ထိုင်းနိုင်ငံဟာ ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်တာနဲ့အားလျော်စွာပဲ ထိုင်းအစားအစာလေးတွေဟာ ကျွန်တော်တို့နဲ့ မစိမ်းလှပါဘူး။ ဖက်ထိုင်းသုပ်တို့၊ တုံရမ်းဟင်းချိုတို့လိုမျိုး အစားအစာတွေဆို တော်တော်များများလည်း နှစ်သက်ကြပြီးသား ဖြစ်မှာပါ။

play

 

ဒီနေ့မှာတော့ မိုးလေးအေးနေတုံး အိမ်မှာလုပ်စားလို့ရတဲ့ ထိုင်း အစိမ်းရောင် ကြက်သားခေါက်ဆွဲ လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပူပူစပ်စပ် အရသာလေးနဲ့ ဒီခေါက်ဆွဲလေးဟာ မိုးအေးလို့ ချမ်းစိမ့်စိမ့်ဖြစ်နေမှုတွေကို ပျောက်ကွယ်သွားစေနိုင်ပြီး နွေးထွေးမှုကိုလည်း ပေးစွမ်းနိုင်မှာပါ။

ပါဝင်ပစ္စည်းများ

play
 

ပါဝင်တဲ့ပစ္စည်းတွေကတေ့ ဟင်းသီးဟင်းရွက်ဆီ (၁) ဇွန်း၊ ငရုပ်ပွသီး (၁)လုံး ( တစ်လက်မအရွယ်အစိတ်လေးတွေဖြစ်အောင် လှီးပြီးသား)၊ မုန်လာဥနီ (စိတ်ပိုင်းပြီး) (၁) ခွက်၊ ကြက်သွန်မြိတ် (၄) ပင်၊ ထိုင်း အစိမ်းရောင်ဟင်းနှစ် (Thai green curry paste) (၁) ထုပ်၊ ရေ (၄) ခွက်၊ အုန်းနို့ (၁၄) အောင်စ၊ ငံပြာရည် (၁) ဇွန်း၊ Nissin RAOH Umami Tonkotsu Flavor တံဆိပ် (သို့) မိမိနှစ်သက်ရာ ခေါက်ဆွဲခြောက်ထုပ် (၂) ထုပ်၊ ပြုတ်ပြီးသား ကြက်ရင်အုံသား (၁၀) အောင်စ၊ သံပုရာရည် (၁) ဇွန်း၊ ပါးပါးလှီးထားတဲ့ နံနံပင် (၁) ပန်းကန်၊ မြေပဲထောင်းနဲ့ နှမ်းစေ့အနည်းငယ် တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်း

play

ပြုလုပ်ပုံအဆင့်ဆင့်ကတော့ အရင်ဆုံး အပူချိန် (medium-high) လောက်နဲ့ မီးဖိုတစ်လုံးပေါ်မှာ ဒယ်အိုးတစ်လုံးတင်ပြီး ဆီအပူ ပေးလိုက်ပါ။ ပြီးရင် ငရုပ်ပွသီး၊ မုန်လာဥနီနဲ့ ကြက်သွန်မြိတ် (၃) ပင်တို့ကို လှီးဖြတ်ပြီး ဒယ်အိုးထဲထည့်လိုက်ပါ။ တစ်မိနစ်လောက် ဆီပူထိုးပြီးရင် ထိုင်းအစိမ်းရောင် ဟင်းအနှစ် (Thai Green Curry paste) ကို ထည့်ပြီး နောက်ထပ်တစ်မိနစ်လောက် ဆီသတ်လိုက်ပါ။ ပြီးရင် ရေ၊ အုန်းနို့၊ ငံပြာရည်တို့ကိုပါ ထပ်မံရောထည့်ပြီး ဆူပွက်လာသည်အထိ ချက်ပြုတ်လိုက်ပါ။

 

ပြီးရင်တော့ ခေါက်ဆွဲကို ထည့်လို့ရပါပြီ။ ခေါက်ဆွဲကို ဒယ်အိုးထဲထည့်ပြီးရင် အိုးကိုအဖုံးပိတ်ပြီး (၄) မိနစ်လောက်ကြာအောင် ချက်ပြုတ်လိုက်ပါ။ အဲဒီလိုချက်ပြုတ်နေချိန်မှာ ခေါက်ဆွဲခြောက်ထုပ်ထဲက အရသာမှုန့်တွေကို ပန်းကန်တစ်လုံးထဲထည့်ထားလိုက်ပါ။ စွပ်ပြုတ်အိုးထဲက စွပ်ပြုတ်ရည်ကို တစ်ဇွန်းလောက်ခပ်ပြီး အရသာမှုန့်ပန်းကန်ထဲ ထည့်မွှေထားပေးလိုက်ပါ။

play

 

ပြီးရင် အရသာမှုန့်အရည်ကို အိုးထဲပြန်ထည့်ပေးလိုက်ပါ။ (၄) မိနစ်ပြည့်ပြီဆိုရင် ကြက်သားပြုတ်ကို အမျှင်လေးတွေဖြစ်အောင် လုပ်ထားတာရယ်၊ သံပုရာရည်ရယ်၊ နံနံပင်ရယ်ကို အိုးအပေါ်ကနေအုပ်ပေးလိုက်ပါ။ ပြီးရင်တော့ ပန်းကန် (၄) လုံးယူပြီး ပန်းကန်တွေထဲမှာ နံနံပင်၊ ကြက်သွန်မြိတ်၊ မြေပဲထောင်း၊ နှမ်းစေ့တို့ထည့်ထားလိုက်ပါ။

ပြီးမှ ခေါက်ဆွဲအိုးထဲကခေါက်ဆွဲတွေကို ပန်းကန်လုံးတွေထဲကို အညီအမျှခွဲထည့်ပြီး ပြင်ဆင်လိုက်ပါ။ ဒါဆိုရင်တော့ မိသားစုဝင် (၄) ယောက်စာ ဝဝလင်လင်စားသုံးနိုင်တဲ့ ထိုင်းကြက်သားခေါက်ဆွဲလေးကို ရရှိပါပြီ။

Source: cookingclassy

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video