ငှက်သိုက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးနဲ့ အမျိုးသမီးတွေအတွက် ဘာလို့ကောင်းတယ်ဆိုတာ မဒီလေးတွေအားလုံး သိချင်နေကြမှာပါနော်။

ငှက်သိုက်ကို အမျိုးသမီးတွေရဲ့ အကောင်းဆုံးအဖော်မွန်တစ်ယောက်လို့လည်း ပြောကြတယ်။ လူမမာတွေဆိုရင်လည်း ငှက်သိုက်သောက်ပေးရင် အားအင်ပြန်လည်ပြည့်ဝစေတယ်လို့လည်း ဆိုကြပါတယ်။ ဒါပေမယ့် ငှက်သိုက်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးနဲ့ အမျိုးသမီးတွေအတွက် ဘာလို့ကောင်းတယ်ဆိုတာ မဒီလေးတွေအားလုံး သိချင်နေကြမှာပါနော်။

 

တကယ်တော့ အမျိုးသမီး အများစုမှာ ငှက်သိုက်ပုံမှန်သောက်ပေးတဲ့ ဦးရေကတော့ အလွန်နည်းပါးနေပါသေးတယ်။ ဒါဟာလည်း ငှက်သိုက်ရဲ့ အကျိုးကျေးဇူးတွေကို မသိကြသေးလို့ပါ။ အမျိုးသမီးတွေအတွက် ငှက်သိုက် ပုံမှန်သောက်သုံးပေးခြင်းရဲ့ အကျိုးကျေးဇူးတွေကတော့...

၁။ အသားအရေဖြူစင်ချောမွေ့စေတယ်

Asian-woman-1-660x330_1024x1024.jpg 

အသားအရေလှတဲ့ မိန်းကလေးဆိုတာ တခြားအားနည်းချက်လေးတွေ ရှိနေရင်တောင် ကြည့်လို့ကောင်းနေမှာပါ။ ဒါကြောင့်လည်း ဖြူစင်ချောမွတ်တဲ့ အသားအရေလေးကို မိန်းကလေးတိုင်း မျှော်လင့်တောင့်တကြတာပါ။ အမှန်တော့ မိန်းကလေးတွေရဲ့ အသားအရေကို ဖြူဖွေးချောမွေ့စေတဲ့ သဘာဝနတ်ဆေးရည်လေးကတော့ အနီးအနားမှာပဲ ရှိနေပါတယ်။ အဲဒါကတော့ ငှက်သိုက်ပါပဲ။

သုတေသနတွေအရတော့ ငှက်သိုက်ထဲမှာ EGF (Epidermal Growth Factor= အရေပြားဆဲလ်ဖွံံ့ဖြိုးနှုန်း) ဆိုတဲ့ အရာတစ်မျိုးပါဝင်ပြီး အဲဒီအရာဟာ လူ့ခန္ဓာကိုယ် အရေပြားဆဲလ် ဖွံ့ဖြိုးမှုနဲ့ ပွားများစေမှုကို ကူညီလုပ်ဆောင်ပေးနိုင်ပါတယ်။ နောက်ပြီး EGF ဟာ အရေပြားဆဲလ်တွေကို အရွယ်တင်စေတဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်ပါသေးတယ်။ ဒါကြောင့် ငှက်သိုက် နေ့စဉ် သောက်ပေးမယ်ဆိုရင် အသားအရေလေးကို ဖြူစင်ချောမွေ့နေစေမှာပါ။

၂။ အရွယ်တင်စေတယ်

Mother_and_Daughter_large.jpg 

စကားပုံတစ်ခုရှိပါတယ်။ လောကမှာ ရုပ်ဆိုးတဲ့မိန်းမ မရှိပါဘူး။ အပျင်းကြီးတဲ့ မိန်းမပဲရှိပါတယ် တဲ့။ မိမိကိုယ်မိမိ ဆွဲဆောင်မှုရှိအောင် ဘယ်လိုလုုပ်ရမယ်ဆိုတာကို သိရင် မိန်းကလေးတိုင်းဟာ ဆွဲဆောင်မှုရှိရှိ လှပနေမှာပါ။ မသိသူကျော်သွား၊ သိသူဖော်စား ဆိုတဲ့အတိုင်း အလှအပရေးရာမှာ ကူညီပေးနိုင်တဲ့ ငှက်သိုက် ရှိနေပါသေးတယ်။

ငှက်သိုက်မှာ အရေပြားကို ကျန်းမာနုပျိုစေပြီး အရွယ်တင်စေတဲ့ ဂုဏ်သတ္တိတွေလည်း ပါဝင်တာကြောင့် အသက်အရွယ်ကြီးရင့်တဲ့ အမျိုးသမီးတွေ ငှက်သိုက်ကို ပုံမှန်မှီဝဲပေးမယ်ဆိုရင် အရေပြားဆဲလ်လေးတွေ ကျန်းမာနုပျိုပြီး ရှိရင်းစွဲ အသက်ထက် ငယ်တယ်လို့ အထင်ခံရစေမှာပါ။

See also :  

၃။ သဘာဝဗိုက်တာမင်နဲ့ သတ္ထုဓာတ် အားဖြည့်ဆေး

5_large.jpg 

အမျိုးသမီးတွေအတွက် ဗိုက်တာမင်နဲ့ သတ္ထုဓာတ်က ဘယ်လောက်အရေးကြီးတယ်ဆိုတာကို သိထားကြပြီးဖြစ်မှာပါနော်။ အဲဒီလို အရေးကြီးတဲ့ အာဟာရဓာတ်တွေကို ဖြည့်တင်းဖို့ အားဆေးတွေ၊ အစားအစာမျိုးစုံကိုလည်း လိုက်လံရှာဖွေမှီဝဲနေဖို့ မလိုပါဘူး။ ငှက်သိုက်ထဲမှာ ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ ပရိုတိန်းနဲ့ အမိုင်နိုအက်ဆစ်တွေ စုံလင်ကြွယ်ဝစွာ ပါဝင်နေပါတယ်။

တကယ်တော့ ပရိုတိန်းဆိုတာ သွေး၊ ကြွက်သား၊ တစ်ရှူးနဲ့ အရေပြားတို့ တည်ဆောက်ရေးမှာ မဖြစ်မနေ အရေးပါတဲ့အတွက် ပရိုတိန်းကြွယ်ဝတဲ့ အစားအစာတွေကို မှီဝဲခြင်းက မမှားပါဘူး။ ဒါ့အပြင် ငှက်သိုက်ထဲမှာ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်တို့လည်း ကြွယ်ဝစွာပါဝင်နေပါသေးတယ်။

၄။ မိမိကိုယ်ကိုယ် ယုံကြည်မှုကို တိုးတက်စေတယ်

YoonA_large.jpg

အမျိုးသမီးတွေရဲ့ အလှတရားကို ထပ်ဆောင်းပေးနိုင်တဲ့ အရာတစ်မျိုးကတော့ မိမိကိုယ်ကိုယ် ယုံကြည်မှုပါပဲ။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ ဆွဲဆောင်မှုရှိရှိ လှပနေတာတော့ အမှန်ပါပဲ။ အဲဒီလို မိမိကိုယ်ကိုယ် ယုံကြည်မှုရှိချင်ရင် အရွယ်တင်နုပျိုတဲ့ မျက်နှာလေး၊ ဖြူစင်ချောမွေ့တဲ့ အသားအရေတို့ကို ပိုင်ဆိုင်ထားဖို့လည်း လိုအပ်ပါတယ်နော်။

ငှက်သိုက်ကို ပုံမှန်မှီဝဲပေးခြင်းဟာ အဲဒီအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ရုံသာမက စိတ်ပိုင်းဆိုင်ရာကိုလည်း မြှင့်တင်ပေးနိုင်လို့ မိမိကိုယ်ကိုယ် ယုံကြည်မှုကိုလည်း မြင့်တက်စေနိုင်ပါတယ်နော်။

ှSource: xinyan

 

Share

Loading Next Article...
က္က