ဆိုင်ကိုလာသူတွေထဲမှာ ၆၀ % က မိန်းကလေးတွေ၊ ရုံးဝန်ထမ်းအမျိုးသမီးတွေတဲ့။

ဟောင်ကောင်အရှေ့ပိုင်း၊ စည်ကားတဲ့မြို့ပြဧရိယာ North Point က wet market center မှာ ည ၈ နာရီလောက်ဆိုရင် ဈေးဆိုင်တွေလည်း ပိတ်ကုန်ပါပြီ။ မီးတွေလည်း ပိတ်ကုန်ကြတာ များပါတယ်။ ရုတ်တရက်ဆိုသလို မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းသံကို ကြားလိုက်ရချိန်မှာတော့ သီချင်းသံကြားရာဆီကို ဦးတည်သွားလိုက်တဲ့အခါ လူတွေစည်ကားနေတဲ့ Tung Po စားသောက်ဆိုင်လေးကို တွေ့ရပါတော့တယ်။ ဒီဆိုင်လေးကို လူတွေလာကြတာက ဆိုင်ရှင် Tung Po ကြောင့် လာကြတာပါ။

 

Tung Po စားသောက်ဆိုင်ဟာ wet markets (အသားတွေကို လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ရောင်းချတဲ့ဈေး)မှာ တခြားဆိုင်တွေနဲ့မတူဘဲ ထူးခြားနေတာက ဆိုင်ရှင် Robby Cheung ရဲ့ တက်ကြွတဲ့လှုပ်ရှားမှုတွေကြောင့်သာ ဖြစ်ပါတယ်။ ချောင်ကိုကြည့်လိုက်ရင် အမြဲတမ်းပျော်ရွှင်တက်ကြွနေပြီး အလုပ်တွေလုပ်ရင်း၊ လာစားတဲ့ဖောက်သည်တွေနဲ့ ဆယ်ဖီတွဲရိုက်နေတာကိုလည်း မကြာခဏ တွေ့ရမှာပါ။ သူက မိုက်ကယ်ဂျက်ဆင်ရဲ့ နမည်ကျော် Moon Walk အကနဲ့ စားသုံးသူတွေကို ကပြဖျော်ဖြေလေ့ရှိပါတယ်။ နောက်ပြီးတော့ တူတစ်ချောင်းကို အသုံးပြုကာ ဘီယာပုလင်းတွေကိုလည်း ဖောက်ပြလိုက်သေးတယ်။

see also 

" လူတွေက အစားအသောက်ကိုပဲ သဘောကျကြတာပါ။ ဂီတကိုလည်း သဘောကျကြပြီး ကျွန်တော်တို့ အတူကကြတယ်"လို့ ချောင်က ပြောပါတယ်။ " ကျွန်တော်က ကရတာကြိုက်လို့ပါ။ ကျွန်တော့်အသက်က ခုဆို ၅၅ နှစ်ရှိပြီ ပြီးတော့ ကျွန်တာ် ကနေတုန်းပဲ။ ကျွန်တော် မကနိုင်တော့ဘူးဆို အရမ်းဝမ်းနည်းဖို့ကောင်းတော့မှာပဲ၊ ဘာကြောင့်လဲဆိုတော့ အဲ့လိုဆိုရင် ကျွန်တော်အရမ်းအိုမင်းသွားပြီဆိုတဲ့သဘောပဲပေါ့" လို့ ချောင်က ဖြေပါတယ်။

 

ချောင်ရဲ့တက်ကြွဖော်ရွေမှုကြောင့် ညတိုင်း ဆိုင်မှာ လူစည်ကားပါတယ်။ စောစောမသွားရင် ဆိုင်မှာ ထိုင်စရာစားပွဲလွတ်ရဖို့ မမြင်ပါဘူး။ Tugh Po ဆိုင်ရဲ့ အဓိကဟင်းလျာတွေကတော့ Wind Sand Chicken ၊ ကြာရွက်နဲ့ထုပ်ထားတဲ့ ထမင်းကြော်၊ ပြည်ကြီးငါးဟင်းလျာတို့ ဖြစ်ပါတယ်။ ဟောင်ကောင်ရောက်သွားရင် Tung Po ဆိုင်ကို သွားဖြစ်အောင်သွားဖို့အတွက် Food Blogger တွေကလည်း ညွှန်းလေ့ရှိကြတယ်။

ညတိုင်းပဲ ဆိုင်ကဟင်းလျာတွေအားလုံး အကုန်ကုန်အောင် ရောင်းရတယ်လို့လည်း သိရတယ်။ ဆိုင်ကိုလာသူတွေထဲမှာ ၆၀ % က မိန်းကလေးတွေ၊ ရုံးဝန်ထမ်းအမျိုးသမီးတွေ ဖြစ်တယ်လို့လည်း ချောင်က ဆိုပါတယ်။ ဘီယာပုလင်းကို တူနဲ့ဖောက်တတ်အောင် သင်ချင်ရင်လည်း သူက သင်ပေးဦးမှာတဲ့။

Source : CNN


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က