စင်္ကာပူဟာ ကျွန်တော်တို့နိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခု ဖြစ်ရုံမက မြန်မာနိုင်ငံသားတွေ ပြည်ပအလုပ်အကိုင်တွေ သွားရောက်လုပ်ကိုင်ရာ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ စင်္ကာပူနိုင်ငံဟာ စီးပွားရေးကြွယ်ဝတဲ့ နိုင်ငံတစ်ခု ဖြစ်ရုံမက နိုင်ငံရဲ့ရိုးရာ အစားအသောက်တွေကလည်း အရသာထူးခြား ကောင်းမွန်ပါတယ်။ စင်္ကာပူရိုးရာ အစားအစာ (၅) မျိုးကို ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဆာတေး

play
 

ကြွတ်ရွပြီး မွှေးပျံ့တဲ့ အသားချောင်းလေးတွေကို ချိုချဉ်စပ်အရသာရှိတဲ့ မြေပဲဆော့စ်ထဲနှစ်ပြီး စားရတဲ့အရသာကို တွေးကြည့်စမ်းပါဗျာ။ ဒါကြောင့်လည်း စင်္ကာပူနယ်ခံတွေဟာ "ဆာတေး ကလပ်" လို့ခေါ်တဲ့ ဈေးဆိုင်လေးတွေဖွင့်ပြီး ရောင်းချတဲ့ ဆာတေးအရသာကို အလွန်နှစ်ခြိုက်ခဲ့ကြတာပါ။ တချို့ဆိုင်လေးတွေက အခုချိန်မှာ မရှိတော့ပေမယ့် Lau Pa လမ်းတို့၊ Gluttons By The Bay တို့၊ Chomp Chomp တို့လို ဆိုင်မျိုးတွေမှာ အရသာရှိတဲ့ ဆာတေးလေးတွေကို စားသုံးနိုင်ပါသေးတယ်။

၂။ Nasi Lemak (စင်္ကာပူ အုန်းထမင်း)

play
 

စင်္ကာပူရဲ့ နာမည်ကျော်အစားအသောက်တစ်မျိုးဖြစ်တဲ့ Nasi Lemak ကတော့ တစ်နေ့တာလုံး ဘယ်အချိန်မှာမဆို စားလို့ရတဲ့အတွက် နေ့စဉ်အစားအသောက်အဖြစ် အသိအမှတ်ပြု ခံထားရပါတယ်။ ဒီအစားအစာက လူကို နွေးထွေးတဲ့ ခံစားချက်တစ်မျိုးကို ပေးစွမ်းနိုင်ပါတယ်။ နွေးထွေးပြီး အိနေတဲ့ အုန်းထမင်းလေးကို ငါးကလေးကြော်ရယ်၊ ကြက်ကြော်ရယ်၊ ကြက်ဥရယ်၊ ခရမ်းချဉ်သီး ငပိချက်ရယ်နဲ့ ရောထားပြီး သခွားသီးလတ်လတ်ဆတ်ဆတ်ကိုလည်း မြှုပ်ပေးထားပါသေးတယ်။

၃။ Kaya ပေါင်မုန့်မီးကင်

play
 

စင်္ကာပူရဲ့ နာမည်ကျော်အစားအစာ နောက်တစ်မျိုးကတော့ kaya toast (kaya ပေါင်မုန့်မီးကင်) ပဲ ဖြစ်ပါတယ်။ ပေါင်မုန့် အထူသားကို မီးကင်ပြီး အုန်းနို့၊ ယို၊ ကြက်ဥတို့နဲ့ ပြုလုပ်ထားတာပါ။ Kaya ကိုတော့ အရှေ့တောင်အာရှစတိုင်လ် dulche de leche (နို့ကို အပျစ်ပုံစံဖြစ်အောင် ပြန်လည်ကျိုချက်နည်း) လို့ ပြောစမှတ်ပြုကြပါတယ်။ Ya Kun လို ကော်ဖီဆိုင်ကြီးတွေမှာ ရရှိနိုင်ပြီး Kaya toast ကို ကြက်ဥပြုတ်နှစ်လုံးရယ်၊ ကော်ဖီပြင်းပြင်းတစ်ခွက်ရယ်နဲ့ တွဲဖက်စားသုံးကြပါတယ်။

 

၎။ Nonya Kueh

play
 

စင်္ကာပူလူမျိုးတွေမှာ မလက္ကာရေလက်ကြားနဲ့ မလေးရှားကျွန်းဆွယ်တလျှောက်မှာ ကူးပြောင်းနေထိုင်တဲ့ တရုပ်လူမျိုးတွေက ဆင်းသက်လာပြီး သူတို့ရဲ့  Peranakan culture ( Peranakan ယဉ်ကျေးမှု) အရ Nonya Kueh လို့ခေါ်တဲ့ မုန့်အချိုတွေကို ရိုးရာမုန့်အဖြစ် စားသုံးကြပါတယ်။ အဲဒီမုန့်အချိုတွေဟာ မလက္ကာရေလက်ကြားဘက်မှာ ကတည်းက ပြုလုပ်စားသုံးခဲ့ကြတဲ့ မုန့်လုပ်နည်းတွေအရ ပြုလုပ်ထားတာဖြစ်ပါတယ်။ ထင်ရှားတဲ့ မုန့်ချိုတွေကတော့ kueh salat ၊ kueh kochi ၊ ang ku kueh နဲ့ kueh bingka တို့ပဲ ဖြစ်ပါတယ်။

၅။ Laksa

play
 

Laksa ကတော့ စင်္ကာပူစတိုင်လ် ခေါက်ဆွဲတစ်မျိုးဖြစ်ပြီး သူ့ရဲ့လိမ္မော်ရောင် တောက်တောက်သမ်းနေတဲ့ ပုံပမ်းအရ အရမ်းစပ်မယ်လို့ ထင်စရာပါပဲ။ ဒါပေမယ့် တကယ်တမ်းကျတော့ အဲလောက် မစပ်ပါဘူး။ စားကြည့်လိုက်တော့မှ နူးညံ့တဲ့ ဆန်ခေါက်ဆွဲဖတ် လေးတွေကို ပင်လယ်စာ၊ ပုဇွန်တုပ်၊ ငါးကိတ်နဲ့ ပုဇွန်ခြောက်တွေကြားကနေ ဆယ်စားရမှာပါ။ သူ့ရဲ့အုန်းနို့ကဲတဲ့ အရသာလေးကိုက မတူညီတဲ့ ခံစားမှုကို ပေးစွမ်းနိုင်မှာပါ။ နယ်ခံဆိုင်ရှင်တွေရဲ့ ပြုလုပ်ပုံအဆင့်ဆင့်အရ အရသာက ကွဲပြားမှုရှိနိုင်ပါတယ်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video