Food & Recipe: ကိုရီးယားစတိုင်လ် ထမင်းကြော်လေး လုပ်စားရအောင်

, updated

အနံ့လေးမွှေး အရသာလည်းရှိတယ်။

ထမင်းကြော်ကြိုက်သူတွေရှိလား? ထမင်းကို ကြော်တဲ့အခါ နည်းအမျိုးမျိုး အရသာသာအမျိုးမျိုးနဲ့ ကြော်စားဖြစ်ကြတယ်လေ။ ဒါမှမဟုတ်လည်း ဝယ်စားဖြစ်ကြတယ်ပေါ့။ ကိုရီးယားစတိုင်လ် ထမင်းကြော်ကတော့ ခရမ်းချဉ်သီးဆော့စ်ကိုပါ ထည့်ကြော်ထားတာမို့ အရသာလေးက တမူထူးခြားပါတယ်။

play

 

ကိုရီးယားစတိုင်လ်ထမင်းကြော်ကို အိမ်မှာပဲ ကိုယ်တိုင်ကြော်စားမယ်ဆို မခက်ပါဘူးနော်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကြက်သွန်ဖြူ - အနည်းငယ်၊ မှို - ၁၀ ဂရမ် ၊ ကြက်သွန်နီ - ၃ လုံး၊ မုန်လာဥနီ - တစ်ဝက်၊ ကြက်သွန်မြိတ် - ၃ ပင်၊ ကြက်သား - ၂၀ ကျပ်သား၊ နေကြာဆီ - ၅ ဇွန်းခန့်၊ ခရမ်းချဉ်သီးဆော့စ် - ၅ ဇွန်း၊ ငံပြာရည် - အနည်းငယ်၊ ထမင်းတစ်ပန်းကန်၊ ဆားအနည်းငယ်၊ ထောပတ်အနည်းငယ်၊ ငြုပ်ကောင်းမှုန့်အနည်းငယ်၊ ကြက်ဥ - ၃လုံးတို့ပဲ ဖြစ်ပါတယ်။

ကြက်သွန်ဖြူ၊ မှို၊ မုန်လာဥနီ၊ ကြက်သွန်နီတို့ကို အတုံးသေးသေးလေးတွေ တုံးထားပါ။ ကြက်ရင်အုံသားကိုရရင်တော့ ပိုကောင်းပါတယ်။ ကြက်သားကိုလည်း အတုံးသေးသေးလေးတွေပဲ တုံးထားရပါမယ်။ ကြက်သွန်မြိတ်ကိုတော့ လက်တစ်ဆစ်ခန့်နီးပါး ဖြတ်ထားပါ။

play

 

ပထမဆုံးအနေနဲ့ ဒယ်အိုးထဲကိုဆီထည့်ပြီး ဆီပူလာရင် ကြက်သွန်ဖြူထည့်ပြီးဆီသတ်ပါ။ ပြီးရင် ကြက်သားကိုအရင်ဆုံးထည့်ရပါတယ်။ ကြက်သားနူးလောက်ပြီဆိုတော့မှ မှို၊ ကြက်သွန်နီ၊ မုန်လာဥနီတို့ကိုထည့်ပါ။ အရသာအတွက် ငံပြာရည်အနည်းငယ်နဲ့ ခရမ်းချဉ်သီးဆော့စ်ကို ထည့်မွှေပေးရပါမယ်။ ဒယ်အိုးထဲကို ထမင်းတစ်ပန်းကန်ထည့်ပြီး ဆားနဲ့ငြုပ်ကောင်းမှုန့်ထည့်ကာ သမအောင်မွှေပေးပါ။ မီးပိတ်ပြီးတော့မှ ကြက်သွန်မြိတ်ကို ထည့်ရပါမယ်။ ပြီးရင်တော့ အိုးကို မီးဖိုပေါ်က ချထားလိုက်ပါ။

Postby

 

ကြက်ဥကြော်ပါ့မယ်။ ဆီမသုံးဘဲ ထောပတ်ကိုသုံးပြီး ကြော်တဲ့အခါ ကြက်ဥကြော်လေးက ပိုမွှေးပြီး အရသာပိုရှိပါတယ်။ ကြက်ဥကိုခလောက်ပြီး ထောပတ်ဆီနဲ့ကြော်လိုက်ပါ။

play

 

နောက်ဆုံးမှာ ထမင်းကြော်ပန်းကန်ပေါ် ကြက်ဥလေးအုပ်၊ ခရမ်းချဉ်သီးဆော့စ်ဆမ်းပြီး တရုတ်နံနံပင်လေးနဲ့ အလှဆင်လိုက်မယ်ဆို မွှေးပျံ့ပြီးလှပတဲ့ ကိုရီးယားထမင်းကြော်လေးက သွားရေယိုလာအောင် အနံ့နဲ့ဆွဲဆောင်နေတော့မှာဖြစ်ပါတယ်။

Source : Duwun TV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ