ရုံးပိတ်ရက်လေး တီဗီရှေ့ထိုင်ပြီး အာလူးကြော်တစ်ထုပ်၊ အအေးတစ်ဘူးနဲ့ ကိုရီးယားကားကြည့်ဖို့ ထိုင်လိုက်မိပြီ ဆိုကြပါစို့။ အစကတော့ နည်းနည်းပဲစားမယ်လို့ စိတ်ကူးထားပေမယ့် စားရင်း စားရင်း လက်ကို ဘရိတ်မအုပ်နိုင်တော့ဘဲ အာလူးကြော် တစ်ထုပ်လုံး ပြောင်သွားတာလည်း အကြိမ်ကြိမ်ပါပဲ။

play

 

တကယ်တမ်းကျတော့ အချစ်နဲ့ အာလူးကြော်ဝါးတယ်ဆိုတာ အစလုပ်မိရင် အရှိန်သပ်ဖို့ ခက်ခဲပါတယ်။ တကယ်တော့ အာလူးကြော်ဝါးပြီဆိုရင် လက်ရှိန်မသပ်နိုင်ရခြင်းရဲ့ နောက်ကွယ်မှာ သိပ္ပံနည်းကျအဖြေတစ်ခုလည်း ရှိလို့နေပါတယ်။

Frontiers in Psychology မဂ္ဂဇင်းမှာ ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခုအရဆိုရင် သုတေသီတွေက ဓာတ်ခွဲခန်းကြွက်တွေကို အစားအစာ (၃) မျိုးကြားမှာ စိတ်ကြိုက်ရွေးချယ်စေခဲ့ပါတယ်။ အဲဒီ အစားအစာ (၃) မျိုးကတော့ ပုံမှန်ကြွက်စာရယ်၊ အဆီနဲ့ ကာဘိုဟိုက်ဒရိတ် အရောရယ်၊ အာလူးကြော်ရယ်ပဲ ဖြစ်ပါတယ်။ ဓာတ်ခွဲခန်းကြွက်လေးတွေဟာ တခြား (၂) ခုထက် အာလူးကြော်ကိုပဲ ရွေးချယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်တဲ့။

play

 

တကယ်တမ်းကျတော့ အာလူးကြော်တွေမှာ အဓိကပါဝင်တဲ့ အရသာကတော့ အဆီနဲ့ အငန်ဓာတ်ပါပဲ။ ဆေးဘက်ဆိုင်ရာ သုတေသနတွေအရဆိုရင် အငန်ဓာတ်စားသုံးခြင်းဟာ ဦးနှောက်ထဲက သာယာပျော်ရွှင်မှုတွေကို အချက်ပြထုတ်လုပ်ပေးတဲ့ နေရာကို ထိန်းချုပ်နိုင်တဲ့ ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ dopamine ကို ထွက်လာစေနိုင်ပါတယ်။ အဲဒီ dopamine ကလည်း တစ်ကြိမ်ထွက်လာပြီ ဆိုတာနဲ့ သာယာပျော်ရွှင်မှုတွေကို ဖြစ်လာစေနိုင်ပြီး မသိစိတ်က ထပ်ခါထပ်ခါ လိုချင်လာပါတော့တယ်။ ဒါကြောင့် အာလူးကြော်တွေကို အဆက်မပြတ် ဝါးမိတော့တာပါပဲ။

play

 

သြစတြေးလျ သုတေသနတစ်ခုမှာတော့ အရွယ်ရောက်ပြီး ပုဂ္ဂိုလ် (၄၈) ဦးကို တစ်နေ့ကို ထမင်း (၄) ကြိမ်ကျွေးပြီး စိတ်ကြိုက်စားစေခဲ့ပါတယ်။ အစားအစာတွေကို အဆီနဲ့ ဆားပါဝင်မှု ပမာဏကို နည်းနည်းလေး ပြောင်းလဲထားတာကလွဲရင် ပုံစံတူပဲ ဖန်တီးထားတာပါ။ ဆော့စ်တွေကိုလည်း အဆီနည်းပြီး ဆားနည်းတာ၊ အဆီနည်းပြီး ဆားများတာ၊ အဆီများပြီး ဆားနည်းတာ၊ အဆီများပြီး ဆားများတာ ဆိုပြီး (၄) မျိုးစီမံထားပါတယ်။ ပါဝင်သူတွေဟာ ဒီအစားအစာတွေကို (၄) ပတ်တိတိ စားသုံးကြည့်ရပါမယ်။

 

အစားအစာထဲမှာ အဆီဘယ်လောက်များများ ပါဝင်သည်ဖြစ်ပါစေ... ဆော့စ်ထဲမှာ ဆား (အငန်ဓာတ်) များများပါဝင်နေမယ်ဆိုရင် ဗော်လန်တီယာတွေဟာ ကယ်လိုရီ (၁၁) ရာခိုင်နှုန်း ပိုစားမိစေနိုင်ပါတယ်လို့ Nutrition ဂျာနယ်ထဲမှာ ဖော်ပြခဲ့တဲ့ သုတေသနစာတမ်း ရလဒ်တွေက ဖော်ပြနေပါတယ်။ အဆီများတဲ့ ဆော့စ်နဲ့ တွဲဖက်စားသုံးမယ်ဆိုရင်တော့ ဗော်လန်တီယာတွေဟာ ကယ်လိုရီ (၆၀) ရာခိုင်နှုန်း ပိုစားမိစေနိုင်ပါတယ်။ ဒါကလည်း အစားအစာ ပိုများများစားမိတာနဲ့တော့ သိပ်မဆိုင်ပါဘူး။ အဆီများတဲ့ အစားအစာမှာ ကယ်လိုရီ များများပါဝင်နေလို့ပါပဲ။

play

 

ယေဘုယျအားဖြင့်တော့ အဆီဓာတ်ဟာ အစားအစာတစ်မျိုးကို ပိုမိုစိတ်ကျေနပ်စရာ ကောင်းစေပြီး လူတွေကို ထပ်ခါထပ်ခါ စားချင်စိတ် ဖြစ်မလာစေနိုင်ပါဘူး။ အငန်ဓာတ် လျော့နည်းတဲ့ အစားအစာဆိုရင်လည်း အလွန်အကျွံ စားသုံးမှု မဖြစ်စေနိုင်ဘဲ မိမိကိုယ်ကိုယ် ထိန်းချုပ်ရတာ ပိုမိုလွယ်ကူစေနိုင်ပါတယ်။

ဒါပေမယ့် အစားအစာထဲကို ဆားထည့်လိုက်ပြီဆိုရင်တော့ အဲဒီ ထိန်းချုပ်ထားသမျှဟာ ပျောက်ကွယ်သွားမှာပါလို့ Deakin တက္ကသိုလ်က အာရုံခံဋ္ဌာနမှူး ပါမောက္ခ Russel Keast က ဆိုပါတယ်။ ဒါကြောင့် အာလူးကြော်တွေ အဆီများပေမယ့် ဆားမပါရင်တောင် ဘယ်သူမှ များများဝါးမိစေနိုင်မှာ မဟုတ်ပါဘူး။ အငန်ဓာတ်နဲ့ ရသာမှုန့်လေးတွေ စနစ်တကျ ဖြူးထားတဲ့ အာလူးကြော်ဆိုရင်တော့ နောက်တစ်ထုပ်ကိုတောင် လက်လှမ်းစေမိမှာပါ။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video