အချစ်ရဲ့သင်္ကေတ တစ်ခုအဖြစ်လည်း သတ်မှတ်ထားကြပြီး ချစ်သူ၊ ရည်းစားချင်း အပြန်အလှန် လက်ဆောင်ပေးကြတဲ့အခါ ချောကလက်တို့၊ နှင်းဆီတို့ကို လက်ဆောင်ပေးတတ်ကြပါတယ်။

ချောကလက်ဆိုတာ လူအများနှစ်သက်တဲ့ အစားအစာတစ်မျိုးပါပဲ။ အချစ်ရဲ့သင်္ကေတ တစ်ခုအဖြစ်လည်း သတ်မှတ်ထားကြပြီး ချစ်သူ၊ ရည်းစားချင်း အပြန်အလှန် လက်ဆောင်ပေးကြတဲ့အခါ ချောကလက်တို့၊ နှင်းဆီတို့ကို လက်ဆောင်ပေးတတ်ကြပါတယ်။ အပြင်တွေ၊ ဘာတွေ သွားလိုု့ မိုးမိလာချိန်မှာလည်း ချောကလက်ပူပူလေးတစ်ခွက်ကို သောက်လိုက်ရရင် နွေးထွေးမှုကို ပေးစွမ်းနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ချောကလက်ထဲမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေလည်း အများကြီးပါဝင်ပါသေးတယ်။



၁။ ချောကလက်မှာ flavonoid ပါဝင်တယ်

01_brokenbar_Go-Ahead-and-Indulge-Here-are-12-Health-Benefits-of-Chocolate_647258089_DedMityay-1024x683.jpg 

လူအများစုဟာ ချောကလက်ကို အာဟာရတန်ဖိုးအတွက်ထက် ဇိမ်ခံဖို့အတွက် အရသာခံပြီး စားသောက်ကြပါတယ်။ တကယ်တော့ ကိုကိုးစေ့တွေကတွေ ထုတ်လုပ်ပြီး ပြုလုပ်ထားတဲ့ ချောကလက်ထဲမှာ အပင်ကထွက်တဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်တဲ့ flavnoid ပါဝင်ပါတယ်။ အဲဒီ flavonoid ဟာ ဗိုင်းရပ်စ်ပိုး၊ အဆစ်အမြစ်ရောင် ရောဂါပိုး၊ ကျူမာဖြစ်စေတဲ့ ဆဲလ်တွေကို ခုခံတိုက်ဖျက်ပေးသလို antioxidant တွေလည်း ကြွယ်ဝစွာပါဝင်တဲ့ သဘာဝအာဟာရဓာတ် တစ်မျိုးဖြစ်ပါတယ်။

ဒါကြောင့် နို့ပါဝင်မှုနည်းပြီး ကိုကိုးမှုန့်ပါဝင်မှုများတဲ့ ချောကလက်တွေကို ပုံမှန်စားပေးမယ်ဆိုရင် flavanoid ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အပြည့်အဝရရှိစေနိုင်ရုံသာမက သွေးဖိအားလျှော့ချရာမှာနဲ့ ကိုလက်စထရော လျှော့ချရာမှာလည်း ကူညီပေးနိုင်ပါတယ်။

၂။ နှလုံးရောဂါ ဖြစ်နိုင်ခြေကို လျော့နည်းစေတယ်

04_shake_Go-Ahead-and-Indulge-Here-are-12-Health-Benefits-of-Chocolate_573102856_baibaz-1024x683.jpg 

ချောကလက်မှာ ပါဝင်တဲ့ flavanoid ဟာ နှလုံးနဲ့ နှလုံးသွေးကြော ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်တယ်လို့ သိရပါတယ်။ ချောကလက်ကို ပြုလုပ်ထားတဲ့ ကိုကိုးမှုန့်ဟာ endothelial nitric oxide ဆိုတဲ့ နှလုံးသွေးကြောကို ကျဉ်းစေပြီး နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေတဲ့ အရာဝတ္ထုတစ်မျိုးကိုုလည်း ထုတ်လုပ်ပေးနိုင်ပါတယ်။

ဒါ့အပြင် အဲဒီအရာဝတ္ထုဟာ သွေးကြောထဲမှာ သွေးခဲခြင်းနဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း လျော့ကျစေတဲ့အတွက် သွေးဖိအားကိုလည်း လျော့နည်းစေပြီး သွေးတိုးသမားတွေအတွက်လည်း သင့်တော်ပါတယ်။

၃။ စိတ်ခံစားမှုကို ကောင်းမွန်စေတယ်

happy-propose-day-wallpapers-images.jpg 

ချောကလက်စားခြင်းဟာ ပျော်ရွှင်မှုတို့၊ ပွဲလမ်းသဘင်တို့နဲ့လည်း ဆက်နွယ်နေပါတယ်။ လေ့လာမှုတွေအရဆိုရင် ချောကလက်စားခြင်းဟာ မိမိရဲ့ စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေပါတယ်တဲ့။ ဒါကြောင့် ချောကလက်စားရင် လူကို ပိုမိုတည်ငြိမ်စေပြီး ပျော်ရွှင်စေနိုင်ပါတယ်။

အမဲရောင်ချောကလက်တွေဟာဆိုရင် ဦးနှောက်ထဲက ပျော်ရွှင်မှုကို ဖန်တီးပေးတဲ့ endorphin ဆိုတဲ့ ဟော်မုန်းကို ထုတ်လုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဓာတ်ကျဆင်းခြင်းကို တိုက်ဖျက်ပေးနိုင်တဲ့ ဟော်မုန်းတစ်မျိုးဖြစ်တဲ့ serotonin ကိုလည်း ထွက်လာစေနိုင်ပါသေးတယ်။ ဒါကြောင့်လည်း စိတ်ဓာတ်ကျနေသူကို ချောကလက်စားဖို့ တိုက်တွန်းကြတာ ဖြစ်ပါတယ်။

၄။ မှတ်ဉာဏ်ပိုကောင်းစေတယ်

ချောကလက်ထဲမှာပါတဲ့ flavanoid ဟာ အသက်အရွယ်ကြီးရင့်ချိန်မှာ မှတ်ဉာဏ်အားနည်းခြင်းနဲ့ မေ့တတ်ခြင်းဝေဒနာတွေကို ပြန်လည်တိုးတက်ကောင်းမွန်စေပါတယ်။ သုတေသီတွေရဲ့ အဆိုအရဆိုရင် ကိုကိုးမှုန့်ထဲမှာပါဝင်တဲ့ flavanoid ဟာ ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်စီးဆင်းမှုကို ကောင်းမွန်အောင် ကူညီပေးနိုင်ပါတယ်တဲ့။ ဒါကြောင့် ဦးနှောက်ဆီကို အောက်ဆီဂျင် ပါဝင်မှုများတဲ့ သွေးတွေ ပိုမိုစီးဆင်းနိုင်အောင် ကူညီပေးခြင်းဖြင့် မှတ်ဉာဏ်ကို ကောင်းမွန်လာစေတာလည်း ဖြစ်နိုင်ပါတယ်။

၅။ အသားအရေကို ချောမွေ့စေတယ်

Coffee-drink-coffee-hot.jpg 

အမဲရောင်ချောကလက်ထဲမှာ ပါဝင်တဲ့ flavanoid တွေဟာ နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးခြင်း၊ အရေပြားထဲမှာ သွေးလည်ပတ်မှု ကောင်းမွန်အောင် ကူညီပေးနိုင်ခြင်းတို့ဖြင့် အရေပြားချောမွေ့မှုနဲ့ ရေဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် ချောကလက်စားခြင်းဟာ ကျန်းမာချောမွေ့တဲ့ အသားအရေလေးကို ပိုင်ဆိုင်စေနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။

Source: Reader's Digest

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က