AD
AD
AD

ယောက်ျားကောင်းတစ်ယောက်ဆိုတာ အိမ်ထောင့်တာဝန်ကို ကျေပွန်အောင် သယ်ပိုးနိုင်ဖို့အတွက် တာဝန်ရှိတာ အားလုံး သိထားကြပြီးသားပါ။ ဒါပေမယ့် အိပ်ယာတွင်း စွမ်းဆောင်ရည်ကလည်း အိမ်ထောင်ရေးသာယာမှု ရရှိစေနိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်။ အစားအသောက်၊ အနေအထိုင်ကို ထိန်းသိမ်းပေးရုံနဲ့လည်း အိမ်ထောင်ရေး ပိုမိုသာယာစေနိုင်ပါတယ်။ အိမ်ထောင်ရေး ပိုမိုသာယာစေနိုင်ဖို့ စားပေးနိုင်တဲ့ အစားအစာတွေကတော့...

၁။ အမဲရောင်ချောကလက်

play
 

အမဲရောင်ချောကလက်ဟာ ဦးနှောက်ထဲက serotonin နဲ့ dopamine ပမာဏကို တိုးတက်စေနိုင်ပြီး ကျွန်တော်တို့ကို ပိုမိုပျော်ရွှင် စေနိုင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုကိုလည်း ပိုမိုကောင်းမွန်အောင် မြှင့်တင်ပေးနိုင်ပါတယ်။ ဒါကြောင့် လက်တွဲဖော် (၂) ဦး ရွှေလက်တွဲခါနီးမှာ ချောကလက်နည်းနည်း စားပေးခြင်းက စိတ်ကျေနပ်မှုကို ပိုမိုမြင့်မားအောင် မြှင့်တင်ပေးနိုင်မှာပါ။

၂။ အစေ့အဆန်တွေ

play
 

သီဟိုဋ္ဌ်စေ့၊ ဟေဇယ်စေ့၊ သစ်ကြားစေ့တို့လို အစေ့အဆန်တွေကလည်း စွမ်းအင်ကို တိုးပွားးစေပြီး လိင်စိတ်ဖြစ်စေတဲ့ ဟော်မုန်းတွေကို ပိုများများထွက်လာအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ နောက်ပြီး မြေပဲစေ့လိုမျိုး အစေ့အဆန်တွေကလည်း ကျားဟော်မုန်း ပိုမိုအားကောင်းလာအောင် ထောက်ခံအားပေးပါတယ်။

၃။ ပန်းဂေါ်ဖီနဲ့ တရုပ်နံနံ

play
 

ပန်းဂေါ်ဖီကတော့ ပိုလျှံနေတဲ့ oestrogen (အမျိုးသမီး ဓမ္မတာနဲ့ဆိုင်တဲ့ ဟော်မုန်းတစ်မျိုး) ကို ဖယ်ရှားပေးနိုင်ပြီး testosterone (ကျားလိင်စိတ် ဟော်မုန်း) ကို ပိုမိုထွက်လာအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိပါတယ်။ တရုပ်နံနံကြီးကတော့ အမျိုးသားတွေ ချွေးထွက်ချိန်မှာ ထွက်လာတတ်တဲ့ အနံ့ကင်းမဲ့တဲ့ androsterone ဆိုတဲ့ ဟော်မုန်းတစ်မျိုးကို ထွက်လာစေနိုင်ပါတယ်။

၎။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာတော့ allicin လို့ခေါ်တဲ့ အာဟာရဓာတ်တစ်မျိုး ကြွယ်ဝစွာပါဝင်ပြီး အမျိုးသားတွေ အားစိုက်ထုတ်ချိန်မှာ ခွန်အားတိုးအောင် ကူညီပေးနိုင်တဲ့ သွေးလည်ပတ်မှု ပိုမိုမြန်ဆန်ခြင်း ဖြစ်လာအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့်လည်း မင်္ဂလာဆောင်ခါနီး သတို့သားတွေကို ပျားရည်နဲ့ ကြက်သွန်ဖြူ စိမ်စားဖို့ တိုက်တွန်းကြတာ ဖြစ်ပါတယ်။

 

၅။ ငါး

play
 

ငါးမှာ ဗိုက်တာမင်ဘီ ကြွယ်ဝစွာပါဝင်တဲ့အတွက် ရာဂစိတ်ပိုမို ဖြစ်ပေါ်လာအောင် ကူညီပေးနိုင်ပါတယ်။ ဗိုက်တာမင်ဘီ သရီးကတော့ လိင်အင်္ဂါတွေဆီကို သွေးစီးဆင်းမှု ပိုမိုကောင်းမွန် မြန်ဆန်စေနိုင်ပြီး လိင်ပိုင်းဆိုင်ရာခွန်အား တိုးစေတဲ့ အောက်ဆီဂျင်မဲ့ ဇီဝကမ္မ ဖြစ်စဉ်တွေကို ကြီးကြပ်ရာမှာ တာဝန်ရှိပါတယ်။ ငါးမှာ အဲဒီအာဟာရဓာတ်တွေ ကြွယ်ဝပါတယ်။

၆။ အုတ်ဂျုံမှုန့်

play
 

အုတ်ဂျူံမှုန့်ကတော့ သွေးစီးကြောင်းထဲမှာ တွေ့ရတဲ့ testoosterone (ကျားလိင်စိတ်ဟော်မုန်း) ပမာဏကို ပိုမိုများပြား လာစေနိုင်ပါတယ်။ အမေရိကန်နိုင်ငံ၊ ဆန်ဖရန်စစ်စကို တက္ကသိုလ်က သုတေသနရလဒ်တစ်ခုမှာတော့ နေ့စဉ်အစားအသောက် ထဲမှာ အုတ်ဂျုံမှုန့်ကို ထည့်သွင်းပေးခြင်းက (၈) ပတ်အတွင်း ကျားလိင်စိတ်ဟော်မုန်းတွေကို သိသိသာသာကြီး တိုးတက်ကောင်းမွန် လာစေနိုင်ပါတယ်တဲ့။

Source: Food.ndtv

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD