Food & Recipe: ဖရဲသီးကို လိပ်ခွံပုံစံလေး အလှဆင်ကြမယ်

သစ်သီးအလှဆင်တတ်ရင် အိမ်မှာ အလှဆင်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုလို့ရသလို ပွဲလမ်းသဘင်တွေမှာလည်း မျက်နှာပန်းလှတာပေါ့။

သစ်သီးအလှဆင်တယ်ဆိုတာ လွယ်ကူတဲ့ပညာတစ်ရပ်တော့ မဟုတ်ပါဘူး။ တကယ်တော့ သစ်သီးအလှဆင်တယ်ဆိုတာ တိကျမှု၊ ကျွမ်းကျင်မှု၊ စိတ်ရှည်မှုနဲ့ လက်မြန်မှုတို့ကို ပေါင်းစပ်ထားပြီး အနုပညာအမြင်ရှိမှလည်း အဆင်ပြေနိုင်ပါတယ်။

play

 

သစ်သီးအလှဆင်တတ်ရင် အိမ်မှာ အလှဆင်ပစ္စည်းတစ်ခုအဖြစ် အသုံးပြုလို့ရသလို ပွဲလမ်းသဘင်တွေမှာလည်း မျက်နှာပန်းလှတာပေါ့။ ဒီနေ့မှာတော့ ဖရဲသီးကို လိပ်ခွံပုံစံလေးဖြစ်အောင် လုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

လိုအပ်တဲ့ပစ္စည်းများ

play
 

ဓားရှည်တစ်ချောင်း၊ သစ်သီးအခွံချွတ် ဓားတစ်ချောင်း၊ အမြှောင်းလေးတွေဖော်တဲ့ဓား (channel knife) တစ်ချောင်း၊ သွားကြားထိုးတံလေးတွေနဲ့ ဖရဲသီးအလုံးလေးတွေဖြစ်အောင် ခပ်ဖို့ ရေခဲမုန့် ကော်တဲ့ ဇွန်းပုံစံ (melon baller) တစ်ချောင်းတို့ပဲ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းတွေကတော့... ဖရဲသီးတစ်လုံး၊ ဘလူးဘယ်ရီသီး (၄)လုံး၊ စပျစ်သီး (၅) လုံးနဲ့ ပြောင်းဖူး (၂) စေ့ တို့ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

play
 

အရင်ဆုံး ဖရဲသီးပေါ်မှာ ပုံဖော်အလှဆင်ဖို့အတွက် ဖရဲသီးကို ရေဆေးပြီး ရေပြောင်အောင် သုတ်ပေးလိုက်ပါ။ ပြီးရင်တော့ အလည်ကနေ ထက်ခြမ်းခြမ်းပေးလိုက်ပါ။ အောက်မှာထားမယ့် ဖရဲသီးတစ်ခြမ်းရဲ့ အောက်ခြေကိုတော့ (၁/၄) လက်မ အရွယ် အစိတ်လေးလှီးပြီး စားပွဲပြင် ပြင်ညီပေါ်မှာ ငြိမ်အောင်ပြုလုပ်ပေးလိုက်ပါ။ ပြီးရင် melon baller ကိုသုံးပြီး အထဲက ဖရဲသီးအသားတွေကို အလုံးလေးတွေဖြစ်အောင် ခပ်ထုတ်လိုက်ပါ။

play

 

အောက်မှာထားမယ့် ဖရဲသီးအခြမ်းမှာ channel knife ကိုသုံးပြီး အကွက်လေးတွေဖြစ်အောင် ပုံဖော်ပေးလိုက်ပါ။ အပေါ်ခြမ်းကိုတော့ ခြေတွေ၊ လက်တွေ လုပ်ဖို့အတွက် နည်းနည်းလှီးဖြတ် ထားလိုက်ပါ။ ကျန်တဲ့အပိုင်းကိုမှ ဓားရှည်ကိုသုံးပြီး လိပ်ခွံပုံစံဖြစ်အောင် ထွင်းရမှာပါ။ ဓားရှည်နဲ့အရာပေးပြီးမှ အာလူးအခွံချွတ်ဓား (paring knife) နဲ့ လိပ်ခုံးကွက်ပုံ ဖော်ပေးလိုက်ပါ။ အဆုံးသတ်အရာကိုတော့ Channel knife နဲ့ပဲ အရာပေးလိုက်ပါ။ ပြီးရင်တော့ လိပ်ခေါင်းနေရာမှာ ပြောင်းဖူးစေ့လေးတွေနဲ့ မျက်စိပုံဖော်ပေးလိုက်ပါ။

play

 

ပြီးရင် အောက်ခံ ဖရဲသီးအခွံထဲမှာ ခုနက ခပ်ထုတ်ထားတဲ့ ဖရဲသီးလုံးလေးတွေရယ်၊ ဘလူးဘယ်ရီသီးရယ်၊ စပျစ်သီးရယ်ကို ထည့်လိုက်ပါ။ အပေါ်ကနေ သကာရည်နည်းနည်း၊ သံပုရာရည်နည်းနည်းနဲ့ dressing လုပ်ပေးလိုက်ရင် ဖရဲသီး salad လေးကို ရရှိပါပြီ။ ပြီးရင် အပေါ်က လိပ်ခွံပုံ ဖရဲသီးအခွံပေါ်မှာ ခြေ၊ လက်ပုံစံ ဖရဲသီးခွံလေးတွေကို သွားကြားထိုးတံနဲ့ ထိုးလိုက်ပါ။ ဒါဆိုရင် လှပတဲ့ လိပ်ပုံစံ ဖရဲသီးလေးကို ရရှိပါပြီ။ လှလည်းလှ၊ စားလို့လည်း ကောင်းတဲ့ ဖရဲသီးသရေစာလေးပါ။

 

သစ်သီးအလှဆင်ခြင်းကို စိတ်ဝင်စားပြီး မိမိရဲ့အရည်အချင်းတွေကို လူအများရှေ့မှာ ဖော်ထုတ်ပြသဖို့ စိတ်ဝင်စားတယ်ဆိုရင်တော့ Myanmar Executive Chef Club နဲ့ AMB Tarsus Events Group တို့မှ ပူးပေါင်းကျင်းပတဲ့ Myanmar Professional Culinary & Hospitality Competition 2017 ပြိုင်ပွဲကြီးကို ကျင်းပသွားတော့မှာပါနော်။ ပြိုင်ပွဲကာလကတော့ နိုဝင်ဘာလ ၂ ရက်နေ့ကနေ ၄ရက်နေ့အထိဖြစ်ပြီး ရန်ကုန်မြို့မင်းဓမ္မလမ်းမှာရှိတဲ့ MEP (Myanmar Event Park) မှာ  ပြုလုပ်သွားမှာပါနော်။

Source: namabakery

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ