အီတလီလူမျိုး ရှေ့နေတစ်ဦးဖြစ်တဲ့ Maurizio Morelli ဟာ ကမ္ဘာ့ဈေးအကြီးဆုံးပီဇာကို ဒေါ်လာ (၄၂၀၀) နဲ့ ဝယ်ယူခဲ့ပါတယ်။

Pizza Company တို့၊ Pizza Hut တို့လို ပီဇာဆိုင်တွေ မြို့ကြီးတွေမှာ ဖွင့်လှစ်လာခဲ့ပြီးနောက် ဒီ အီတလီအစားအစာလေးဟာ မြန်မာ့လျှာ၊ မြန်မာ့ခံတွင်းနဲ့လည်း အစပ်အဟပ်တည့်လာပါတယ်။ ဂျုံမုန့်သားပေါ်မှာ အဆာပလာမျိုးစုံနဲ့ ပြုလုပ်စီမံထားလို့ ပီဇာဆိုတဲ့ အီတလီအစားအသောက်ဟာ စားလို့လည်းကောင်းသလို ဈေးလည်းမဆိုးတဲ့အတွက် နှစ်သက်စွာ စားသုံးလာကြပါတယ်။

 

တကယ်တမ်းမှာလည်း ပီဇာဆိုတာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံးအစားအစာထဲမှာ ပါဝင်ပါတယ်။ ပီဇာမျိုးကွဲ အများကြီးရှိပေမယ့် ပီဇာတစ်ချပ် တန်ဖိုးကို ပျမ်းမျှ (၂) သောင်းနဲ့ (၃) သောင်း ဝန်းကျင်လောက်ပဲ ကျသင့်မယ်လို့ ခန့်မှန်းထားကြမှာပါ။ ဒါဆိုရင် ကမ္ဘာ့ဈေးအကြီးဆုံး ပီဇာကရော။ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ပီဇာကို ဝယ်မစားနိုင်သေးရင်တောင် သွားရည်ကျခွင့်တော့ ကျွန်တော်တို့မှာ ရှိတယ်မဟုတ်ပါလား။

ကမ္ဘာ့ဈေးအကြီးဆုံးပီဇာ

pizza-royale-007-2.jpg

ကမ္ဘာ့ဈေးအကြီးဆုံးပီဇာကို ပြုလုပ်ထားတာကတော့ www.crolla.com က စားဖိုမှူး Mr. Domenico Crolla ပဲဖြစ်ပါတယ်။ သူဟာ စကော့တလန်နိုုင်ငံဖွား အီတလီစားဖိုမှူးတစ်ဦးဖြစ်ပြီး ဆုများစွာကို ရရှိထားတဲ့ စားသောက်ဆိုင်တစ်ဆိုင်ဖြစ်တဲ့ Bella Napoli ကို ဦးဆောင်နေပါတယ်။ သူဖန်တီးပြုလုပ်ခဲ့တဲ့ ကမ္ဘာ့တန်ဖိုးအကြီးဆုံး ပီဇာရဲ့နာမည်ကတော့ Pizza Royale 007 ပဲ ဖြစ်ပါတယ်။

 

(၁၂) လက်မအရွယ်ရှိတဲ့ ဒီပီဇာလေးထဲမှာတော့ ကမ္ဘာ့ဈေးအကြီးဆုံး ပါဝင်ပစ္စည်းတွေ ပါဝင်နေပါတယ်။ ဥပမာ... Dom Perignon ချန်ပိန်အရက်ထဲမှာ စိမ်ထားတဲ့ ငါးဥတို့၊ စကော့ချ်ဝီစကီ စိမ်ထားတဲ့ ဆယ်လ်မွန်ငါးတို့၊ ကော့ညက်အရက်ထဲမှာ စိမ်ထားတဲ့ ကျောက်ပုစွန်တုပ်တို့၊ အကောင်းစားအမဲမိုးခိုသား၊ အကောင်းဆုံး အီတလီဝက်ပေါင်ခြောက်၊ ရှားပါး balsamic ရှာလကာရည်တို့ပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပီဇာအပေါ်မှာလည်း စားလို့ရတဲ့ (၂၄) ကာရက်ရွှေမှုန်လေးတွေကို ဖြူးထားပါသေးတယ်။

see also 

Mr. Crolla ဟာ ဒီ ကမ္ဘာ့တန်ဖိုးအကြီးဆုံးပီဇာကို Fred Hollows ဖောင်ဒေးရှင်းအတွက် ရန်ပုံငွေမြှင့်တင်ဖို့အတွက် အင်တာနက်လေလံ ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ eBay ပေါ်မှာ လေလံတင်ရောင်းချခဲ့တာပါ။ လေလံပွဲပြီးဆုံးချိန်မှာ အီတလီလူမျိုး ရှေ့နေတစ်ဦးဖြစ်တဲ့ Maurizio Morelli ဟာ ပီဇာကို ဒေါ်လာ (၄၂၀၀) နဲ့ ဝယ်ယူခဲ့ပါတယ်။

သူဟာ ရောမမြို့က အစားအသောက် ကျွမ်းကျင်သူပညာရှင်တစ်ဦးလည်း ဖြစ်သလို တန်ဖိုးကြီးရှားပါးဝိုင်အရက်တွေ၊ မြေအောင်းမှိုတွေကို စုဆောင်းရာမှာ ဝါသနာထုံပါတယ်တဲ့။  ဒီပီဇာကို ပရဟိတလေလံပွဲတစ်ခုမှာ လေလံတင်ရောင်းချခဲ့ရတယ် ဆိုပေမယ့်လည်း ဒီပီဇာဟာ ကမ္ဘာ့ဈေးအကြီးဆုံး ပီဇာအဖြစ် ရပ်တည်နေဆဲပါပဲ။

Source: Alux

 

Share

Loading Next Article...
က္က