Food & Recipe: တရုတ်ဧကရီ ဘုရင်မပုံစံ ပုံဖော်ပြုလုပ်ထားတဲ့ ကိတ်မုန့်

တရုတ်ပြည် သမိုင်းတလျှောက်မှာ တစ်ဦးတည်းသော ဧကရီဘုရင်မအဖြစ် အသိအမှတ်ပြုခံထားရတဲ့ Wu Zetian ရဲ့ ငယ်ရွယ်လှပတဲ့ ပုံပန်းသဏ္ဍာန်ကို သရုပ်ဖော်ထားတဲ့ တရုတ်စတိုင်လ် လျှာပေါ်ဝဲကိတ်တစ်မျိုးကို မုန့်ဖုတ်ဆရာ Zhou Yi က ဖန်တီးပြုလုပ်ခဲ့ပါတယ်။

တရုတ်ပြည် သမိုင်းတလျှောက်မှာ တစ်ဦးတည်းသော ဧကရီဘုရင်မအဖြစ် အသိအမှတ်ပြုခံထားရတဲ့ Wu Zetian ရဲ့ ငယ်ရွယ်လှပတဲ့ ပုံပန်းသဏ္ဍာန်ကို သရုပ်ဖော်ထားတဲ့ တရုတ်စတိုင်လ် လျှာပေါ်ဝဲကိတ်တစ်မျိုးကို မုန့်ဖုတ်ဆရာ Zhou Yi က ဖန်တီးပြုလုပ်ခဲ့ပါတယ်။ Wu Zetian အကြောင်းကိုတော့ Empress of China ရုပ်ရှင်စီးရီးထဲမှာ Fan Bing Bing သရုပ်ဆောင်ထားလို့ သိကြပြီးဖြစ်မှာပါ။

play

 

Zhou Yi ဟာ မကြာသေးခင်ကမှ ဗြိတိန်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ကမ္ဘာအကြီးမားဆုံး ကိတ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Cake International ပြိုင်ပွဲမှာ ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ အကောင်းဆုံးဆုကို ဆွတ်ခူးရရှိထားသူလည်း ဖြစ်ပါတယ်။

play

 

ဧကရီဘုရင်မ Wu Zetian ရဲ့ အသက်ဝင်လှပတဲ့ ပုံပန်းသဏ္ဍာန်တွေဟာ ပရိသတ်အများကို ရင်သပ်ရှုမောဖြစ်စေခဲ့ပြီး အနုလက်ရာက သူမမျက်နှာပေါ်က မျက်တောင်မွှေးတွေကို ရေတွက်နိုင်သည်အထိ အနုစိတ်ပါတယ်။ ကိတ်မုန့်မှာ ဖော်ပြထားတဲ့ အစိတ်အပိုင်း တိုင်းဟာ (အမွှေးတိုင်၊ နန်းတော်မီးအိမ်နဲ့ ပန်းချီကားချပ်တွေကအစ) လက်နဲ့ပြုလုပ်ထားတာဖြစ်ပြီး စားလို့လည်းရပါတယ်။

 

play

 

လုံးဝပြီးပြည့်စုံတဲ့ ပုံပေါ်နေပေမယ့်လည်း Zhou အတွက် ပြုလုပ်ရတာ မလွယ်ကူခဲ့ပါဘူး။ နောက်ပြီး နောက်ဆုံးလက်ရာတုံးကဆို အမှားအယွင်းပေါင်းများစွာနဲ့ စမ်းသပ်မှုပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရတာပါ။

play

 

Zhou ကတော့ တရုတ်ပြည်က လူငယ်အများကို ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်မှာ စိတ်ပါဝင်စား လာစေဖို့ မျှော်လင့်နေပါတယ်။ "လူတွေကို တရုတ်ပြည်အကြောင်း ပိုသိစေချင်တယ်... နောက်ပြီး တရုတ်ပြည်ကိုလည်း ကမ္ဘာကြီးအကြောင်း ပိုသိစေချင်တယ်" လို့လည်း သူကဆိုပါတယ်။

Source: CGTN

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ