Food & Recipe: အချဉ်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတွေကို ပုံမှန်စားသုံးပေးသင့်တဲ့ အကြောင်းရင်း (၄) မျိုး

အချဉ်ဓာတ်ပါသော သီးနှံများ (citrus fruits) ထဲမှာ လိမ္မော်သီး၊ ဂရိတ်ဖရုထ်သီး၊ သံပရာသီး (lime) နဲ့ သံပရိုသီး (lemon) တို့ ပါဝင်ပါတယ်။

အချဉ်ဓာတ်ပါသော သီးနှံများ (citrus fruits) ထဲမှာ လိမ္မော်သီး၊ ဂရိတ်ဖရုထ်သီး၊ သံပရာသီး (lime) နဲ့ သံပရိုသီး (lemon) တို့ ပါဝင်ပါတယ်။ သူတို့ကို citrus fruit လို့ ခေါ်ရခြင်း အကြောင်းရင်းက ဆစ်ထရစ်အက်ဆစ် (citric acid) ကြွယ်ဝစွာပါဝင်မှုနဲ့ လုံးဝန်းတဲ့ပုံသဏ္ဍာန်ရှိခြင်းတို့ကြောင့်ပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ အခွံက သားရေသားလို ချောမွေ့နေပြီး အထဲက အသားကတော့ အရည်ရွှမ်းပါတယ်။

play

 

Citrus fruit တွေဟာ ကျန်းမာရေးအကျိုးကျေးဇူးများစွာ ပါဝင်တဲ့ အာဟာရဓာတ် သိုလှောင်ရုံတွေလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ကယ်လိုရီတွက်ချက် နေရတဲ့ ဝိတ်ကျလိုသူတွေအတွက်တော့ အကောင်းဆုံးပါပဲ။ အရွယ်တော် လိမ္မော်သီးတစ်လုံးမှာ ၆၀ ကနေ ၈၀ ကယ်လိုရီခန့် ပါဝင်သလို ဂရိတ်ဖရုထ်သီးတစ်လုံးမှာလည်း ၉၀ ကယ်လိုရီခန့် ပါဝင်ပါတယ်။

Citrus fruit ထဲမှာပါဝင်တဲ့ ကာဘိုဟိုက်ဒရိတ်တွေဟာ ဂလူးကို့စ်၊ ဆူးခရို့စ်နဲ့ ဖရူးတို့စ်တို့ ဖြစ်ပြီး ကိုလက်စထရောတွေကို တိုက်ဖျက်ပေးနိုင်တဲ့ pectin အမျှင်ဓာတ်တွေနဲ့ အချိုးကျ ပေါင်းစည်းထားပါတယ်။

အချဉ်ဓာတ်ကဲတဲ့ ဒီအသီးလေးတွေမှာ ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါဝင်နေပါတယ်။ အဲဒါတွေကတော့....

၁။ အသားအရေလှစေတယ်

play
 

ဒီသစ်သီးတွေထဲမှာ ပါဝင်တဲ့ ဗိုက်တာမင်စီဟာ အရေပြားကို နုပျိုကျန်းမာစေပါတယ်။ နောက်ထပ်ပါဝင်ပစ္စည်းတစ်မျိုးဖြစ်တဲ့ ascorbi acid ကတော့ ခန္ဓာကိုယ်ထဲမှာ collagen တွေကို ထိန်းသိမ်းပေးနိုင်ပြီး အဲဒီ collagen တွေက အရေပြားရဲ့ ကြုံ့ဆန့်နိုင်စွမ်းကို တိုးတက်စေပါတယ်။ သံပုရာသီးအခွံနဲ့ အရေပြားကို ပွတ်ပေးမယ်ဆိုရင် ချွေးပေါက်လေးတွေကို ပိုမိုကျယ်စေနိုင်ပြီး အရေပြား ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေကိုလည်း အချိန်တိုအတွင်း ဖယ်ရှားနိုင်ပါတယ်။

၂။ ဆံပင်ကျန်းမာရေးကို အထောက်အကူပြုတယ်

play
 

Citrus fruit တွေကို စားသုံးပေးခြင်းက ဆံပင်ကျွတ်ခြင်းကိုလည်း တားဆီးပေးနိုင်ပါတယ်။ ဗိုက်တာမင်စီ ပါဝင်မှုကတော့ ဆံပင်တစ်ချောင်းချင်းစီကို ပိုမိုသန်မာစေနိုင်ပါတယ်။ ဒါ့အပြင် ဗောက်ထခြင်းနဲ့ ဦးရေပြားယားယံခြင်းကိုလည်း လျော့နည်းစေနိုင်ပါတယ်။ နောက်ပြီး ဆံပင်တွေကို နေရောင်ခြည်မှာပါဝင်တဲ့ ခရမ်းလွန်ရောင်ခြည် အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။

 

၃။ ကင်ဆာတိုက်ဖျက်နိုင်တယ်

play
 

Citrus fruit တွေမှာ ကင်ဆာတိုက်ဖျက်နိုင်တဲ့ အံ့သြဖွယ်အကျိုးကျေးဇူးတွေ ပါဝင်ပါတယ်။ အထူးသဖြင့် လိမ္မော်သီးနဲ့ ဂရိတ်ဖရုထ်သီးမှာ flavanone ဆိုတဲ့ အာဟာရဓာတ်တွေ ပါဝင်ပြီး အဲဒီအာဟာရဓာတ်တွေက ကင်ဆာရောဂါနဲ့ လေဖြတ်လေငန်း ရောဂါကို တားဆီးကာကွယ်ပေးနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ Citrus fruit တွေထဲမှာ flavanoid (ဖလာဗာနွိုက်)၊ ဖောလိတ်ထ်၊ ကာရိုတီနွိုက်နဲ့ ဗိုက်တာမင်စီတို့လို ကင်ဆာကာကွယ်နိုင်တဲ့ ဓာတ်တွေလည်း ပါရှိပါသေးတယ်။

၎။ တက်ကြွလန်းဆန်းစေတယ်

play
 

အချဉ်ဓာတ်ကြွယ်ဝတဲ့ citrus fruit တွေကို စားသုံးမှီဝဲပေးခြင်းက စိတ်ကျရောဂါနဲ့ အိပ်ရေးပျက်ခြင်းကိုလည်း ကာကွယ်တားဆီး ပေးနိုင်ပါတယ်။ တစ်နည်းအားဖြင့် စိတ်နဲ့ခန္ဓာကို လန်းဆန်းစေနိုင်ပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျနေချိန်တွေနဲ့ စိတ်ရောလူပါ ဂျုံးဂျုံးကျနေချိန်တွေမှာ citrus fruit တစ်မျိုးမျိုးပါဝင်တဲ့ ကော့တေးလ်လေးတစ်ခွက် သောက်လိုက်ခြင်းက ကူညီပေးနိုင်တာ ဖြစ်ပါတယ်။

Source: Youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ