ကိတ်မုန့်ကြိုက်တဲ့လူတွေ စားပါဦးလား။

အရသာချိုပြီး အိစက်တဲ့အထိအတွေ့နဲ့ ကိတ်မုန့်ကို အသည်းစွဲကြိုက်သူတွေ အများကြီးရှိမှာပါ။ ကိတ်မုန့်အရမ်းကြိုက်ပါတယ်ဆိုတဲ့လူတွေတောင် ဒီကိတ်မုန့်ကို စားချင်ကြမယ်မထင်ပါဘူး။ ဘာလို့လဲဆိုတော့ ကိတ်မုန့်က စားချင်စရာမကောင်းဘဲ ရွံစရာကြီး ဖြစ်နေတာလေ။

 

မလေးရှားနိုင်ငံက The Cakescape မုန့်လုပ်ငန်းဟာ ဒီလိုမျိုး ထူးဆန်းထွေလာ ကိတ်မုန့်ကို ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကိတ်မုန့်က ကောင်မလေးတစ်ယောက်ရဲ့ပုံစံမျိုးကို ပုံဖော်ထားတာပါ။ ဒါပေမဲ့ မျက်နှာပေါ်မှာ သွေးရောင်တွေ၊ ပြည်အရောင်အနှစ်တွေနဲ့ ဝက်ခြံဖုအကြီးကြီးတွေလိုဖြစ်အောင် လုပ်ထားတယ်။

see also 

နီရဲရောင်ရမ်းနေတဲ့ ဝက်ခြံဖုကို ညှစ်လိုက်ရင် အထဲက ဖြူဝါဝါအနှစ်တွေ ထွက်လာသလိုမျိုးလည်း လုပ်ထားသေးတယ်။ တကယ့်ကို အော်ဂလီဆန်ချင်စရာကောင်းတဲ့ ဒီကိတ်မုန့်ကို အလုံး ၂၀ ကျော် ရောင်းရပြီးပြီလို့လည်း သိရပါတယ်။

 

ကိတ်မုန့်မှာပါတဲ့ ဝက်ခြံဖုကို ညှစ်ပြနေတဲ့ ဗီဒီယိုကလည်း ဖေ့စ်ဘုတ်ပေါ် ရောက်လာခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုဟာ အကြိမ်ရေသန်းပေါင်းများစွာ ကြည့်ရှုခံထားရပြီးပါပြီ။ ဘယ်သူကမှတော့ ဒီဗီဒီယိုကိုကြည့်ပြီး အကောင်းမပြောပါဘူး။

 

စိတ်ပျက်စရာကြီး.... ဒီကိတ်မျိုးမလုပ်သင့်ဘူး.... စတဲ့ ဝေဖန်ချက်တွေကို ရေးသားနေကြလေရဲ့။ ပြီးတော့ ဒီကိတ်မုန့်ဟာ မွေးနေ့အမှတ်တရကိတ်မုန့်အဖြစ်နဲ့လည်း ပြုလုပ်ခဲ့တာပါ။ ကိတ်ပေါ်မှာ Evelyn (အက်ဗ်လင်း)လို့ ရေးထားတာတွေ့တယ်။ မွေးနေ့ရှင် မိန်းကလေးကတော့ ဒီကိတ်မုန့်ကိုမြင်ပြီးရင် ပျော်ရွှင်မယ့်အစား စိတ်ဆင်းရဲသွားလောက်ပါတယ်။

Source : Bore Panda

Share

Loading Next Article...
က္က