Food & Recipe: ကိုရီးယားစတိုင်လ် သုံးရောင်ခြယ် ဆင်းဒဝစ်ခ်ျလေး လုပ်စားကြမယ်

မနက် မနက် ကလေးကျောင်း မုန့်ဘူးထဲ ဘာထည့်ပေးရမလဲ စဉ်းစားရခက်နေပြီလား။ ဒါမှမဟုတ် ပုံမှန်စားနေကျ မုန့်ဟင်းခါး၊ အသုပ်၊ ရှမ်းခေါက်ဆွဲ စတဲ့ ရိုးရာမနက်စာတွေကို စိတ်ကုန်နေပြီလား။ ဒါဆိုရင် ပုံစံအဆန်းလေးလည်းဖြစ်၊ အရသာလည်း တမူထူးခြားတဲ့ အစားအစာလေးတစ်မျိုးကို မိတ်ဆက်ပေးပါရစေ။ အဲဒါကတော့ ကိုရီးယားစတိုင်လ် သုံးရောင်ခြယ်ဆင်းဒဝစ်ခ်ျပဲ ဖြစ်ပါတယ်။ လုပ်ရလည်းလွယ်ကူသလို အာဟာရတန်ဖိုးလည်း ပြည့်ဝတဲ့ ကိုရီးယားဆင်းဒဝစ်ခ်ျလေးကို လုပ်စားဖို့အတွက် ဆက်ဖတ်ကြည့်ကြပါဦး။

ပါဝင်ပစ္စည်းများ

play
 

ပေါင်မုန့်အဖြူ (၁၂) ချပ်ကို အရင်ဆုံးလိုအပ်ပါမယ်။ ပြီးရင် အစိမ်းရောင်ခြယ်အတွက် အင်္ဂလိပ်သခွားသီးတစ်လုံး၊ ဆားအနည်းငယ်၊ မရိုးနိစ် လက်ဖက်ရည်ဇွန်းနဲ့ (၂) ဇွန်းခန့်၊ ငရုပ်ကောင်းမှုန့် အနည်းငယ်တို့ကို လိုအပ်ပါတယ်။ အဝါရောင်ခြယ်အတွက်တော့ ကြက်ဥပြုတ် (၄) လုံး၊ မရိုးနိစ် (၃) ဇွန်းခန့်၊ အဝါရောင် မုန်ညင်းစေ့အနှစ် (mustard) လက်ဖက်ရည်ဇွန်း တစ်ဇွန်းခန့်တို့ကို လိုအပ်ပါတယ်။ အနီရောင်ခြယ်အတွက် ဝက်သားပြား (၄) ချပ်၊ မရိုးနိစ် (၂) ဇွန်းခန့်တို့ကို လိုအပ်ပါတယ်။

ပြုလုပ်နည်း

 

ပထမဦးဆုံး အစိမ်းရောင်ခြယ်အတွက် သခွားသီးနဲ့ ဆားကို ပန်းကန်တစ်လုံးထဲမှာရောပြီး (၁၀) မိနစ်၊ (၁၅) မိနစ်လောက် နှပ်ထားပေးလိုက်ပါ။ အရည်ထွက်လာရင် အဝတ်အိတ်တစ်လုံးထဲ ထည့်ပြီး ရေပြန်ညှစ်ပေးလိုက်ပါ။ ပြီးရင် အရည်ညှစ်ပြီးတဲ့ သခွားသီးကို ပန်းကန်လုံးထဲပြန်ထည့်ပြီး ငရုပ်ကောင်းမှုန့်၊ မရိုးနိစ်တို့နဲ့ ရောပေးနိုင်ပါတယ်။

အဝါရောင်ခြယ်အတွက်ကတော့ ကြက်ဥပြုတ်ကို အခွံခွာ၊ အဖြူရောင်အကာသားတွေကို ဖယ်ထုတ်ပြီး ကြက်ဥအနှစ်တွေကိုပဲ သက်သက်ထုတ်ထားလိုက်ပါ။ ပြီးရင် ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး မရောနိစ်၊ mustard (မုန်ညင်းစေ့အနှစ်) တို့နဲ့ ရောပြီး သမအောင်မွှေပေးလိုက်ပါ။ အနီရောင်ခြယ်အတွက်ကတော့ ဝက်သားပြား (ham) (၃)ချပ်ခန့်ကိုပြုတ်ပြီး နုတ်နုတ်စင်းပေးလိုက်ပါ။ ပြီးရင် အသားကို မရိုးနိစ်နဲ့ ရောပြီး ပန်းကန်လုံးတစ်လုံးထဲ ထည့်ထားပေးလိုက်ပါ။

 

ပြီးရင်တော့ ဆင်းဒဝစ်ခ်ျကို စလုပ်နိုင်ပါပြီ။ အရင်ဆုံး ပေါင်မုန့် (၃) ချပ်ကို စဉ်းနှီတုံး (သို့) အသားလှီးဘုတ်ပြားပေါ် တင်ထားလိုက်ပါ။ ပြီးရင် ခုနကဖယ်ထားတဲ့ အစိမ်းရောင်ခြယ်၊ အနီရောင်ခြယ်၊ အဝါရောင်ခြယ် (၃) ပန်းကန်ကိုယူလိုက်ပါ။ ခုနက ချထားတဲ့ ပေါင်မုန့် (၃) ချပ်ပေါ်မှာ အဝါရောင်ခြယ်ကို အရင်ဆုံး သမအောင်သုတ်ပေးလိုက်ပါ။ ပြီးရင်တော့ အပေါ်ကနေ ပေါင်မုန့်တစ်ချပ်အုပ်ပြီး အစိမ်းရောင်ခြယ်ကို အပေါ်မှာတင်ပေးလိုက်ပါ။

play

 

ပြီးရင် နောက်ထပ်ပေါင်မုန့်တစ်ချပ်နဲ့အုပ်ပြီး အနီရောင်ခြယ် သုတ်လိမ်းပေးလိုက်ပါ။ အပေါ်မှာမှ ပေါင်မုန့်တစ်ချပ်စီ ထပ်တင်ပြီး ရင်တော့ ဆင်းဒဝစ်ခ်ျလေးတွေ ရရှိသွားပါပြီ။ အပေါ်ကနေ ဖိအားနည်းနည်းပေးပြီး ဆင်းဒဝစ်ခ်ျလေးကို ပုံသွင်းပေးလိုက်ပါဦး။ သြော်... တစ်ခုကျန်သေးတယ်။ ပေါင်မုန့်အနားသားတွေကိုလည်း ပေါင်မုန့်လှီးဓားနဲ့လှီးပြီး ဖယ်ရှားပေးလိုက်ပါဦး။ ဒါဆိုရင်တော့ ကိုရီးယားစတိုင်လ် သုံးရောင်ခြယ်ဆင်းဒဝစ်ခ်ျလေးကို ရရှိနိုင်ပါပြီ။

Source: Maangchi

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ