စီးပွားရေးတိုးတက်ပြောင်းလဲမှုတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာ့လှည့်ခရီးသွားလုပ်ငန်းမှာလည်း နှစ်စဉ် တိုးတက်မှုတွေ ရှိနေပါတယ်။ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်လာရောက်မှု (၈) သိန်း ကနေ (၆) သန်းအထိ တိုးမြင့်လာခဲ့ပါတယ်။ ဒီကိန်းဂဏန်းတွေက ရှေ့လျှောက်ပိုများလာဖို့ပဲရှိတော့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဟိုတယ်နဲ့ အစားအသောက်ဝန်ဆောင်မှု လုပ်ငန်းတွေမှာလည်း ကမ္ဘာ့အဆင့်မီဖို့ လိုအပ်လာပါတယ်။

play

 

ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့နဲ့ အရည်အသွေးပိုမိုပြည့်ဝတဲ့ စားဖိုမှူးတွေကို ဖော်ထုတ်ပေးနိုင်ဖို့ ရည်ရွယ်ချက်တွေနဲ့အတူ Myanmar Executive Chef Club နဲ့ AMB Tarsus Events Group တို့မှ ပူးပေါင်းကျင်းပတဲ့ Myanmar Professional Culinary & Hospitality Competition 2017 ပြိုင်ပွဲကြီးကို ကျင်းပသွားတော့မှာပါနော်။ ပြိုင်ပွဲကာလကတော့ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၄ရက်နေ့အထိဖြစ်ပြီး ရန်ကုန်မြို့မင်းဓမ္မလမ်းမှာရှိတဲ့ MEP (Myanmar Event Park) မှာ  ပြုလုပ်သွားမှာပါ။

play

 

ပြိုင်ပွဲမှာပါဝင်မယ့် အခန်းကဏ္ဍတွေကတော့ Myanmar Black Box Culinary Challenge (ဟင်းချက်ပြိုင်ပွဲ)၊ Myanmar National Pastry Challenge (မုန့်ဖုတ်ခြင်းနဲ့ မုန့်အလှဆင်ပြိုင်ပွဲ)၊ Myanmar Ice Carving Competition (ရေခဲပန်းပု အလှဆင်ပြိုင်ပွဲ)၊ Myanmar Fruit & Vegetable Carving Competition (သစ်သီးအလှပုံဖော်ပြိုင်ပွဲ) နဲ့ Latte Art Championship (လက်တေးလ်ကော်ဖီ အလှဆင်ပြိုင်ပွဲ) တို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း စိတ်ဝင်စားသူတွေအတွက်လည်း Bed Making Competition (အိပ်ယာခင်းကျင်းခြင်း ပြိုင်ပွဲ) လည်း ပါဝင်ပါသေးတယ်။

play

 

သူများနဲ့ မတူ တမူထူးခြားတဲ့ ဟင်းပွဲတွေကို ဖန်တီးပြုလုပ်နိုင်တယ်လို့ မိမိကိုယ်ကိုယ် ယုံကြည်တဲ့ စားဖိုမှူးတွေနဲ့ ဟင်းချက် ဝါသနာရှင်တွေကတော့ Black Box Culinary Challange ကို ဝင်ရောက်ယှဉ်ပြိုင်သင့်ပါတယ်။

 

Myanmar National Pastry Challenge (မုန့်ဖုတ်ခြင်းနဲ့ မုန့်အလှဆင်ပြိုင်ပွဲ) ကတော့ ပေါင်မုန့်၊ ကိတ်မုန့်၊ ကွတ်ကီး စတာတွေကို လှပပြီး ထူးခြားတဲ့ ပုံစံလေးတွေဖြစ်အောင် ဖန်တီးပြုလုပ်နိုင်တဲ့ မုန့်ဖုတ်ကျွမ်းကျင်ပညာရှင်တွေအတွက် လက်ရည်စမ်းဖို့ နေရာတစ်ခုပါပဲ။

play

 

ရေခဲအလှဆင်အနုပညာဆိုတာ တခြားနိုင်ငံတွေမှာ ခေတ်စားပေမယ့် ဒီနိုင်ငံမှာတော့ သိပ်ခေတ်မစားသေးပါဘူး။ ရေခဲကို ပုံသဏ္ဍာန်ဖော်ရတာ သစ်သားပေါ်မှာ ပန်းပုထုရတာထက် ပိုမိုခက်ခဲပါတယ်။ လက်လည်း ဝင်ပါတယ်။ ဒီလိုအနုပညာမျိုးကို စိတ်ဝင်စားတဲ့ ကျွမ်းကျင်ပညာရှင်တွေအတွက်တော့ Myanmar Ice Carving Competition (ရေခဲပန်းပု အလှဆင်ပြိုင်ပွဲ) က အဆင်သင့်ပါပဲ။

play

 

Myanmar Fruit & Vegetable Carving Competition (သစ်သီးအလှပုံဖော်ပြိုင်ပွဲ) ကတော့ သစ်သီးဝလံတွေကို အလှအပစီရင်ပြီး ပုံစံဖော်တဲ့ ပြိုင်ပွဲလေးပဲဖြစ်ပါတယ်။ အစားအသောက်နဲ့ ပတ်သက်ရင် နောက်ဆုံးပြိုင်ပွဲကတော့ Latte Art Championship (လက်တေးလ်ကော်ဖီ အလှဆင်ပြိုင်ပွဲ) ဖြစ်ပြီး ကော်ဖီဖျော်ကျွမ်းကျင်ပညာရှင် (barista) တွေအတွက်တော့ အကောင်းဆုံးအခွင့်အလမ်းတစ်ရပ်ပါပဲ။ ဟိုတယ်ဝန်ဆောင်မှု ကျွမ်းကျင်ပညာရှင်တွေကတော့ Bed Making Competition မှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

play

 

Myanmar Professional Culinary Competition 2017 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်လိုတဲ့ စားဖိုမှူး (Chefs) တွေအနေနဲ့ ပြိုင်ပွဲဝင် လျှောက်လွှာတွေကို download ရယူပြီး အောက်တိုဘာလ ၂ ရက်နေ့ နောက်ဆုံးထားကာ ဖုန်းနံပါတ် 09 787247140/09 428200424 ကို Viber ကနေပဲဖြစ်ဖြစ်၊ ၊ဖုန်းဆက်ပြီးပဲဖြစ်ဖြစ် လျောက်ထားနိုင်ပြီး yu@ambtarsus.com/thuthu@ambtarsus.com ကိုလည်း အီးမေးလ်ပေးပို့ လျောက်ထား နိုင်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲဝင်မယ့် chef တွေနဲ့ House Keeper တွေသိရှိနိုင်အောင် ဟိုတယ်ကြီးတွေရဲ့ Kitchen ,Notice Board တွေနဲ့ House keeping office တွေမှာ poster တွေကပ်ပြီး ကြေညာပေးထားကာ ပြိုင်ပွဲအသီးသီးအတွက် လိုအပ်တွေကိုလည်း ဖေ့စ်ဘုတ်စာမျက်နှာ( https://www.facebook.com/Myanmar-Professional-Culinary-Hospitality-Competitions )ပေါ်မှာ အချိန်နဲ့တပြေးညီ ဖော်ပြသွားမယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video