ခေတ်တွေ ဘယ်လိုပဲပြောင်းပြောင်း ကျွန်တော်တို့အားလုံး ကော်ဖီပူပူလေးတစ်ခွက်၊ လက်ဖက်ရည်ပူပူလေးတစ်ခွက်ကို နှစ်သက်ကြဆဲပါ။ ကဖင်းဓာတ်ပါဝင်တဲ့ အဲဒီသောက်စရာလေးတွေဟာ ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေပြီး တက်ကြွလန်းဆန်းစေတယ်လေ။

play

 

သောက်တဲ့အကြိမ်ရေ များလာတော့ ဒီကဖင်းဓာတ်လေးတွေကို ခန္ဓာကိုယ်က စွဲလမ်းလာပြီး မသောက်ရရင် မနေနိုင်ဖြစ်လာပါတယ်။ ဒါပေမယ့် ကဖင်းဓာတ်ပါဝင်တဲ့ ဒီအဖျော်ယမကာလေးတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဘာများသိပါသလဲ။ ဘာလို့ သူတို့ကိုသောက်လိုက်ရုံနဲ့ တစ်နေ့တာအတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေနိုင်တာလဲ။ အဖြေကတော့ ကဖင်းဓာတ်ပါ။

ကဖင်းဓာတ်ဟာ သဘာဝလှုံ့ဆော်ပစ္စည်းတစ်မျိုးဖြစ်သလို အားဆေးတစ်မျိုးလည်းဖြစ်ပြီး ဦးနှောက်နဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ လှုံ့ဆော်မှုတွေကို ပေးစွမ်းနိုင်ပါတယ်။

ခန္ဓာကိုယ်ထဲမှာ ကဖင်းဓာတ်က ဘယ်လိုအလုပ်လုပ်လဲ

play
 

သောက်သုံးပြီးချိန်မှာ ဒီသဘာဝလှုံ့ဆော်ပစ္စည်းလေးဟာ သွေးကြောထဲကို လျင်မြန်စွာဝင်ရောက်သွားပါတယ်။ ပြီးတာနဲ့ အသည်းဆီကို ခရီးဆက်သွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးက စုပ်ယူနိုင်တဲ့ ဒြပ်ပေါင်းလေးတွေအဖြစ် ပြောင်းလဲသွားပါတယ်။

ဒါပေမယ့် ကဖင်းဓာတ်ရဲ့ အဓိကလုပ်ဆောင်မှုက ဦးနှောက်ကို ဦးတည်ပါတယ်။ ကဖင်းဓာတ်ဟာ ဦးနှောက်ကို သက်တောင့်သက်သာ ဖြစ်စေတဲ့ adenosine လို့ခေါ်တဲ့ အာရုံကြောလှုံ့ဆော်ပစ္စည်းလေးတွေရဲ့ လုပ်ဆောင်မှုကို ပိတ်ပင်တားဆီးခြင်းဖြင့် လူကို တက်ကြွလန်းဆန်းစေပါတယ်။

 

နောက်ပြီး ဦးနှောက်ရဲ့ အာရုံကြောတုံ့ပြန်ပစ္စည်းလေးတွေကို ဆက်စပ်ပေးခြင်းဖြင့် လူကို နိုးကြားသွက်လက် နေစေနိုင်ပါတယ်။ နောက်ပြီး adenosine ရဲ့လုပ်ဆောင်မှုတွေကိုလည်း ပိတ်ပင်ထားတဲ့အတွက် တစ်နေ့တာလုံး ပင်ပန်းမှုတွေကို လျော့နည်းစေပါတယ်။

လူကို ရုတ်တရက် နိုးကြားသွက်လက်လာစေနိုင်တဲ့ သွေးထဲက adrenaline ဆိုတဲ့ ဓာတ်တစ်မျိုးလည်း ပေါ်ထွက်လာစေနိုင်ပြီး ဦးနှောက်ထဲက အာရုံကြောလှုံ့ဆော်ပစ္စည်းတွေဖြစ်တဲ့ norepinephrine တို့၊ dopamine တို့ရဲ့လုပ်ဆောင်မှုကိုလည်း တိုးမြှင့်ပေးပါတယ်။ အဲဒီနှစ်ခုကို ပေါင်းစပ်လိုက်ခြင်းက ဦးနှောက်ကို လှုံ့ဆော်ပေးပြီး အာရုံစူးစိုက်မှု၊ တက်ကြွမှုတို့ကို မြင့်တက်လာစေနိုင်တာပါ။

play

 

ကဖင်းဓာတ်ဟာ ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ခြေ ရှိမရှိကို သိရဖို့အတွက် သုတေသနပေါင်းများစွာ ပြုလုပ်ခဲ့ကြပါတယ်။ သုတေသနတွေအရတော့ ကဖင်းဓာတ်ပါဝင်မှုများပြားတဲ့ ကော်ဖီတို့၊ လက်ဖက်ရည်တို့ကို ချင့်ချိန်သောက်သုံးတတ်မယ်ဆိုရင် ဦးနှောက်နဲ့အာရုံကြော အားနည်းတဲ့ ရောဂါတွေဖြစ်တဲ့ စိတ်ကစဉ့်ကလျားရောဂါတို့၊ အယ်လ်ဇိုင်းမားရောဂါတို့ကိုတောင် ကာကွယ်ပေးနိုင်ပါတယ်တဲ့။

နောက်ပြီး ကဖင်းဓာတ်ပါဝင်တဲ့ သောက်စရာတွေထဲမှာ ကော်ဖီနဲ့ လက်ဖက်ရည်ပဲ ပါဝင်တာတော့ မဟုတ်ပါဘူး။ ကိုလာတို့၊ စပရိုက်စ်တို့၊ အားဖြည့်အချိုရည်တို့၊ ချောကလက်ချောင်းတို့မှာလည်း ကဖင်းဓာတ်ပါဝင်ပါတယ်။ ဒါပေမယ့် ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးကတော့ ကော်ဖီနဲ့ လက်ဖက်ရည်ပါပဲ။

Source: Food.ndtv

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video