ပြင်သစ်လူမျိုးတွေဟာ ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားတဲ့ ဥရောပတိုက်သားတွေဖြစ်ပြီး ဖက်ရှင်၊ ဟင်းလျာ၊ အနုပညာနဲ့ ဗိသုကာပညာပိုင်းမှာတော့ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ အထူးသဖြင့် ပြင်သစ်ရိုးရာဟင်းလျာတွေဟာ ကမ္ဘာမှာ လူကြိုက်များပါတယ်။ ဒါပေမယ့် နာမည်ကျော် ပြင်သစ်အစားအစာတွေထဲမှာမှ ထူးဆန်းလွန်းလို့ တော်ရုံလူမထိရဲတဲ့ ဟင်းလျာတွေလည်း ပါပါတယ်။ အဲဒါတွေကတော့...

၁။ Escargots de Bourgogne (ခရုဟင်း)

play
 

ခရုတွေကို ဖားခြေထောက်နဲ့တွဲဖက်ပြီး ချက်ပြုတ်ထားတာက ပြင်သစ်ရဲ့ နာမည်ကျော် အစားအစာတစ်မျိုးပါပဲ။ ချွဲကျိကျိနဲ့မို့ ပြင်သစ်ကို အလည်လာတဲ့ ဧည့်သည်တော်တော်များများ မစားရဲကြပါဘူး။ အကောင်းဆုံးခရုတွေဟာ Burgundy အရပ်ကလာပြီး ဒီဟင်းလျာကို ချက်ပြုတ်ဖို့အတွက် ပြင်ဆင်မှုက ခင်ဗျားထင်ထားတာထက် ပိုပြီးရှုပ်ထွေးပါတယ်။ နံရံမှာ တွယ်ကပ်နေတဲ့ ခရုတစ်ကောင်ကို ခွာယူပြီး ပါးစပ်ထဲ တန်းပစ်ထည့်လို့တော့ မရဘူးမလား။

ဒီဟင်းလျာချက်ပြုတ်ဖို့အတွက် ခရုတွေကို သန့်ရှင်းတဲ့ အစားအစာတွေကျွေးပြီး မွေးမြူရပြီး မပြုတ်ခင်လည်း ရေနဲ့သေချာစွာ ဆေးကြောရပါမယ်။ ပြီးမှ ထောပတ်၊ ကြက်သွန်ဖြူ၊ တရုတ်နံနံတို့နဲ့ ရောပြီး ချက်ပြုတ်ထားတာပါ။ ဒီဟင်းလျာတစ်ပွဲ ချက်ပြုတ်ဖို့ အချိန် (၃) ရက်လောက်ပေးရပြီး ဈေးလည်း တော်တော်ကြီးပါတယ်။

၂။ Pieds de porc (ဝက်ခြေထောက်ဟင်း)

play
 

ပြင်သစ်လူမျိုးတွေက ဝက်တစ်ကောင်လုံးရဲ့ အစိတ်အပိုင်းတိုင်းကို စားသောက်ကြပါတယ်လို့ အဆိုရှိပါတယ်။ အင်္ဂလိပ်လူမျိုးတွေက trotters လို့ခေါ်တဲ့ ဝက်ခြေထောက်ကတော့ ပြင်သစ်လူမျိုးတွေ အနှစ်သက်ဆုံး အပိုင်းပါပဲ။ ဝက်ခြေထောက်ဟင်းကို မီးပျော့ပျော့နဲ့ အချိန်ယူချက်ပြုတ်ရပြီး နောက်ဆုံးရလာတဲ့ ဝက်ခြေထောက်က နူးညံ့ပြီး အိစက်နေပါတယ်။

တစ်ခုရှိတာက ဝက်ခြေထောက်စားရင် ဇွန်းတွေ၊ ခက်ရင်းတွေနဲ့ လှလှပပလေး သွားစားနေလို့တော့ မရပါဘူး။ လက်နဲ့ကိုင်ပြီး ပယ်ပယ်နယ်နယ် ဆွဲမှရမှာပါ။ မဟုတ်ရင် ဝက်ခြေထောက်က လက်ထဲက ချော်ထွက်ပြီး သူများမျက်နှာသွားမှန် နေလိမ့်မယ်။

၃။ Foie Gras (ငန်းအသည်း)

play
 

ဒီပြင်သစ်စာကတော့ ထူးထူးခြားခြားပါပဲ။ ဒီအစားအစာရဖို့ ဘဲနဲ့ ငန်းတွေကို ၃-၄ ပတ်လောက် အစာတွေ အတင်းလှိမ့်ကျွေး ထားရပါမယ်။ အဲဒါကို ပြင်သစ်လို gavage လို့ခေါ်ပါတယ်။ သူတို့ရဲ့ အသည်းတွေဟာ ပုံမှန်အရွယ်အစားထက် ဆယ်ဆလောက် ကြီးလာပြီဆိုတော့မှ ဘဲ၊ ငန်းတွေကို သတ်ရပါတယ်။

ဒီအစားအစာကို ပြုလုပ်ဖန်တီးသူတွေက ဒီလုပ်ရပ်ကို သဘာဝရဲ့ အသက်ရှင်ဖို့ ပုံပြောင်းကြိုးစားခြင်းလို့ ဆိုကြပေမယ့် တိရစ္ဆာန်အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကတော့ ဒါကို တိရစ္ဆာန်ညှင်းပန်း နှိပ်စက်ခြင်းတစ်မျိုးလို့ မြင်ကြပါတယ်။ ဒီအဆီများတဲ့ အစားအစာကို ပြင်သစ်လူမျိုးတွေကတော့ အားလပ်ရက်တွေလို နေ့ရက်တွေမှာ စားသုံးကြပါတယ်။

 

၎။ Tripe (နွားအစာအိမ်)

play
 

အမဲဝမ်းတွင်းသား (နွားအစာအိမ်) ဟာလည်း ပြင်သစ်နိုင်ငံမှာတော့ နာမည်ကျော် အစားအစာတစ်မျိုးပါ။ သူတို့ဟာ နွားအစာအိမ်ကို ချက်တော့မယ်ဆိုရင် အပူချိန် ခပ်ပျော့ပျော့မှာ အချိန်အကြာကြီးယူပြီး ချက်ပြုတ်တတ်ကြပါတယ်။ နွားအစာအိမ်ထဲမှာမှ ဆေးဖက်ဝင် ဟင်းရွက်တွေ၊ ဝိုင်ဖြူတွေပါ ရောထည့်ပြီး စိမ်ပြေနပြေ ချက်ကြတာပါ။ Tripe ဟင်းလျာရဲ့ ရေမှာမပျော်ဝင်နိုင်တဲ့ အမျှင်ပရိုတိန်း ဓာတ်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အစားအစာတစ်မျိုးလည်း ဖြစ်စေပါတယ်။

၅။ Langue de boeuf (နွားလျှာ)

play
 

တုတ်ထိုးဆိုင်မှာ လျှာလေးလှီးပေးပါဦးလို့ တောင်းဆိုတတ်တဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အတွက်တော့ ဆန်းပြားချင်မှ ဆန်းပြားမှာပေါ့။ ပြင်သစ်လူမျိုးတွေကတော့ နွားတစ်ကောင်ရဲ့ အရသာခံ အင်္ဂါကို နှစ်ခြိုက်စွာ စားသုံးကြပါတယ်။ Langue de boeuf ဆိုတာ နွားလျှာအကြီးကြီးကို အရသာကောင်းမွန်တဲ့ အသားလွှာလေးတွေဖြစ်အောင် လှီးဖြတ်ထားတဲ့ ဟင်းလျာတစ်မျိုးပါ။ ခန္ဓာဗေဒ အချက်အလက်တွေကို မေ့ထားလိုက်မယ်ဆိုရင် တကယ်စားလို့ကောင်းတဲ့ ဟင်းလျာတစ်မျိုးလို့ ဆိုနိုင်ပါတယ်။

၆။ Couilles de mouton (သိုး ဖိုက်တင်းဘော)

play
 

ဒီတစ်ခုကိုကော စားရဲကြရဲ့လား။ ဒီဟင်းလျာလေးကတော့ သိုးတစ်ကောင်ရဲ့ ဖိုက်တင်းဘော (မျိုးပွားအင်္ဂါ) ကို စီမံချက်ပြုတ် ထားတာပါ။ Perigord ဆိုတဲ့ ပြင်သစ်ဒေသတစ်ခုရဲ့ frivolites beneventines လို့ခေါ်တဲ့ သိုးဖိုက်တင်းဘောကို အထူးချက်ပြုတ်နည်းဟာ ထင်ရှားပါတယ်။

သိုးဖိုက်တင်းဘောကို ရေအေးထဲမှာ (၃) နာရီလောက်ကြာအောင်စိမ်ထား၊ ပြီးမှ ပါးပါးလှီးပြီး သံပုရာရည်၊ တရုပ်နံနံ၊ ပြင်သစ်ဝိုင်ဖြူတို့နဲ့ ရောနယ်ပြီး ကင်ထားတာပါ။ ဒီအစားအစာလေးဟာ ချိုမြိန်နူးညံ့ပြီး ဈေးလည်းကြီးပါတယ်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video