ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ ငါးပိ၊ ငါးခြောက် အရမ်းစားတဲ့ လူမျိုးတွေပါ။ အငန်လေးနည်းနည်း မပါရင် ထမင်းစားလို့ မမြိန်ဘူးလို့ ခံစားရသူတွေပါ။ အငန်များတဲ့ အစားအစာတွေ (ဆိုဒီယမ် ပါဝင်မှု မြင့်မားတဲ့ အစားအစာ) တွေဟာ တကယ်တမ်း ကျတော့ လူ့ကျန်းမာရေးအပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှုတစ်ခု ရှိစေနိုင်ပါတယ်။ အငန်စားတာများရင် ခန္ဓာကိုယ်မှာ ပြသလာမယ့် လက္ခဏာ (၆) မျိုးကတော့...

၁။ စိတ်မကြည်မလင်ဖြစ်မယ်

play
 

အငန်ဓာတ်အစားများခြင်းက ဦးနှောက်လုပ်ဆောင်မှုတွေကို အနှောင့်အယှက်ပေးနိုင်လိမ့်မယ်လို့ ဘယ်သူထင်ထားမလဲ။ ဒါပေမယ့် ၂၀၁၁ ခုနှစ်တုံးက ကနေဒါနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသန တစ်ခုအရတော့ အငန်ဓာတ်များတဲ့ အစားအစာတွေကို စားသုံးမိတဲ့ သူတွေဟာ ပုံမှန်လူတွေထက်စာရင် ဦးနှောက်နဲ့ အာရုံကြောယိုယွင်းမှု ဖြစ်နိုင်ခြေပိုများတယ်လို့ ဆိုထားပါတယ်။ အထူးသဖြင့် အသက်အရွယ်ရလာချိန်မှာ မိမိစားသုံးတဲ့ အစားအစာတွေထဲမှာ ပါဝင်တဲ့ အငန်ဓာတ်ကို သတိပြုစောင့်ကြည့်သင့်ပါတယ်။

၂။ ရေအရမ်းငတ်လာမယ်

play
 

ဆိုဒီယမ် (အငန်ဓာတ်) ပါဝင်မှုမြင့်မားတဲ့ အစားအစာတွေ (အာလူးကြော်၊ စပါဂတ်တီဆော့စ်နဲ့ ပတ်ပါရိုနီ ပီဇာ) တို့ဟာ ခင်ဗျားကို ပုံမှန်ထက်ပိုပြီး ရေငတ်စေနိုင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဆိုဒီယမ်က ခန္ဓာကိုယ်ထဲက အရည်ဓာတ်ကို စုပ်ယူနိုင်စွမ်းရှိလို့ပါပဲ။ ဒါကြောင့် ဆိုဒီယမ်ပါဝင်တဲ့ အစားအစာတွေကို စားထားရင် ရေများများသောက်ဖို့ ကြိုးစားပါ။ အဲဒီအချိန်မှာ ခန္ဓာကိုယ်ကလည်း ရေကိုတောင့်တနေပါလိမ့်မယ်။

၃။ ချွေးထွက်လွန်လာမယ်

ညဘက်မှာ အငန်များတဲ့ အစားအစာတွေကို စားလိုက်မိရင် နောက်တစ်နေ့မနက်ရောက်ရင် မအီမသာနဲ့ နေမထိ၊ ထိုင်မသာ ဖြစ်နေပါလိမ့်မယ်။ ဒီအခြေအနေကို edema လို့ခေါ်ပြီး ခန္ဓာကိုယ် တစ်ရှူးတွေထဲမှာ အရည်ပိုတွေ ထွက်လာတာကြောင့် ဖြစ်လာတဲ့ အခြေအနေမျိုးပါ။ Mayo Clinic ရဲ့အဆိုအရတော့ edema ဆိုတာ တခြားရောဂါတစ်ခုရဲ့ လက္ခဏာတစ်မျိုးဖြစ်နေနိုင်သလို အစားအစာထဲမှာ ဆိုဒီယမ်ပါဝင်မှု များပြားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်တဲ့။ ဖြေရှင်းနည်းကတော့ အငန်လျှော့ဖို့ပါပဲ။

 

၎။ ကျောက်ကပ် ကျောက်တည်မယ်

play
 

အငန်များလွန်းတဲ့ အစားအစာတွေက ကျောက်ကပ်လုပ်ဆောင်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ အစားအစာထဲမှာ အငန်ဓာတ်များပြားနေရင် ဆီးထဲက ပရိုတိန်းပမာဏကို မြင့်တက်စေနိုင်ပါတယ်။ အဲဒီလို ဆီးထဲမှာ ပရိုတိန်းဓာတ်များပြားခြင်းဟာ ကျောက်ကပ်ရောဂါဖြစ်စေနိုင်တဲ့ လက္ခဏာတစ်မျိုးလည်း ဖြစ်နေနိုင်ပါတယ်။ နောက်တစ်ခုကတော့ ဆိုဒီယမ်များပြားခြင်းဟာ ဆီးကျောက်လည်း တည်စေနိုင်ပါတယ်။

၅။ အစာအိမ်ပြည်တည်နာ ဖြစ်စေနိုင်တယ်

အစားအစာထဲမှာ ဆိုဒီယမ်ပါဝင်မှု များပြားခြင်းက အစာအိမ်ပြည်တည်နာ၊ ကင်ဆာအနာတို့ကို ဖြစ်စေနိုင်ပါတယ်။ အသေးစိတ်သုတေသနတွေ ပြုလုပ်ဖို့ လိုအပ်နေသေးပေမယ့်လည်း လက်ရှိတွေ့ထားတဲ့ တွေ့ရှိချက်တွေအရတော့ အငန်အစားများတဲ့ လူတွေဟာ အစာအိမ်ထိမှာ စိုးရိမ်ရတဲ့အတွက် သတိထားသင့်ပါတယ်တဲ့။

၆။ သွေးတိုးမယ်

play
 

အမေရိကန် နှလုံးကျန်းမာရေးအဖွဲ့ကြီးရဲ့ အဆိုအရတော့ လူတစ်ယောက်ဟာ တစ်နေ့မှာ ဆိုဒီယမ် (၁၅၀၀) မီလီဂရမ်ပဲ စားသုံးသင့်ပါတယ်တဲ့။ ပိုလျှံတဲ့ဆိုဒီယမ်တွေဟာ ခန္ဓာကိုယ်ထဲမှာ အရည်ပိုများများ စုဆောင်းမိစေခြင်းဖြင့် သွေးတိုးစေနိုင်ပါတယ်။ သွေးတိုးရာကနေ ဦးနှောက်သွေးကြောပြတ်ခြင်း၊ လေဖြတ်ခြင်းတို့လည်း ဖြစ်စေနိုင်ပါတယ်။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video