Food & Recipe: သင်္ဘောသီးမှည့်၏ ကောင်းကျိုးများ

အဓိကကောင်းကျိုးကတော့ မျက်စိအားကောင်းစေပြီး ဝမ်းမှန်စေတာပါပဲ။

သင်္ဘောသီးမှည့်ကိုတော့ လူတိုင်းနီးပါး ကြိုက်နှစ်သက်ကြမှာပါ။ အရသာချိုချိုအီအီလေးနဲ့ ရင့်မှည့်လာရင် နှစ်လိုစဖွယ် အရောင်အဆင်းရှိတဲ့ သဘောင်္သီးမှည့်ကို အားလုံးပဲ စားဖူးကြပါလိမ့်မယ်။ ဒါကြောင့် သဘောင်္သီးမှည့် စားသုံးခြင်းဖြင့် ရရှိစေနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးလိုက်ပါတယ် အစားအသောက်နှစ်သက်သူ ကိုကိုမမတို့ရေ..။

play

 

သင်္ဘောသီးမှည့်စားရင် ရနိုင်မယ့် အကျိုးကျေးဇူးတွေကတော့-

၁။ အသားအရေကို လှပါစေပါတယ်

သဘောင်္သီးမှာ ပါဝင်တဲ့ များစွာသော ဓာတ်သဘာဝတွေဟာ အသားအရေကို လှပစေပီး အရွယ်တင်နုပျိုမှုကိုလည်း ထိန်းသိမ်းပေးနိုင်စွမ်းရှိပါတယ်။

၂။ ကိုယ်လေးချိန်ကို လျော့ချပေးနိုင်

သဘောင်္သီးမှာ ပါဝင်တဲ့ အမျှင်ဓာတ်တွေ၊ ဗီတာမင်စီ တွေက ကိုယ်အလေးချိန်ကို လျှော့ချပေးနိုင်စွမ်းရှိပါတယ်။ သဘောင်္သီးမှည့် စားသုံးခြင်းဟာခန္ဓာကိုယ်အလေးချိန် လျှော့ချနေသူများအဖို့ ကောင်းစွာသင့်တော်ပြီး ဗိုက်ဆာလောင်မှုကိုလည်း အချိန်အတန်ကြာ ထိန်းထားပေးနိုင်ပါတယ်။

 

၃။ ဆီးချိုရောဂါ ဝေဒနာရှင်များအတွက် သင့်တော်ပါတယ်

သဘောင်္သီးမှည့်ရဲ့ အရသာဟာ ချိုတယ်ဆိုပေမယ့် သဘောင်္သီးမှည့်ထဲမှာ သကြားဓာတ်ပါဝင်မှုနှုန်းက နည်းပါးပါတယ်။ ဒါကြောင့်မို့လို့ သဘောင်္သီးမှည့်ကို ဆီးချိုရောဂါ ဝေဒနာရှင်များ အထူးတလည် ရှောင်ရှားနေစရာမလိုတဲ့ အပြင် အခြားသော ဗီတာမင်ဓာတ်တွေက ဆီးချိုကြောင့် ဖြစ်တတ်တဲ့ ဆင့်ကဲရောဂါများကိုတောင် ဟန့်တားကာကွယ်နိုင်တယ်လို့ ဆေးပညာရှင်များက ညွှန်းဆိုကြပါတယ်။

၎။ ဝမ်းချုပ်ရင်စား

play
 

သဘောင်္သီးမှည့် ခပ်ပျော့ပျော့က ဓာတ်ချုပ်၊၀မ်းချုပ်နေသူများအတွက်တော့ ဆေးတစ်လက်ပါပဲ။ ပုံမှန်အားဖြင့် အစာချဖျက်မှုအားနည်းတာကြောင့် ၀မ်းချုပ်နေသူများ သဘောင်္သီးမှည့်ကို စားပေးခြင်းဖြင့် အစာချေဖျက်မှုကို အားကောင်းစေပြီး ၀မ်းကိုလည်း အေးမြစေပါတယ်။

၅။ ကိုယ်ခံအားကောင်းစေ

သဘောင်္သီးမှည့်မှာ ပါဝင်နေတဲ့ ဗီတာမင်စီ ဓာတ်က ကိုယ်ခံအားကျဆင်းမှုမှ တားဆီးကာကွယ်ပေးပါတယ်။ ကိုယ်ခံအားကောင်းမွန်နေပြီဆိုရင်တော့ပြင်ပမှ ရောဂါဘယများ ကူးစက်ဝင်ရောက်လာမှုကို အကောင်းဆုံး ခုခံပေးနိုင်ပါတယ်။ ဗီတာမင် စီ က ကိုယ်ခံအားကောင်းမွန်ဖို့အတွက် အကောင်းဆုံးဖြည့်တင်းပေးနိုင်ပါတယ်။

Postby

 

၆။ အဆစ်အမြစ်ရောင်ရမ်းခြင်းမှကာကွယ်

အဆစ်အမြစ်တွေ ရောင်ရမ်းခြင်းဟာ ခန္ဓာကိုယ်တွင်း ဗီတာမင်စီ ချို့တဲ့မှုကြောင့် ဖြစ်ပါတယ်။ သဘောင်္သီးမှာ ဗီတာမင် စီ အပြည့်အ၀ပါဝင်တာကြောင့် အဆစ်အမြစ် ရောင်ရမ်းနေသူတွေအတွက် သဘောင်္သီးမှည့် စားသုံးခြင်းကြောင့် အဆိုပါ ရောဂါမှ သက်သာစေနိုင်ပါတယ်။ ဒါ့အပြင် ချောင်းဆိုးရောဂါ၊ အဆုတ်ရောဂါ၊ တီဘီ ရောဂါများ အတွက်လည်း ကောင်းမွန်ပါတယ်။

၇။ စိတ်ဖိစီးမှုတွေကို လျော့စေ

play
 

လုပ်ငန်းခွင်အတွင်း ဖြစ်စေ၊ စာသင်ခန်းအတွင်း ဖြစ်စေ၊ ကိုယ်လက်လှုပ်ရှားမှု များလွန်းလို့ မအီမသာဖြစ်လို့ပဲ ဖြစ်စေ သဘောင်္သီးမှည့် ချိုချိုအေးအေးလေးကို စားသုံးကြည့်လိုက်ပါ။ ချိုမွှေးတဲ့အရသာ၊ အေးမြတဲ့ ခံစားမှုကြောင့် စိတ်ဖိစီးညိုးနွမ်းမှုတွေ ပြေပျောက်စေပြီး တက်ကြွလန်းဆန်းစေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ