Food & Recipe: ကမ္ဘာ့ဈေးအကြီးဆုံး ပင်လယ်စာ (၅) မျိုး

ပင်လယ်စာကို မနှစ်သက်တဲ့သူ ဘယ်သူရှိမလဲ။

ပင်လယ်စာကို မနှစ်သက်တဲ့သူ ဘယ်သူရှိမလဲ။ ပုစွန်တုပ်ကြီးတွေ၊ ဂဏန်းကြီးတွေ၊ ကင်းမွန်တွေ၊ ရေဘဝဲတွေ၊ တူနာငါးတွေ အစရှိသဖြင့် ပင်လယ်စာပေါင်းစုံကို ချက်ပြုတ်နည်းပေါင်းစုံကို ကမ္ဘာတဝှမ်းက လူအများ ပြုလုပ်စားသောက်ကြပါတယ်။ အောက်မှာဖော်ပြထားတာကတော့ ကမ္ဘာ့ဈေးအကြီးဆုံး ပင်လယ်စာဟင်းလျာ (၅) မျိုးပဲ ဖြစ်ပါတယ်။

၁။ တောင်ပံပြာ တူနာငါး (Bluefin Tuna)

play
 

တောင်ပံပြာ တူနာငါး (Bluefin Tuna) ဟာ ဂျပန်အစားအစာတစ်မျိုးဖြစ်ပါတယ်။ ပုံမှန်အားဖြင့် တူနာငါးတစ်ပေါင်ကို ဒေါ်လာ (၃၆၀၀) လောက်ပဲ ရှိတယ်ဆိုပေမယ့် ၂၀၀၃ ခုနှစ်တုံးကတော့ တောင်ပံပြာ တူနာငါး (Bluefin Tuna) တစ်ကောင်ကို အမေရိကန်ဒေါ်လာ (၁.၇၆) မီလျံနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီငါးက ကမ္ဘာ့ဈေးအကြီးဆုံး တူနာငါး ဖြစ်ခဲ့ပါတယ်။

၂။ Almas ငါးကြီးဥ

play
 

Almas ငါးကြီးဥဟာ Caviar House & Prunier မှဖြစ်ပြီး တစ်ကမ္ဘာလုံးကို ပို့ဆောင်ပေးနေပါတယ်။ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ (၂၅၁၆၂) ဖြစ်ပြီး ၂၄ ကာရက်ရှိတဲ့ ရွှေဘူးနဲ့ ထည့်ထားပါတယ်။ သူဋ္ဌေးတွေမှ စားနိုင်တဲ့ သူဋ္ဌေးစာတစ်မျိုးပါပဲ။

၃။ Posh pie

play
 

Posh Pie ဆိုတာ တန်ဖိုးကြီး ပိုင်မုန့်လို့ အဓိပ္ပာယ်ရပြီး Dudley ဟိုတယ်ရဲ့ အထူးစပယ်ရှယ် ပင်လယ်စာမုန့်တစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာကျော် သြစတြေးလျ စားဖိုမှူးတစ်ဦးမှ ချက်ပြုတ်ပြင်ဆင် ပေးထားပြီး စောင်ရေ (၂) သန်းကျော်တဲ့ အစားအသောက်ဘောင်ချာတွေကို အမေရိကန်နိုင်ငံ အနှံ့အပြားမှာ ရောင်းချနိုင်ခဲ့ပါတယ်။

 

၎။ ပင်လယ်ကွေ့ငါးရှဉ့်

play
 

အမေရိကန်ဒေါ်လာ (၂၀၀၀) ဝန်းကျင် တန်ဖိုးရှိတဲ့ ပင်လယ်ကွေ့ငါးရှဉ့်ကတော့ အမေရိကန်နိုင်ငံမှာပဲ ရရှိနိုင်ပြီး ကမ္ဘာ့နေရာ အနှံ့အပြားကို တင်ပို့ရောင်းချနေပါတယ်။ ဈေးအကြီးဆုံး ပင်လယ်စာ စာရင်းဝင်တစ်မျိုးဖြစ်သလို သက်ကြီးရွယ်အိုနဲ့ လူငယ်လူရွယ်တွေရဲ့ သွေးလည်ပတ်မှုနဲ့ သွေးအားကို ကောင်းမွန်စေတဲ့အတွက် နာမည်ကြီးပါတယ်။

၅။ Zillion Dollar Lobster Frittata

play
 

နယူးရော့ခ်မြို့၊ မန်ဟက်တန်ရပ်ကွက်က Norma Restaurant မှာ ရောင်းချတဲ့ Zillion Dollar Lobster Frittata ကတော့ ပင်လယ်ပုစွန်တုပ်၊ ငါးကြီးဥတို့ ပါဝင်တဲ့ လူကြိုက်များတဲ့ ပင်လယ်စာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ဂဏန်းချစ်သူတွေအတွက်တော့ အကောင်းဆုံး ပင်လယ်စာဟင်းလျာလေးပါပဲ။ သူ့ရဲ့တန်ဖိုးကတော့ အမေရိကန်ဒေါ်လာ (၁၀၀၀) ဖြစ်ပါတယ်။

Source: Success Story

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ