AD
AD
AD

ကြက်ဥဟာ ကမ္ဘာပေါ်မှာ လူစားအများဆုံး အစားအစာတစ်မျိုးဖြစ်တာနဲ့ အားလျော်စွာ နိုင်ငံအသီးသီးမှာ သူ့ရိုးရာအလိုက် ကြက်ဥကို ပုံစံအမျိုးမျိုးနဲ့ ချက်ပြုတ်စားသောက်ကြပါတယ်။ ကြက်ဥကို အခြေခံပြီး နိုင်ငံရဲ့ယဉ်ကျေးမှုနဲ့ ကိုက်ညီမယ့် ဟင်းခတ် အမွှေးအကြိုင်တွေ၊ ပါဝင်ပစ္စည်းတွေကို ထည့်သွင်းခြင်းအားဖြင့် တမူထူးကဲတဲ့ ကြက်ဥကြော်နည်းတွေ ဖြစ်ပေါ်လာရပါတယ်။ အောက်မှာဖော်ပြထားတာကတော့ ကမ္ဘာပေါ်က မတူကွဲပြားတဲ့ ကြက်ဥကြော်နည်းလေးတွေပဲ ဖြစ်ပါတယ်။

၁။ Khai Chiao (ထိုင်းစတိုင်လ်)

play
 

ဒီထိုင်းစတိုင်လ် အုန်းမလက်ကြက်ဥကြော်လေးကတော့ ကြက်ဥကို ငံပြာရည်နည်းနည်းနဲ့ သမအောင်ခေါက်ပြီး ကျက်အောင် ကြော်ထားတာပါ။ ပြီးရင် ထမင်းဖြူနဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။ Khai Chaio ကြက်ဥကြော်ကိုပဲ ငံပြာရည်မထည့်ဘဲ အသားမွှေကြော်နဲ့ ရောစားရတဲ့ ဗားရှင်းကိုတော့ ထိုင်းစကားနဲ့ Khai Chiao Songkhrueang လို့ ခေါ်ပါတယ်။ ဒီထိုင်းစတိုင်လ် ကြက်ဥကြော်လေးကို Sriracha ဆော့စ်ဆိုတဲ့ အချဉ်ရည်နဲ့ တွဲဖက်စားသုံးလို့ ရပါတယ်။

၂။ Tamagoyaki (ဂျပန်စတိုင်လ်)

play
 

ဒီဂျပန်စတိုင်လ် ကြက်ဥကြော်လေးထဲမှာတော့ Bonito flakes (တူနာငါးခြောက်)၊ ပဲငံပြာရည်၊ ဂျပန်ဆန်အရက်နဲ့ သကြားတို့ ပါဝင်ပါတယ်။ ပါဝင်ပစ္စည်းတွေကို ကျက်အောင်ကြော်ပြီး အလိပ်လေးဖြစ်အောင် ပြန်လိပ်လိုက်တဲ့အချိန်မှာ အရသာရှိတဲ့ ဂျပန်စတိုင်လ် အုန်းမလက် ကြက်ဥလိပ်လေးကို ရရှိမှာဖြစ်ပါတယ်။ ပြီးရင်တော့ တစ်ကိုက်စာ အတုံးလေးတွေဖြစ်အောင် လှီးပြီး စားသုံးနိုင်ပါပြီ။ ဒီကြက်ဥကြော်လေးကိုတော့ ခရမ်ချဉ်သီးဆော့စ်၊ ထမင်းဖြူတို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

၃။ Frittata (အီတလီစတိုင်လ်)

play
 

အီတလီစတိုင်လ် ဒီကြက်ဥကြော်လေးထဲမှာတော့ ချိစ်၊ အသီးအရွက်တို့အပြင် pasta ခေါက်ဆွဲတောင် ပါဝင်နိုင်ပါတယ်။ ကြက်ဥတွေကို ခွက်တစ်လုံးထဲမှာထည့်ပြီး သမအောင်ခလောက်ပြီးရင် မိမိနှစ်သက်ရာ ပါဝင်ပစ္စည်းတွေ ရောထည့်လိုက်ရုံပါပဲ။ ပြီးရင် ဒယ်အိုးပြားတစ်ချပ်ထဲကို ထောပတ်နည်းနည်းထည့်၊ အပူပေးပြီး ထောပတ်ဆီ ပူလာပြီဆိုတော့မှ ပါဝင်ပစ္စည်းတွေကိုထည့်ပြီး ကြော်ပေးနိုင်ပါပြီ။

 

၎။ Hangtown Fry (အမေရိကန်စတိုင်လ်)

play
 

ဒီကြက်ဥကြော်လေးကတော့ အမေရိကန်စတိုင်လ်ဖြစ်ပြီး အုန်းမလက်ကြက်ဥကြော်ကို ကမာကောင်၊ ဝက်ပေါင်ခြောက် စတာတွေနဲ့ ရောမွှေထားတာပါ။ ကမာကောင်ကို ဂျုံမှုန့်၊ ကြက်ဥ၊ ပေါင်မုန့် အစရှိတာတွေနဲ့ ရောမွှေပြီးမှ ကြော်ထားတာပါ။ ရွှေညိုရောင် သမ်းလာတဲ့အထိ ကြော်ရပြီး ကျက်ပြီဆိုရင်တော့ ဝက်ပေါင်ခြောက်၊ ဆလပ်ရွက်တို့နဲ့ တွဲဖက်စားသုံးနိုင်ပါတယ်။

၅။ Iranian Omelets (အီရန်စတိုင်လ်)

play
 

အီရန်မှာတော့ အုန်းမလက်ကြက်ဥကြော် အမျိုးအစားအများကြီးရှိပါတယ်။ Nargesi ဆိုတာ ဟင်းနုနွယ်ရွက်နဲ့ ရောကြော်ထားတဲ့ ကြက်ဥကြော်ကို ခေါ်တာဖြစ်ပြီး Khagineh ဆိုတာကတော့ နွားနို့၊ သကြား စတာတွေနဲ့ ရောကြော်ထားတဲ့အတွက် ပန်ကိတ်နဲ့တောင် သွားဆင်ပါသေးတယ်။ Baghala Ghatogh ကတော့ ကြက်ဥထဲမှာ ပဲတောင့်ရှည်၊ စမြိတ်ပင်၊ ဟင်းခပ်အမွှေးအကြိုင် အစရှိတာတွေနဲ့ ရောမွှေပြီး ကြော်ထားတာပါ။

၆။ Masala Omelet (အိန္ဒိယစတိုင်လ်)

play
 

အိန္ဒိယစတိုင်လ် ကြက်ဥကြော်လေးကိုတော့ နိုင်ငံတဝှမ်းက ကြက်ဥချစ်သူတိုင်း နှစ်သက်ကြပါတယ်။ Masala Omelet ဟာ အိန္ဒိယနိုင်ငံရဲ့ နာမည်ကြော်ဟင်းခတ်အမွှေးအကြိုင်တွေကို ကြက်ဥနဲ့ ရောကြော်ထားတာဖြစ်ပြီး ပေါင်းစပ်လို့ရလာတဲ့ အရသာက တမူထူးကဲပါတယ်။ ချက်ရတာလည်း လွယ်ကူပြီး စားလို့လည်းကောင်းတဲ့ အိန္ဒိယရိုးရာ ကြက်ဥကြော်လေးကိုလည်း ထမင်းဖြူနဲ့ တွဲဖက် စားသုံးနိုင်ပါတယ်။

Source: Food.ndtv

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD