Food & Recipe: တူနာငါးအစားထိုး အသားတုကို သိပ္ပံပညာရှင်များ ဖန်တီးပြုလုပ်နေ

ကျွန်တော်တို့ လူသားမျိုးနွယ်စုဟာ အစုံစားသတ္တဝါတွေ ဖြစ်တာနဲ့အညီ အသား၊ အရွက်၊ အသီး၊ အပွင့် စသဖြင့် စားလို့ရတာ မှန်သမျှကို စားကြ၊ ဝါးကြပါတယ်။

၂၁ ရာစုဟာ သိပ္ပံနည်းပညာတိုးတက်မှုတွေနဲ့ ပြီးခဲ့တဲ့ ရာစုနှစ်တွေထက် များစွာရှေ့ရောက်ခဲ့တာတော့ အမှန်ပါပဲ။ စမတ်ဖုန်းတွေ၊ အွန်လိုင်းပေါ်က ဈေးဝယ်ဈေးရောင်းခြင်းတွေ၊ စက်ရုပ်နည်းပညာတွေ၊ ပုံရိပ်ယောင်နည်းပညာတွေ စသဖြင့် ၂၁ ရာစုရဲ့ လူနေမှု ပုံစံဟာလည်း များစွာပြောင်းလဲခဲ့ပါပြီ။

ဒါပေမယ့် အဲဒီလို တိုးတက်ပြောင်းလဲမှုတွေနဲ့အတူ ကမ္ဘာကို ချိန်းခြောက်နေတဲ့ ရောဂါဆိုးတွေ၊ ကမ္ဘာကြီးပိုမိုပူနွေးလာမှုတွေ၊ သက်ရှိဂေဟစနစ် ပျက်သွင်းလာမှုတွေလည်း လိုက်ပါလာပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကို ထိန်းချုပ်ဖို့နဲ့ မျိုးသုန်းလုနီး သက်ရှိမျိုးစိတ်တွေကို ထိန်းသိမ်းဖို့ လိုအပ်လာပါတယ်။

play

 

ကျွန်တော်တို့ လူသားမျိုးနွယ်စုဟာ အစုံစားသတ္တဝါတွေ ဖြစ်တာနဲ့အညီ အသား၊ အရွက်၊ အသီး၊ အပွင့် စသဖြင့် စားလို့ရတာ မှန်သမျှကို စားကြ၊ ဝါးကြပါတယ်။ အဲဒီထဲမှာ ရေနေသတ္တဝါတွေ စားသုံးမှုကို ထိပ်ဆုံးက ပါဝင်နေပါတယ်။ နှစ်စဉ် နှစ်စဉ် ငါးဖမ်းယူမှုတွေနဲ့ စားသုံးမှုတွေကြောင့် ရေချိုနဲ့ ရေငန်နေ ငါးမျိုးစိတ်တချို့တောင် မျိုးသုဉ်းပျောက်ကွယ်လု ဖြစ်နေပြီလို့ သိရပါတယ်။

ဒီအခြေအနေကို ထိန်းချုပ်နိုင်ဖို့ အသားအစားထိုး အစားအစာတွေကို တီထွင်ပြုလုပ်လာကြပါတယ်။ တကယ်လို့ ခင်ဗျားဟာ သက်သတ်လွတ်သမားတစ်ယောက်ဖြစ်ပြီး ချိစ် (ဒိန်ခဲ) ကိုလည်း စားချင်တယ်ဆိုရင် နွားနို့မပါတဲ့ သီဟိုသရက်စေ့နဲ့ ပြုလုပ်ထားတဲ့ ဒိန်ခဲရှိပါတယ်။

play

 

ဒါမှမဟုတ် ဟမ်ဘာဂါကိုမှ စားချင်ပါတယ်ဆိုရင်လည်း အသားဘာဂါနဲ့တူအောင် အထဲက အနီရောင်အရည် (သွေးတွေ) စီးကျလာသလိုဖြစ်အောင် ဖန်တီးထားတဲ့ ဘာဂါလည်း ရှိပါသေးတယ်။ လန့်တော့ လန့်မသွားပါနဲ့။ အဲဒီအရည်တွေကို ဗီတွတ် (သကြား မုန်လာဥနီ) နဲ့ ပြုလုပ်ထားတာပါ။ အခုဆိုရင် Impossible Foods ဆိုတဲ့ ကုမ္မဏီက ငါးအစားထိုး အသားတုကို ဖန်တီးပြုလုပ်နေပါပြီ။

Impossible Foods ကုမ္မဏီဟာ သွေးတုထွက်တဲ့ သက်သတ်လွတ်ဘာဂါကို ပြုလုပ်ဖန်တီးခဲ့တဲ့ ကုမ္မဏီဖြစ်သလို ၂၀၃၅ ခုနှဏ်မှာ အသားအားလုံးကို အပင်ကထုတ်လုပ်တဲ့ အသားအစားထိုး အသားတုတွေနဲ့ အစားထိုးသွားဖို့ ကြံရွယ်နေတာလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ Beyond ဘာဂါကို ပဲကထုတ်လုပ်တဲ့ ပရိုတိန်း၊ ကန်နိုလာဆီ၊ စားအုန်းဆီ၊ သကြားမုန်လာဥနီဖော်ရည်တို့နဲ့ ပြုလုပ်ထားတာ ဖြစ်ပါတယ်။

play

 

Tasting Table ဆိုတဲ့ အစားအသောက် ဝေဖန်ရေးဝက်ဘ်ဆိုဒ် အဖွဲ့သားတွေ သွားရောက်မြည်းစမ်းခဲ့စဉ်ကဆိုရင် "ဒီဘာဂါရဲ့ အရသာကောင်းမွန်မှုကို ဘယ်သူမှ ယုံနိုင်မှာ မဟုတ်ပါဘူး။ အသားတုက နည်းနည်းတော့ပျော့တယ်ထင်ရပေမယ့် အရသာက အသားအစစ်နဲ့ ခွဲမရအောင် တူတဲ့အပြင် စားလို့လည်း အရမ်းကောင်းပါတယ်" လို့ ဆိုခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဖန်တီးနေဆဲဖြစ်တဲ့ ငါးအစားထိုး အသားတုကိုတော့ heme လို့ခေါ်တဲ့ သံဓာတ်ပါဝင်တဲ့ မော်လီကျူးတစ်မျိုးနဲ့ ဖန်တီးမှာဖြစ်ပြီး ပဲပုပ်ပဲကနေ ထုတ်လုပ်ထားပါတယ်။ အဲဒီ ငါးအသားတုကို တူနာငါးအသားနေရာမှာ အစားထိုးဖို့ ဖန်တီးထားတာပါလို့ ကုမ္မဏီရဲ့ အမှုဆောင်အရာရှိချုပ် Pat Brown က San Jose Mercury သတင်းစာကို ပြောကြားခဲ့ပါတယ်။ ကုမ္မဏီရဲ့ သိပ္ပံပညာရှင်တွေဟာ ပဲပုပ်ပဲမှာပါဝင်တဲ့ heme ဓာတ်ဟာ အသားအစားထိုး အသားတုတစ်မျိုးကို ပြုလုပ်ဖို့ သော့ချက်ဖြစ်မှန်း ရှာဖွေတွေ့ရှိခဲ့ကြတာပါ။

 

ဇီဝဓာတုပညာရှင်တစ်ဦးလည်းဖြစ်တဲ့ Brown ဟာ ပဲပုပ်ပဲကနေ heme ထုတ်ယူတဲ့နည်းပညာကို မူပိုင်ခွင့်တင်ထားပြီးပါပြီ။ တူနာငါးဟာ ဆူရှီဈေးကွက်မှာ အလွန်အရေးပါပြီး အလွန်အကျွံ ဖမ်းဆီးမှုတွေကြောင်း မျိုးသုဉ်းမယ့်အန္တရာယ်ထဲမှာ ပါဝင်နေတဲ့ ငါးမျိုးစိတ် (၃) မျိုးထဲမှာ ပါဝင်နေပါတယ်။ ဒါကြောင့် ငါးအစားထိုး အသားတုနည်းပညာဟာ မရှိမဖြစ် လိုအပ်လာတော့မှာပါ။ နောက်ပြီး ငါးအစားထိုး အသားတု ပေါ်ပေါက်လာရင် အနည်းဆုံးတော့ လူသားတွေ ရေနေသတ္တဝါတွေကို ဖမ်းဆီးသတ်ဖြတ်ခြင်း လျော့နည်းလာပြီး ဂေဟစနစ်ကို ပြန်တင်ကယ်တင်လာနိုင်မှာပါ။

Brown ဟာ ၂၀၁၁ ခုနှစ်မှာ Impossible Foods ကို စတင်ခဲ့ပြီး Microsoft တည်ထောင်သူ သူဋ္ဌေးကြီး Bill Gates ဆီက ရင်းနှီးမြှုပ်နှံငွေကို ရရှိခဲ့ပါတယ်။ အဲဒီကမှတဆင့် သူဟာ သွေးတုထွက်တဲ့ ဘာဂါကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ နှစ်စဉ် ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် Impossible Foods ကုမ္မဏီဟာ စီးပွားဖြစ်ခြံတစ်ခြံကို ကယ်လီဖိုးနီးယားပြည်နယ်၊ အုက်ကလန်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ဘာပဲပြောပြော အနာဂတ်မှာ အသားအစားထိုး အသားတုတွေ များများပေါ်ပေါက်လာလေလေ... ကမ္ဘာကြီး သက်ဆိုးရှည်ဖို့အတွက် အခွင့်အလမ်း ပိုများလာလေလေပါပဲ။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ