နွားနို့အစားထိုး ကယ်လ်ဆီယမ်ဓာတ် ဖြည့်တင်းပေးနိုင်တဲ့ အစားအသောက်တွေ ရှိပါသေးတယ်။

လူ့ခန္ဓာကိုယ်မှာ အရိုးအဆစ်တွေကို သန်စွမ်းစေဖို့အတွက် ဖြည့်စွက်စာ အာဟာရတွေကို စားသုံးပေးရပါတယ်။ အထူးသဖြင့် ကလေးသူငယ်တွေ ငယ်ရွယ်စဉ်မှာ အရိုးအဆစ်တွေ သန်စွမ်းစေဖို့အတွက် ကြက်ဥတို့၊ နွားနို့တို့ တိုက်ပေးရပါတယ်။ ဒါပေမယ့် တချို့လူတွေမှာ နွားနို့နဲ့ ဓာတ်မတည့်တဲ့ ရောဂါရှိတဲ့အတွက် နွားနို့သောက်လို့ မရပါဘူး။ အဲဒီလိုသူတွေအတွက် နွားနို့အစားထိုး ကယ်လ်ဆီယမ်ဓာတ် ဖြည့်တင်းပေးနိုင်တဲ့ အစားအသောက်တွေ ရှိပါသေးတယ်။


၁။ ဟင်းနုနွယ်ရွက် ဖျော်ရည်

spinach-celery-cucumber-juice-1280.jpg 

ဟင်းနုနွယ်ရွက်ဟာ လူတိုင်းရဲ့အနှစ်သက်ဆုံး ဟင်းသီးဟင်းရွက်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဟင်းနုနွယ်ရွက်ကို သန့်စင်အောင် ဆေးကြောပြီး သစ်သီးဖျော်စက်ထဲမှာထည့်ဖျော်ထားတဲ့ ဖျော်ရည်တစ်ခွက်ကို အနည်းဆုံး တစ်နေ့ ခွက်တစ်ဝက်စာလောက် တိုက်ကျွေးပေးမယ်ဆိုရင် ကယ်လ်ဆီယမ် (၂၄၁) မီလီဂရမ်သာမက ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ သံဓာတ်ကိုလည်း ပြည့်ဝစေမှာပါ။ နွားနို့ကို ခွက်အပြည့်ထည့်ပြီး သောက်မယ်ဆိုရင်တောင် ကယ်လ်ဆီယမ် (၃၀၀) မီလီဂရမ်ပဲ ရရှိမှာပါ။

၂။ ပဲနို့

Soybeans-and-Soy-Milk-5827b45b3df78c6f6a738adf.jpg 

ပဲနို့ဆိုတာလည်း ပဲကနေ ထုတ်တဲ့ နွားနို့အစားထိုး နို့တစ်မျိုးပါပဲ။ ပဲနို့မှာလည်း နွားနို့လိုပဲ တူညီတဲ့ ပရိုတိန်းနဲ့ ကယ်လ်ဆီယမ် ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်ကို ဖြည့်တင်းပေးနိုင်မှာပါ။

၃။ လိမ္မော်သီးဖျော်ရည်

orange (1).jpg 

မနက်စာတိုင်းမှာ လိမ္မော်သီးစစ်စစ်တစ်လုံးကို အရည်ညှစ်ထားတဲ့ လိမ္မော်သီးဖျော်ရည်ကို ထည့်သွင်းပေးလိုက်ပါ။ လိမ္မော်သီး ဖျော်ရည်မှာပါဝင်တဲ့ ကယ်လ်ဆီယမ် (၅၀၀) မီလီဂရမ်ဟာ အစာအိမ်ထဲကို ဝင်ရောက်သွားပြီး အရိုးနဲ့သွားကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါလိမ့်မယ်။ နောက်ပြီး လိမ္မော်သီးထဲမှာ အရေပြားကို ပျော့ပျောင်းနူးညံ့စေတဲ့ ဗိုက်တာမင်စီလည်း ပါဝင်ပါသေးတယ်။

see also 

၄။ ဒိန်ချဉ်

yogurt.jpg 

အစာအိမ်ထဲမှာ ကောင်းမွန်ပြီး လူကိုအကျိုးပြုတဲ့ဘက်တီးရီးယားပိုးမွှားလေးတွေလည်းရှိတယ်ဆိုတာကို သိပါသလား။ အဲဒီဘက်တီးရီးယားလေးတွေကို probiotics လို့ခေါ်ပါတယ်။ ဒါပေမယ့် သူတို့က ထာဝရ အသက်မရှင်နိုင်ပါဘူး။ ဒါကြောင့် အဲဒီဘက်တီးရီးယားလေးတွေဟာ ပြန်လည်လဲလှယ်ပေးဖို့ လိုအပ်ပါတယ်။

အလွယ်တကူအစာကြေနိုင်တဲ့ ဒိန်ချဉ်လေးတွေဟာ ကယ်လ်ဆီယမ်နဲ့ probiotics တွေ ရရှိစေမယ့် အကောင်းဆုံးရင်းမြစ် တွေပဲဖြစ်ပါတယ်။ မိမိတို့ရဲ့ အစာခြေစနစ် ကောင်းမွန်နေစေဖို့ ဒိန်ချဉ်ကို ပုံမှန်သောက်ပေးသင့်ပါတယ်။

၅။ အယ်လ်မွန်နို့

almond-milk.jpg 

အယ်လ်မွန်စေ့ကထုတ်လုပ်တဲ့ နို့ထဲမှာပါဝင်တဲ့ ကယ်လ်ဆီယမ်ပါဝင်မှုနှုန်းဟာ နွားနို့ထဲမှာပါဝင်တဲ့ ကယ်လ်ဆီယမ်ပါဝင်မှု နှုန်းထက်တောင် ပိုမိုမြင့်မားပါသေးတယ်။ အယ်လ်မွန်နို့ကို သောက်ပေးမယ်ဆိုရင် ဗိုက်တာမင် အေ၊ အီးနဲ့ တခြားအာဟာရ ဓာတ်တွေကို ပြည့်ဝစေမှာဖြစ်ပါတယ်။

Source: youngisthan

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က