Food & Recipe: ကျန်းမာရေးအတွက် ငါးရှဉ့်စားကြမယ်

ရှေးတုံးကဆို ငါးရှဉ့်သွေးကို အရက်နဲ့စိမ်ပြီး သောက်သုံးရင် ယောက်ျားအားကောင်းတယ်လို့ ယုံကြည်ကြပါတယ်။

ရေချိုနေသတ္တဝါတစ်မျိုးဖြစ်ပြီး မြွေနဲ့ ပုံပန်းသဏ္ဍာန်ဆင်တဲ့ ရေနေသတ္တဝါတစ်မျိုးကတော့ ငါးရှဉ့်ပါပဲ။ ရှေးတုံးကဆို ငါးရှဉ့်သွေးကို အရက်နဲ့စိမ်ပြီး သောက်သုံးရင် ယောက်ျားအားကောင်းတယ်လို့ ယုံကြည်ကြပါတယ်။ ငါးရှဉ့်စားရင် ရရှိနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့...

၁။ အရိုးတွေကို သန်မာစေတယ်

play
 

ငါးရှဉ့်ထဲမှာ ပါဝင်တဲ့ ဖော့စ်ဖရတ်စ်ဓာတ် (phosphorus) ဟာ အရိုးတွေကို သန်မာစေသလို အရိုးကျိုးနိုင်ချေနဲ့ အရိုးနဲ့ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်စွမ်းကို လျှော့ချပေးပါတယ်။ ဖော့စ်ဖရတ်စ်ဓာတ်ဟာ ငါးရှဉ့်မှာအထူး ကြွယ်ဝစွာပါဝင်ပြီး ပုစွန်ဆိတ်ထဲမှာလည်း ပမာဏများစွာ ပါဝင်ပါတယ်။

၂။ သွေးအားကောင်းစေတယ်

play

ငါးရှဉ့်စားရင် သွေးအားကောင်းတယ်ဆိုတာ လူတိုင်းသိထားပြီးသား အချက်တစ်ချက်ပါ။ ငါးရှဉ့်မှာ သံဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် လူကိုသွေးအားကောင်းစေပါတယ်။ ခန္ဓာကိုယ်မှာ သံဓာတ်လျော့နည်းနေရင် သွေးထဲမှာ ဟေမိုဂလိုဘင်တွေ လျော့နည်းစေနိုင်ပြီး သွေးတွင်းအောက်ဆီဂျင် ပမာဏကိုလည်း လျော့နည်းစေနိုင်ပါတယ်။ သွေးအားနည်းခြင်းကြောင့် ဖြစ်တတ်တဲ့ ရောဂါတွေကို ရှောင်ရှားဖို့ ငါးရှဉ့်စားပေးသင့်ပါတယ်နော်။

၃။ ကယ်လိုရီ များပြားတယ်

ငါးရှဉ့်မှာ ကယ်လိုရီပါဝင်မှု များပြားတဲ့အတွက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ပြည့်ဝစေပါတယ်။ နေ့စဉ်သွားလာ လှုပ်ရှားမှုအတွက် လိုအပ်တဲ့ စွမ်းအင်ကို ငါးရှဉ့်က ပေးစွမ်းနိုင်ပါတယ်။ ဒါပေမယ့် ငါးရှဉ့်ဟင်းကို ထမင်းဖြူနဲ့ တွဲဖက်စားသုံးမယ် ဆိုရင်တော့ ကာဘိုဟိုက်ဒရိတ်များလို့ ဝိတ်တက်စေနိုင်ပါတယ်။

 

၎။ ဗီတာမင် ပေါကြွယ်ဝတယ်

play
 

ငါးရှဉ့်ဟာ မျက်စိကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ ဒါ့အပြင် ငါးရှဉ့်ဟာ လူ့ခန္ဓာကိုယ်အတွင်းပိုင်း ကွန်ရက်စနစ်ကို တိုးတက်အောင် အထောက်အပံပေးပြီး အသားဓာတ်နဲ့ ဟော်မုန်းဓာတ်များ ဖြစ်ပွားခြင်းကိုလည်း အကူအညီပေးပါတယ်။ ငါးရှဉ့်မှာပါတဲ့ ဗီတာမင်ဘီက ဦးနှောက်အတွင်းသွေးဖိအားကို ထိန်းညှိပေးပါတယ်။ ဗီတာမင်အေကတော့ ကြီးထွားခြင်း၊ မျက်လုံးကျန်မာရေးနဲ့ မျိုးပွားစနစ်တွေကို ထောက်ပံပေးပါတယ်။

၅။ ရင်သားကင်ဆာနဲ့ နှလုံးရောဂါကိုအကာအကွယ်ပေးတယ်

play
 

အမျိုးသမီးအများစုကြောက်ကြတဲ့ ရင်သားကင်ဆာရောဂါကို ငါးရှဉ့်စားပေးခြင်းခြင့် ကာကွယ်ပေးပါတယ်။ ငါးရှဉ့်မှာပါတဲ့ Arginine လို့ခေါ်တဲ့ အမီနိုအက်ဆစ်ဓာတ်တစ်မျိုးဟာ ရင်သားကင်ဆာဆဲလ်တွေ ဖြစ်ပွားကြီးထွားမှုကို တားဆီးပေးပါတယ်။ ငါးရှဉ့်ဟာ နှလုံးကိုလည်းကျန်းမာစေပါတယ်။ ငါးရှဉ့်စားသုံးသူဟာ နှလုံးရောဂါဖြစ်နိုင်ချေလျော့နည်းပြီး၊ သွေးကြောကျဉ်းခြင်းကိုလည်း ငါးရှဉ့်ကအကာအကွယ်ပေးပါတယ်နော်။

Sou rce: HealthyTips

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ