AD
AD
AD

တန်ဆောင်မုန်းလပြည့်ညဟာ ဆေးပေါင်းခတဲ့ညလို့ လူကြီးတွေက ဆိုကြပါတယ်။ တန်ဆောင်မုန်းလပြည့်ညမှာ ကြယ်တာရာ နက္ခတ်တွေ စုံလင်နေပြီး လမင်းကြီးကလည်း ပြည့်ဝန်းဝိုင်းစက်စွာနဲ့ ထွန်းလင်းတဲ့ညမှာ ဆေးဘက်ဝင်အောင် မယ်ဇလီဖူးသုပ် လုပ်စားကြတယ်လေ။ တန်ဆောင်မုန်းလပြည့်ညမှာ နတ်ဒေဝါတွေဟာ မယ်ဇလီပင်စောင့်နတ်ဆီကို လာရောက်ကြတယ်လို့ ယုံကြည်ကြလို့ မယ်ဇလီဖူးကို သုပ်စားရင် ဆေးဘက်ဝင်ကာ ကျန်းမာရေးကောင်းတယ်လို့လည်း ယူဆကြပါတယ်။

play

 

နောက်တစ်ခုကတော့ မယ်ဇလီဖူးဟာ ခါးသက်ဆိမ့်တဲ့ အရသာရှိတာကြောင့် ဆောင်းရာသီမှာ ဖြစ်တတ်တဲ့ ရောဂါဘယတွေကို ဝေးစေတယ်လို့လည်း ယူဆကြပါတယ်။ ဒါကြောင့်မို့လို့ တန်ဆောင်မုန်းလပြည့်ညရောက်တိုင်းမှာ မြန်မာလူမျိုးတွေဟာ မယ်ဇလီဖူးသုပ်ကို လုပ်စားကြသလို မိတ်ဆွေအပေါင်းအသင်းတွေကိုပါ မျှဝေ ကျွေးမွေးကြတာ ဖြစ်ပါတယ်။ မယ်ဇလီဖူးသုပ် လုပ်စားချင်ရင်တော့ ပြုလုပ်နည်းကို ဖော်ပြလိုက်ပါတယ်။

play

 

မယ်ဇလီဖူးတွေကို သန့်စင်အောင် ဆေးကြောပြီး ပြုတ်ရပါမယ်။ တစ်ရေပြုတ်ပြီးရင် ဆယ်ထားလိုက်ပါ။ ပြုတ်ထားတဲ့ မယ်ဇလီဖူးတွေကို ငြုပ်ဆုံထဲထည့်ပြီး မညက်တညက်ဖြစ်အောင် ထောင်းရပါမယ်။ အရမ်းညက်သွားရင် စားမကောင်းတော့ပါဘူး။

 

play

 

ထောင်းထားတဲ့ မယ်ဇလီဖူးတွေကို နှမ်း၊ မြေပဲထောင်း၊ ကြက်သွန်နီ၊ ကြက်သွန်နီဆီချက်၊ ဆား၊ ဟင်းခတ်မှုန့်တို့ကိုထည့်ပြီး နယ်လိုက်ရင် ခါးဆိမ့်တဲ့ မယ်ဇလီဖူးသုပ်လေး ရပါပြီ။ ခါးဆိမ့်ဆိမ့်မကြိုက်ဘူးဆိုရင်တော့ သံပရာသီးလေးညှစ်ထည့် ငရုတ်သီးစိမ်းလေးတွေ ညှပ်ထည့်ပြီးတော့ စားလို့လည်း ရပါတယ်။ ဆောင်းရာသီရဲ့ အေးမြတဲ့ညမှာ မယ်ဇလီဖူးသုပ်ကို ရေနွေးကြမ်းလေးနဲ့ တွဲဖက်သုံးဆောင်ကာ ဆေးဘက်ဝင် အာနိသင်တွေကို ရနိုင်ကြမှာ ဖြစ်ပါတယ်။

Photos : mmlazp.blogspot.com

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD