ Gruyere ဒိန်ခဲ၊ ချန်ပိန်၊ ကျောက်ပုစွန်၊ ငါးဥ၊ မြေအောင်းမှို တို့ကို ပေါင်းစပ်ပြုလုပ်ထားတာပါ။ ဒါတင်မကသေးပါဘူး။ ကမ္ဘာ့ဈေးအကြီးဆုံး ကော်ဖီစေ့ဖြစ်တဲ့ Kopi Luwak ကော်ဖီစေ့နဲ့ ပြုလုပ်ထားတဲ့ ဘာဘီကျူးဆော့စ်လည်း ပါဝင်ပါသေးတယ်။

ရယ်စရာကောင်းတဲ့အရာတစ်ခု ကျန်ပါသေးတယ်။ အဲဒါကတော့ ဘာဂါကို ဒေါ်လာ (၁၀၀) တန် ငွေစက္ကူ (၃) ရွက်နဲ့ ထုပ်ပိုးထားတာပါ။ 666 ဘာဂါဆိုင်ပိုင်ရှင်ကတော့ ဘာကြောင့် သူခုလို လုပ်ရတယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။ "ဒီဘာဂါကို Douche (လူယုတ်မာ) လို့ခေါ်တာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ခင်ဗျား ဒီဘာဂါကို စားပြီးရင် ဆီတွေပေကျံနေတဲ့ ဒေါ်လာ (၃၀၀) ကို ကြည့်ပြီး ဘာလုပ်ရမလဲဆုံးဖြတ်ရပါမယ်။ လွှင့်ပစ်ရမှာလည်း အဆီတဝင်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ်ဆိုတာမျိုးပေါ့" လို့ သူက ကြေညာခဲ့ပါတယ်။

၅။ Le Burger Extravagant (တန်ဖိုး- ၂၉၅ ဒေါ်လာ)

5-Le-Burger-Extravagant-Price-295-Enjoy-One-of-the-Most-Expensive-Burgers-in-the-World-via-buzzkeep.com_.jpg 

နာမည်နဲ့လိုက်အောင်ပဲ ဒီဘာဂါက တကယ်ကို ခမ်းနားပါတယ်။ ဒေါ်လာ (၃၀၀) နီးပါးတန်ကြေးရှိတဲ့ ဒီဘာဂါကို အပေါ်ကနေ စိန်စီထားတဲ့ ရွှေသွားကြားထိုးတံတစ်ချောင်းနဲ့ ထိုးထားတာပါ။ ဒါတင်မကသေးပါဘူး။ အထဲမှာ အကောင်းစား ဂျပန် waygu အမဲသား၊ အဖြူရောင်မြေအောင်းမှို ထောပတ်အနှစ်၊ ငါးဥ၊ ငုံးဥကြော်၊ ပင်လယ်ဆား၊ (၁၈) လ သက်တမ်းရှိတဲ့ အဝါရောင်ဒိန်ခဲမာ၊ သန့်စင်ပြီး အမဲရောင်မြေအောင်းမှိုတို့နဲ့ ထည့်သွင်းပြုလုပ်ထားပါသေးတယ်။ ဒီဘာဂါကို ဝယ်စားချင်ရင်တော့ နယူးရော့ခ်မြို့က Serendipity 3 မှာ ဝယ်ယူနိုင်ပါတယ်။

Source: alux

 

Share

Loading Next Article...
က္က