Food & Recipe: အရက်အမျိုးမျိုးနဲ့ တွဲဖက်ဖို့ အလိုက်ဖက်ဆုံး အစားအစာများ

အထာကျကျ ရှပ်ကီထုကြမယ်။

ဒီခေတ်ကြီးထဲမှာ အရက်၊ ဘီယာ မသောက်တတ်တဲ့သူ တော်တော်တော့ ရှားပါလိမ့်မယ်။ မကြိုက်လို့ မသောက်တဲ့သူတို့၊ ဘာသာရေး၊ လူမှုရေးကြောင့် မသောက်တဲ့သူတွေတောင်မှ social drink လောက်တော့ သောက်ဖူးကြမှာပါ။

play

 

တကယ်တော့ အရက်သောက်တယ်ဆိုတာ ချဉ်ချဉ်တူးတူး မူးရင်းပြီးရော မန်ကျည်းအရက်နဲ့ နဂါးနီလျက်ဆား တွဲဖက်သလို မလုပ်သင့်ဘဲ သူ့အရက်နဲ့သူ့ဇာတ် လိုက်ဖက်ညီအောင် တွဲဖက်ပေးသင့်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အရက်အမျိုးမျိုးနဲ့ လိုက်ဖက်ညီတဲ့ အစားအစာလေးတွေအကြောင်း လေ့လာကြည့်လိုက်ကြရအောင်။

၁။ ဝိုင်ဖြူနဲ့ငါး

play
 

ဝိုင်ဖြူဟာ အဖြူရောင်အသားအမျိုးအစားထဲမှာ ပါဝင်တဲ့ ငါးအသားနဲ့ လိုက်ဖက်ညီပါတယ်။ ပင်လယ်စာနဲ့ ပြုလုပ်ထားတဲ့ အီတလီအစားအစာတွေမှာ ဝိုင်ဖြူထည့်ချက်ရင် အရသာ ပိုမိုကောင်းမွန်စေတဲ့ သဘောအတိုင်းပါပဲ။ ငါးအသားလွှာ (တူနာ၊ ဆယ်လ်မွန်၊ ရေချိုငါး) တို့နဲ့ ဝိုင်ဖြူကို တွဲဖက်စားသုံးခြင်းက အထူးပင် လိုက်ဖက်ညီပါတယ်။

၂။ ဝိုင်နီနဲ့ အနီရောင်အသား

play
 

အနီရောင်အသား အမျိုးအစားတွေဖြစ်တဲ့ အမဲသားတို့၊ ဆိတ်သားတို့ဟာ ဝိုင်နီနဲ့ အထူးလိုက်ဖက်ညီပါတယ်။ စားသောက်ဆိုင်မှာ Beef steak (အမဲကင်တို့)၊ သိုးကလေးသားကင်တို့ မှာစားတော့မယ်ဆိုရင် သောက်စရာအတွက် သိပ်အုန်းစားခံပြီး ရွေးမနေပါနဲ့။ ဝိုင်နီတစ်ခွက်ကိုသာ ရွေးချယ်လိုက်ပါ။ အနီရောင်အသားထဲမှာ မပါဝင်ပေမယ့် ဝိုင်နီနဲ့ လိုက်ဖက်ညီတဲ့ အစားအစာ နောက်တစ်မျိုးကတော့ ဒိန်ခဲ (cheese) ပါပဲ။

၃။ ရှိန်ပိန်အရက်နဲ့ ကမာကောင်

ချိုမြပြီး ဂတ်စ်ပါဝင်လို့ အရက်ချိုတစ်မျိုးအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ပိန်အရက် ပေါ့ပေါ့ပါးပါးလေးနဲ့ တွဲဖက်ဖို့ အကောင်းဆုံး အစားအစာကတော့ ကမာကောင်ပါပဲ။ အငန်ဓာတ် လေးလေးပင်ပင်လေးနဲ့ ပေါင်းထား၊ ချက်ထားတဲ့ ကမာကောင်ဟင်းလျာနဲ့သာ တွဲလိုက်ရင် ရှန်ပိန်အရသာကို အပြည့်အဝ ခံစားစေနိုင်မှာပါပဲ။

၎။ ဆိုဂျူးအရက်နဲ့ ကိုရီးယား ဘာဘီကျူးအကင်

play
 

ကိုရီးယားဆန်အရက်ဖြစ်တဲ့ ဆိုဂျူးအရက်က မြန်မာတွေနဲ့လည်း မစိမ်းတော့ပါဘူး။ ဆိုဂျူးအရက်နဲ့ တွဲဖက်ဖို့ အသင့်တော်ဆုံးကတော့ ကိုရီးယားအသားကင် (ဘာဘီကျူးကင်) ပါ။ အသားမျိုးစုံကို ဘာဘီကျူးစတိုင်လ် ကင်ထားတာက ဆိုဂျူးနဲ့ တွဲဖက်လိုက်ရင် အရသာ (၂) ဆ ပိုမိုကောင်းမွန်စေမှာပါ။ ကင်းမွန်ခြောက်တို့၊ ပုဇွန်တုပ်တို့ကို မီးကင်ပြီး ဆိုဂျူးနဲ့ မြည်းရင်လည်း ကောင်းပါတယ်။

 

၅။ ဂျင်မ်အရက်နဲ့ ပုဇွန်ကင်

ဂျင်မ် (Gin) အရက်တစ်ခွက်ကို ဆိုဒါလေးနည်းနည်းရော၊ ပြီးရင် သံပုရာသီးစိတ်လေးတင်ပြီး ထိုင်မြုံ့နေရုံနဲ့ TGIF ညနေခင်းလေးတွေက လှပနေပါပြီ။ ဒါပေမယ့် ပိုမိုလှပလာအောင်လည်း ဖန်ဆင်းလို့ ရပါသေးတယ်လေ။ ပုဇွန်တုပ် အကောင်ခပ်လတ်လတ်လေးတွေကို မီးပျော့ပျော့လေးနဲ့ မကျက်တကျက်ဖြစ်အောင် ကင်ပြီး သံပုရာသီးလေး တစ်စိတ်လောက် ညှစ်ထည့်လိုက်ရုံနဲ့ ဂျင်မ် တောနစ် (Gin Tonic) နဲ့ တွဲဖက်ဖို့အတွက် အကောင်းဆုံးအမြည်း ဖြစ်သွားပါပြီ။

၆။ ဝီစကီနဲ့ အကင်

play
 

အကောင်းစား စကော့ခ်ျဝီစကီတွေဆိုရင် ရေခဲလေးတစ်တုံး၊ နှစ်တုံးလောက်ပစ်ထည့်ထားတဲ့ on the rock စတိုင်လ်နဲ့ ဒိန်ခဲလေးနဲ့ မြည်းတာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဝက်နံရိုးကင်လို အဆီများတဲ့ အကင်တွေနဲ့လည်း လိုက်ဖက်ညီပါသေးတယ်။

၇။ ဗော့ဒ်ကာအရက်နဲ့ ငါးဥဆားနယ်

ရုရှအရက်တစ်မျိုးဖြစ်တဲ့ ဗော့ဒ်ကာ (vodka) အရက်ကတော့ ငါးဥဆားနယ်တို့၊ ငါးအသားဆားနယ်တို့နဲ့ မြည်းရင် အကောင်းဆုံးပါပဲတဲ့။ သစ်သီးစုံနဲ့ မြည်းရင်လည်း လိုက်ဖက်ညီတာပါပဲ။

၈။ ဘီယာနဲ့ ဘဲကင်

play
 

ဘီယာကတော့ ဘာနဲ့မြည်းမြည်း ရတာပါပဲ။ ကန်စွန်းပလိန်းလေးနဲ့ပဲ မြည်းမြည်း၊ အာလူးကြော်၊ ငါးမုန့်လေးနဲ့ပဲ မြည်းမြည်း ရတာပါပဲ။ ဒါပေမယ့် ဘီယာအရသာ ခပ်ဆိမ့်ဆိမ့်လေးနဲ့ အလိုက်ဖက်ဆုံးကတော့ ပီကင်းဘဲကင်ပါပဲ။ ပီကင်းဘဲကင် အိအိလေးကို ပဲငပိရည်လေးထဲမှာ နှစ်ပြီး ပါးစပ်ထဲ ပစ်ထည့်လိုက်၊ ဘီယာလေး တကြိုက်လောက် ကြိုက်လိုက်နဲ့ လုပ်ရမှာကို မျက်စိထဲ မြင်ကြည့်လိုက်စမ်းပါ။ ခုချက်ချင်းတောင် ထဝယ်သောက်ချင်စိတ် ပေါ်လာမိမှာပါ။

Source: NormanGoodFellows

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ