အခုလို လန်းဆန်းသွက်လက်တဲ့ အရွယ်မှာ ပျိုမေလေးတွေအနေနဲ့ ကျန်းမာပြီး အလှလေးတွေ တိုးပွားနေစေဖို့အတွက် အစားအသောက်နဲ့ အနေအထိုင်ကလည်း အရမ်းအရေးကြီးတယ်လေ။

ကျန်းမာခြင်းသည် လာဘ်တစ်ပါးတဲ့။ အခုလို လန်းဆန်းသွက်လက်တဲ့ အရွယ်မှာ ပျိုမေလေးတွေအနေနဲ့ ကျန်းမာပြီး အလှလေးတွေ တိုးပွားနေစေဖို့အတွက် အစားအသောက်နဲ့ အနေအထိုင်ကလည်း အရမ်းအရေးကြီးတယ်လေ။ နုပျိုသွက်လက် စွမ်းအင်ထက်တဲ့ ပျိုမေလေးတွေ ဖြစ်စေဖို့အတွက် နေ့စဉ်အစားအစာတိုင်းမှာ ထည့်သွင်းပေးသင့်တဲ့ အစားအစာလေးတွေ ရှိပါသေးတယ်။



၁။ အဆီများတဲ့ငါး

Thai-Chili-Glazed-Salmon-1-1024x699-1-1024x699.jpg 

မဒီပျိုလေးတွေအနေနဲ့ ဆယ်လ်မွန်ငါး၊ ဆာဒင်ငါးတို့လို အဆီများတဲ့ငါးတွေကိ တစ်ပတ်ကို (၂) ကြိမ်၊ (၃) ကြိမ် စားပေးသင့်ပါတယ်။ အဲဒီငါးတွေမှာ omega-3 ဖက်တီးအက်ဆစ်နဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့ အခြားဓာတ်တွေ အများကြီးပါဝင်ပြီး အမျိုးသမီးတွေမှာ အဖြစ်များတဲ့ နှလုံးရောဂါ၊ စိတ်ကျရောဂါနဲ့ အဆစ်အမြစ်ရောင်ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၂။ ပဲမျိုးစုံ

20160106-beans-vicky-wasik-1.jpg 

ပဲနီလေး၊ ပဲလွန်း၊ စားတော်ပဲ အစရှိတဲ့ ပဲမျိုးစုံမှာ အသးဓာတ်နဲ့ အမျှင်ဓာတ် အများစုပါဝင်ပြီး နှလုံးရောဂါနဲ့ ရင်သားကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ အမျိုးသမီးတွေရဲ့ မိန်းမဟော်မုန်းတွေ မညီမညွှတ် မမျှမတဖြစ်ခြင်းကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေမှာဆိုရင် မိခင်နဲ့ ကလေး ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဖောလစ်အက်ဆစ် ကိုလည်း ရရှိစေနိုင်ပါသေးတယ်။

၃။ ခရမ်းချဉ်သီး/ ဖရဲသီး

18-Amazing-Benefits-Of-Tomatoes-For-Skin-Hair-And-Health.jpg

ခရမ်းချဉ်သီးတို့၊ ဖရဲသီးတို့လို အနီရောင်အသားရှိတဲ့ အသီးတွေမှာ lycopenen ဆိုတဲ့ အာဟာရဓာတ်တစ်မျိုး ပါဝင်ပြီး အဲဒီဓာတ်က မိန်းကလေးအများစုကို ချိန်းခြောက်နေတဲ့ ရင်သားကင်ဆာ ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်ပြီး antioxidant ကလည်း နှလုံးရောဂါတိုက်ဖျက်ရမှာ အကူအညီ အထောက်အပံ့ပေးနိုင်ပါတယ်။

see also 

ဒီအသီးတွေကို တစ်ပတ်မှာ (၃) ကြိမ်ကနေ (၅) ကြိမ်ကြား ပုံမှန်စားပေးမယ်ဆိုရင် နေရောင်ခြည်ထဲက ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေပျက်ဆီးခြင်းကို ကာကွယ်ပေးပြီး အသားအရေလေးကို နုပျိုလှပစေပါတယ်။

၄။ အဆီထုတ်ပြီး နွားနို့

91hH0uTEG5L._SL1500_.jpg 

အဆီထုတ်ပြီး/ မလိုင်ထုတ်ပြီး နွားနို့တွေဟာ ဗိုက်တာမင်ဒီ ကြွယ်ဝပြီး အမျိုးသမီးငယ်လေးတွေဟာ တစ်နေ့ကို ဗိုက်တာမင် ဒီ (၄၀၀) IUS ခန့် မှီဝဲပေးဖို့ လိုအပ်ပါတယ်။ ဗိုက်တာမင် ဒီဟာ အရိုးများမှတဆင့် ကယ်လ်ဆီယမ် စုပ်ယူမှုကို ထောက်ခံအားပေးပြီး ရင်သားကင်ဆာနဲ့ သားအိမ်ကင်ဆာကိုလည်း ဖြစ်မလာအောင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ ဗိုက်တာမင်ဒီကို ဆယ်လ်မွန်တို့၊ တူနာငါးတို့ကလည်း ရရှိနိုင်တယ်ဆိုပေမယ့် အဆီထုတ်ပြီးသား နွားနို့တွေကလည်း ရနိုင်တာပါပဲ။

၅။ ဘယ်ရီသီးများ

background-2277_1280.jpg 

ဘလူးဘယ်ရီ၊ စတော်ဘယ်ရီ၊ ရက်စ်ဘယ်ရီ အစရှိတဲ့ ခြံုံနွယ်ပင်က ပေါက်ရောက်တဲ့ ဘယ်ရီသီးတွေမှာ ဗိုက်တာမင်စီနဲ့ ဖောလစ်အက်ဆစ် ကြွယ်ဝတာကြောင့် ကင်ဆာရောဂါအများစုကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် မိခင်တွေ ကိုယ်ဝန်ဆောင်နေချိန်နဲ့ ကလေးမီးဖွားပြီးချိန်မှာ စားသုံးပေးဖို့ သင့်တော်ပါတယ်။

ဘယ်ရီသီးတွေဟာ နှလုံးကျန်းမာရေးကို အထောက်အကူပြုစေသလို အသားအရေကိုလည်း ကြည်လင်လှပစေနိုင်ပါတယ်။ ဒါတင်မက မျက်စိနဲ့ အာရုံကြောကိုလည်း အထူးကောင်းမွန်စေပါတယ်။

Source: Webmd

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က