AD
AD
AD

လမ်းဘေးစာတွေဟာ ဆိုင်ကြီးကနားကြီးတွေမှာ ရောင်းချသလို သန့်ရှင်းမှုနဲ့ ဝန်ဆောင်မှုပိုင်းမှာ အားနည်းနိုင်ပေမယ့် အရသာ ပိုင်းမှာတော့ လိုက်မမီဘူးလို့ ပြောလို့မရပါဘူး။ အမှန်တကယ်တော့ လမ်းဘေးစာတွေက နိုင်ငံတစ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ အစားအသောက်ဓလေ့ကို ဖော်ပြနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အောက်ခြေလူတန်းစား အများစုက လမ်းဘေးစာကိုပဲ များသောအားဖြင့် အားကိုးကြလို့ပါပဲ။

ကမ္ဘာလှည့်ခရီးသည်တွေကလည်း နိုင်ငံတစ်နိုင်ငံကို အလည်အပတ်သွားမယ်ဆိုရင် အဲဒီနိုင်ငံရဲ့ လမ်းဘေးစာတွေကို ဂရုပြု စားသုံးကြပါတယ်။ ယနေ့ဖော်ပြမှာကတော့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့ကို အလည်သွားမယ်ဆိုရင် မဖြစ်မနေ မြည်းစမ်းကြည့်သင့်တဲ့ လမ်းဘေးစာလေးတွေပဲ ဖြစ်ပါတယ်။

၁။ Ikayaki (ပြည်ကြီးငါးကင်)

play
 

Ikayaki (ပြည်ကြီးငါးကင်) ဟာ တိုကျိုရဲ့အဓိက လမ်းဘေးစာတစ်မျိုးပါပဲ။ ပြည်ကြီးငါးတစ်ကောင်လုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ကိုပဲဖြစ်စေ ချိုမြိန်တဲ့ ပဲငံပြာရည်ရယ်၊တခြားဟင်းခတ် အမွှေးအကြိုင်တွေရယ်နဲ့ သုတ်လိမ်းပြီး ကင်ထားတာဖြစ်ပါတယ်။ ပျော်ပွဲရွှင်ပွဲတွေ၊ နယ်ခံပွဲတော်တွေမှာ လူကြိုက်များတဲ့ အစားအစာတစ်မျိုး ဖြစ်သလို တိုကျိုမြို့၊ ချူယိုရပ်ကွက်က Tsukiji Fish Market မှာလည်း တစ်နှစ်ပတ်လုံး အချိန်မရွေး သွားရောက်ဝယ်စားနိုင်ပါတယ်။

၂။ Taiyaki

play
 

Taiyaki ကတော့ တစ်နှစ်ပတ်လုံး ရရှိနိုင်တဲ့ နာမည်ကျော်မုန့်ပဲသရေစာ တစ်မျိုးဖြစ်ပြီး မြို့ရဲ့နေရာအနှံ့အပြားမှာ တွေ့နိုင်ပါတယ်။ ငါးပုံသဏ္ဍာန် ကိတ်မုန့်လေးတွေဖြစ်ပြီး ရိုးရာအရတော့ အထဲမှာ ပဲနီအနှစ် (anko) ကို ဋ္ဌာပနာအဖြစ် ထည့်ထားပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ချိစ်တို့၊ mustard (မုန်ညင်းစေ့အနှစ်) တို့လို ဋ္ဌာပနာမျိုးစုံကို ထည့်သွင်းလာကြပါတယ်။

၃။ Dango

play
 

Dango ကတော့ ဆန်မှုန့်နဲ့ပြုလုပ်ထားတဲ့ မုန့်လုံးလေးတွေဖြစ်ပြီး mochi နဲ့ အလားသဏ္ဍာန်တူပါတယ်။ Dango ဟာလည်း လူကြိုက်များပြီး စတိုးဆိုင်တိုင်းလိုလိုမှာ ဝယ်ယူရရှိနိုင်ပါတယ်။ အိမ်လုပ် Dango မုန့်လုံးကိုတော့ လမ်းပေါ်မှာပဲ ဝယ်ယူနိုင်ပြီး ပွဲတော်ရက်တွေမှာဆိုရင် အလွယ်တကူ ရရှိနိုင်ပါတယ်။ Meguro မြစ် ချယ်ရီပန်းပွဲတော် (သို့မဟုတ်) Takao တောင်ရဲ့ မီးသွေးမှုန့် Dango ပွဲတော်နေ့ရက်တွေမှာဆိုရင် Dango မုန့်မျိုးစုံကို တွေ့ရှိနိုင်ပါတယ်။

 

၎။ Takoyaki

play
 

Takoyaki ကတော့ ကိတ်လုံးလေးတွေဖြစ်ပြီး အထူးပြုလုပ်ထားတဲ့ မီးဖိုပေါ်မှာ ချက်ပြုတ်ရတာပါ။ အထဲမှာတော့ ရေဘဝဲ အသားဖတ်လေးတွေ ဋ္ဌာပနာထည့်သွင်းထားပါတယ်။ ရေဘဝလုံး (သို့) ရေဘဝဲမုန့်လုံးလို့လည်း ခေါ်ကြတဲ့ Takoyaki လေးတွေကို ပွဲတော်ရက်တွေမှာ တွေ့ရပြီး စတိုးဆိုင်တွေမှာလည်း ဝယ်ယူရရှိနိုင်ပါတယ်။ ဒါ့အပြင် မြို့ပြလမ်းဘေးက လမ်းဘေးဆိုင် လေးတွေမှာလည်း အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်။

၅။ Okonomiyaki

play
 

Okonomiyaki ကတော့ အရသာနည်းနည်းလေးတဲ့ ပန်ကိတ်လေးတွေဖြစ်ပြီး အပေါ်ကအနှစ်တစ်မျိုး ဆမ်းထားပါတယ်။ အထဲမှာလည်း အသား၊ ဟင်းသီးဟင်းရွက်၊ ဆော့စ်နဲ့ မရိုးနိစ်တွေ ရောထည့်ထားပါတယ်။ နယ်မြေအလိုက် ကွဲပြားတဲ့ စတိုင်လ်နဲ့ ချက်ပြုတ်နည်းလေးတွေရှိပြီး အရသာလည်း ကွဲပြားနိုင်ပါတယ်။ Okonomiyaki ဟာလည်း အလွန်အရသာရှိတဲ့ လမ်းဘေးစာတစ်မျိုး ဖြစ်ပါတယ်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD