အစာအဆိပ်သင့်တယ်ဆိုတာ အခြေအနေအနုအရင့်ပေါ်လိုက်ပြီး မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

တကယ်တော့ ကိုယ်တွေလို အစားသောင်းကျန်းတတ်တဲ့ သူတွေနဲ့ မအီမသာဖြစ်ခြင်း (အစာအဆိပ်သင့်ခြင်း) ဆိုတာ မီးရထားနဲ့ သံလမ်းလိုပဲ ရှောင်လွှဲလို့ရတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ အစာအဆိပ်သင့်တယ်ဆိုတာ အခြေအနေအနုအရင့်ပေါ်လိုက်ပြီး မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

 

အခန့်မသင့်ရင် (အခြေအနေပြင်းထန်ရင်) အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် အစာအဆိပ်သင့်ခြင်းနဲ့ ပတ်သက်ပြီး အမှတ်မှားနေကြတဲ့ အရပ်စကားလေးတွေလည်း ရှိပါသေးတယ်။

၁။ "နောက်ဆုံးစားခဲ့မိတဲ့ အစားအစာကြောင့် အစာအဆိပ်သင့်တယ်"

1_food_poisioning_elenaleonova.jpg 

တကယ်တမ်းကျတော့ ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်တဲ့ ဘက်တီးရီးယားတွေက လူကိုဒုက္ခမပေးခင် (အစာအဆိပ်သင့်တဲ့ လက္ခဏာတွေ မပြခင်) အချိန်အနည်းငယ် ယူပါသေးတယ်။ ဒါကြောင့် အစာအဆိပ်သင့်ခြင်းရဲ့ တရားခံကို ရှာမယ်ဆိုရင် နောက်ဆုံး ဘာစားထားလဲ ဆိုတာကိုလည်း စစ်လို့မရပါဘူး။ ဗိုက်အောင့်လာပြီဆိုရင် မကြာသေးခင်ကမှ စားထားတဲ့ ဆူရှီကိုပဲ သွားအပြင်တင်လို့ မရပါဘူး။ နေ့လည်လောက်က စားထားတဲ့ ကြက်ဥအစာသွပ်မုန့်ကြောင့်လည်း ဖြစ်နိုင်တာပဲလေ။

၂။ "ပိုးသတ်ဆေး များများသုံးလေ... ပိုးများများသေလေလေ"

2_food_poisoning_Peter-Hermus.jpg 

ပိုးသတ်ဆေး (ချွတ်ဆေး) စပရေးကို တစ်ခါပဲထည့်ထည့်၊ (၄) ခါပဲထည့်ထည့် သတ်နိုင်မယ့် ဘက်တီးရီးယားပိုးမွှား ကောင်ရေကတော့ အတူတူပါပဲ။ တကယ်တမ်းကျတော့ ပန်းကန်ဆေး၊ အိုးဆေးပြီဆိုရင် ဘက်တီးရီးယားထိတွေ့နိုင်တဲ့ မျက်နှာပြင်တိုင်း သေချာဆေးကြောပေးနိုင်ဖို့ပဲ လိုတာပါ။

FoodSafety.gov ရဲ့ အကြံပြုချက်အရဆိုရင် ပိုးသတ်ဆေးပါဝင်တဲ့ ဆပ်ပြာရည်ကို ရေ များများနဲ့ရောပြီး သုံးလို့ရပါတယ်တဲ့။ အသားစိမ်း၊ ငါးစိမ်းတွေနဲ့ အမြဲထိတွေ့နေရတဲ့ စဉ့်နှီတုံးလို အရာမျိုးကိုတော့ ပိုးသတ်ဆေးနဲ့ ပုံမှန်ဆေးကြောပေးသင့်ပါတယ်တဲ့။

လူတိုင်းမဖြစ်မနေ လိုက်နာသင့်တဲ့ အစားအသောက်ဆိုင်ရာ စည်းမျဉ်းများ 

၃။ "အသီးအနှံတွေကို အခွံပါစားမိလည်း ဘာမှမဖြစ်ပါဘူး"

3_food_poisoning_4kodiak.jpg 

အော်ဂဲနစ်သီးနှံစစ်စစ်တွေတောင်မှ ရေမဆေးဘဲ စားလိုု့မရပါဘူး။ အခုခေတ်လို သီးနှံတွေ အမြန်ထွား၊ အမြန်မြည့်ဖို့အတွက် ဓာတုဆေးပေါင်းစုံကို သုံုးနေတဲ့ခေတ်ကြီးမှာ သခွားသီးတစ်လုံး (သို့) လိမ္မော်သီးတစ်လုံးကို အခွံမခွာဘဲ စားမိရုံနဲ့ ဖျားနာစေနိုင်ပါတယ်။ နောက်ပြီး အခွံခွာမယ်ဆိုရင်လည်း ရေသေချာဆေးပေးဖို့တော့ လိုအပ်ပါသေးတယ်။ ဘာလိုလဲဆိုတော့ ရေမဆေးဘဲ အခွံခွာလိုက်မယ်ဆိုရင်တောင် အခွံကနေတဆင့် အသီးအနှံထဲကို ဓာတုပစ္စည်းတွေ ဝင်ရောက်သွားစေနိုင်လို့ပါပဲ။

၄။ "သက်သတ်လွတ်သမားတွေက အစာအဆိပ်သင့်နိုင်ခြေ နည်းတယ်"

4_food_poisoning_Neustockimages.jpg 

အသားတို့၊ ဒိန်ခဲတို့ဟာ အစာအဆိပ်သင့်ခြင်း ဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေ ဆိုပေမယ့်လည်း အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကိုလည်း ချန်ထားခဲ့လို့ မရပါဘူး။ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြတဲ့ ဓာတုဆေးဝါးတွေ၊ ဓာတ်မြေသြဇာတွေအပြင် ရေ၊ မြေ မသန့်တော့တာတွေကြောင့် အသီးအနှံတွေမှာလည်း ဓာတုဓာတ်ပြုမှုနဲ့ ဘက်တီးရီးယား ပိုးမွှားတွေ ခိုကပ်နေနိုင်ပါတယ်။ အဲဒီကနေတဆင့်လည်း အစာအဆိပ်သင့်ခြင်း ဖြစ်စေနိုင်ပါတယ်။

Source: Reader's Digest

 

Share

Loading Next Article...
က္က