Food & Recipe: ကိုယ်ဝန်ဆောင်မိခင်တွေ ဘာကြောင့် ကီဝီသီးကို စားပေးသင့်သလဲ

အရင်တုံးက ကီဝီသီးကို တရုပ်လို Yang Tao လို့ခေါ်ပြီး နောက်ပိုင်းမှာ တရုပ်ဆီးဖြူလို့လည်း ခေါ်ကြပါတယ်။

ကီဝီသီးမှာ ကြွယ်ဝတဲ့ နောက်ခံသမိုင်းကြောင်းတစ်ခု ရှိနေပါတယ်။ ကီဝီသီးကို တရုပ်နိုင်ငံတောင်ပိုင်းက စတင်မြစ်ဖျားခံ လာတယ်လို့ ယူဆကြပြီး ကီဝီဆိုတဲ့ နာမည်နောက်မှာ သမိုင်းတစ်ခု ရှိနေပါသေးသတဲ့။ အရင်တုံးက ကီဝီသီးကို တရုပ်လို Yang Tao လို့ခေါ်ပြီး နောက်ပိုင်းမှာ တရုပ်ဆီးဖြူလို့လည်း ခေါ်ကြပါတယ်။

play

 

တရုပ်နိုင်ငံကနေတဆင့် ဥရောပတိုက်ကို ပျံ့နှံရောက်ရှိသွားခဲ့ပြီး အားလုံးသိကြတဲ့အတိုင်း ကီဝီသီးဖြစ်လာခဲ့ပါတယ်။ ကီဝီသီးဆိုတာ နယူးဇီလန်နိုင်ငံရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ မပျံသန်းတတ်တဲ့ ကီဝီငှက်ကို အစွဲပြုပြီး ခေါ်ဝေါ်ထားပါတယ်။

ကီဝီသီးရဲ့ ပြိုင်စံရှားအရသာကို ဖယ်ထားမယ်ဆိုရင်တောင် ကီဝီသီးဟာ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်အတွက်တော့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်တဲ့ ရတနာတစ်မျိုးလည်း ဖြစ်ပါတယ်။ အဲဒါတွေကတော့...

၁။ ဖောလစ်အက်ဆစ်ကြွယ်ဝတယ်

play
 

သစ်သီးတစ်လုံးရဲ့စွမ်းအားက ရုက္ခစိုးနတ်တစ်ပါးနဲ့ တူညီနေလိမ့်မယ်လို့ ဘယ်သူမှ စိတ်ကူးခဲ့မိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကီဝီသီးမှာ အမျိုးသမီးတွေအတွက် ကိုယ်ဝန်ရရှိနိုင်ခြေ ပိုများစေတဲ့ အစွမ်းသတ္တိတစ်မျိုးပါဝင်နေပါတယ်။ အဲဒါကတော့ ကီဝီသီးမှာ ကြွယ်ဝစွာ ပါဝင်တဲ့ ဖောလစ်အက်ဆစ် (folic acid) ပါပဲ။ ဖောလစ်အက်ဆစ်ဟာ အမျိုးသမီးတွေရဲ့ သားအိမ်နဲ့ မျိုးဥကို အားကောင်းစေပြီး ကိုယ်ဝန်ရနိုင်ခြေကို တိုးတက်စေတာပါ။ ဒါ့အပြင် ကီဝီသီးမှာပါဝင်တဲ့ ဖောလစ်အက်ဆစ်ဟာ ကိုယ်ဝန်ဆောင်မိခင်တွေ လျှောလျှောလျှူလျှူ ကလေးမီးဖွားနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ၏

 

ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ကီဝီသီးထဲမှာပါဝင်တဲ့ ဖောလစ်အက်ဆစ်ဟာ မိခင်တင်မက ဗိုက်ထဲက ကလေးရဲ့ ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်ပါတယ်။ ကလေးလေးတွေမှာ လိုအပ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဖောလစ်အက်ဆစ်က အကူအညီပေးနိုင်ပါတယ်။ တချို့ကလေးတွေမှာ ဖြစ်တတ်တဲ့ အာရုံကြောမကြီး မပြည့်စုံခြင်းရောဂါ (Spina Bifida) ကိုလည်း မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။

၂။ အမျှင်ဓာတ်ကြွယ်ဝတယ်

play
 

ကိုယ်ဝန်ဆောင်မိခင်တွေ ကီဝီသီး စားသုံးပေးသင့်တဲ့ နောက်ထပ် အကြောင်းရင်းတစ်ခုကတော့ ကီဝီသီးရဲ့ အမျှင်ဓာတ် ကြွယ်ဝမှုကြောင့်ပါပဲ။ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်နေချိန်မှာ ကြုံတွေ့ရနိုင်တဲ့ ပြဿနာတစ်ခုကတော့ ဝမ်းချုပ်ခြင်းနဲ့ ဟော်မုန်းပြောင်းလဲခြင်းပါပဲ။

ကီဝီသီးထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ဒီပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။ ဒါ့အပြင် ကီဝီသီးကို နေ့စဉ် စားသုံးပေးမယ်ဆိုရင် အစာအိမ်လေထိုးလေအောင့်ခြင်း၊ ဗိုက်အောင့်ခြင်း၊ မူးဝေခြင်း အစရှိတဲ့ ကိုယ်ဝန်ဆောင်နေချိန် အစာခြေအင်္ဂါ အဖွဲ့အစည်းဆိုင်ရာ ပြဿနာတွေကိုလည်း ကင်းဝေးစေနိုင်ပါတယ်။

၃။ antioxidant ကြွယ်ဝတယ်

play
 

ကီဝီသီးဟာ antioxidant လည်း ကြွယ်ဝတဲ့အတွက် ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာမယ့် free radical တွေကိုလည်း တိုက်ထုတ်နိုင်ပါတယ်။ အဲဒီ free radical တွေဟာ ခန္ဓာကိုယ်ထဲကို ဝင်ရောက်လာမယ့် ကူးစက်ရောဂါတွေနဲ့ ဖျားနာခြင်းတွေကို တိုက်ထုတ်ပေးနိုင်ပြီး ကိုယ်ခံအားစနစ်ကိုလည်း ပိုမိုကောင်းမွန်စေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ခံအား ကောင်းမွန်ခြင်းဆိုတာ မိခင်ရော၊ ကလေးပါ ကျန်းမာစေဖို့အတွက်ပဲလေ။

Source: Stylecraze

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ