AD
AD
AD

ဗီယက်နမ်နိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဟနွိုင်းမြို့ဟာ ဈေးနှုန်းသက်သာပြီး အရသာကောင်းမွန်တဲ့ အစားအသောက်တွေကို ဆွဲဆောင်မှုရှိတဲ့ ခင်းကျင်းမှုတွေနဲ့ ဖော်ပြထားတဲ့ လမ်းဘေးဆိုင် ယဉ်ကျေးမှု ကြွယ်ဝတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဗီယက်နမ်လမ်းဘေးစာ အများစုဟာ ဟင်းသီးဟင်းရွက်တွေ၊ သံပုရာရည်တွေ၊ ငရုပ်သီးတွေနဲ့ ပြုလုပ်ထားတဲ့ စားလို့ကောင်းတဲ့ အစားအစာလေးတွေ ဖြစ်ပါတယ်။

နောက်ပြီး အရသာကောင်းမွန်တာ တစ်ခုတည်းမဟုတ်ပါဘူး။ ဗီယက်နမ်အစားအစာတွေဟာ ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံး အစားအစာတွေလည်း ဖြစ်ပါတယ်။ ဒါဆိုရင် ဟနွိုင်းမြို့ကိုရောက်ရင် မဖြစ်မနေ စားသင့်တဲ့ ဗီယက်နမ် အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ Banh Canh and Goi Cuon (ဗီယက်နမ် ဂဏန်းခေါက်ဆွဲနဲ့ ကော်ပြန့်)

play
 

Banh Canh ဆိုတာ ဂဏန်းအသားမှုန့်၊ ဂဏန်းအသားချောင်း၊ ငရုပ်သီး၊ သံပုရာရည်နဲ့ အုန်းနို့တို့နဲ့ ပြုလုပ်ထားတဲ့ ဗီယက်နမ် ခေါက်ဆွဲတစ်မျိုးပါ။ ကြွယ်ဝတဲ့ ခင်းကျင်းတင်ဆက်မှုနဲ့ အံ့ဖွယ်အရသာတွေကို ပေးစွမ်းနိုင်ပါတယ်။ Goi Cuon ကတော့ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဝက်သားတွေ၊ ပုဇွန်တွေကို ပဲငံပြာရည်၊ မြေပဲလှော်တို့နဲ့ ချက်ပြုတ်ပြီး အစာသွပ်ထားတဲ့ ဗီယက်နမ် ကော်ပြန့်လိပ်တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီလမ်းဘေးစာလေးတွေကို ဟနွိုင်းမြို့က လမ်းဘေးဆိုင်လေးတွေမှာ ရနိုင်သလို Madame Hien ဆိုတဲ့ စားသောက်ဆိုင်မှာလည်း ရရှိနိုင်ပါတယ်။

၂။ Pho (ဖိုခေါက်ဆွဲ)

play
 

ဖိုခေါက်ဆွဲကတော့ ကမ္ဘာကျော် ဗီယက်နမ်လမ်းဘေးစာ တစ်မျိုးဖြစ်ပြီး နေ့လည်စာအဖြစ်ကော၊ မနက်စာအဖြစ်ပါ စားသုံးကြပါတယ်။ ဖိုခေါက်ဆွဲတစ်ပွဲ ဖြစ်လာဖို့ ဆန်ခေါက်ဆွဲကို အမဲသားရယ်၊ ဟင်းရွက်တွေရယ်နဲ့ ရောထားတာပါ။ ဖိုခေါက်ဆွဲကို (၂၀) ရာစု နှောင်းပိုင်းကတည်းက အမဲသားကဲတဲ့ ပြင်သစ်ဟင်းလျာတစ်မျိုးကနေ ဆင့်ပွားပြီး ပြုလုပ်ဖန်တီးခဲ့တာပါ။

ဗီယက်နမ် စစ်ပွဲကာလတုံးက ကမ္ဘာတဝှမ်းလုံးက စစ်ဘေးသင့်ဒုက္ခသည်တွေ ချက်ပြုတ်စားသောက်ကြရာမှ လူသိများလာပါတယ်။ ယနေ့ခေတ်မှာတော့ ဖိုခေါက်ဆွဲဟာ ဗီယက်နမ်မှာ လူကြိုက်အများဆုံး စွတ်ပြုတ်တစ်မျိုး ဖြစ်နေပါပြီ။

 

၃။ Banh Tom (ပုဇွန်ဟင်း)

play
 

Banh Tom ကတော့ ဟနွိုင်းမြို့ရဲ့ အနောက်ဘက်ရေကန် ဧရိယာတဝိုက်က အစပြုခဲ့တဲ့ ပုဇွန်ဟင်းလျာလေးတစ်မျိုး ဖြစ်ပါတယ်။ ဟင်းနှစ်ကိုတော့ ဂျုံမှုန့်၊ ပြောင်းဖူးမှုန့်၊ ကြက်ဥ၊ ဆား၊ ငရုပ်ကောင်းမှုန့်၊ နနွင်းမှုန့်နဲ့ ကန်စွန်းဥတို့နဲ့ ပြုလုပ်ထားပါတယ်။ ပြီးရင် ဟင်းနှစ်ထဲမှာ ပုဇွန်ကိုနှစ်ပြီး ဟင်းချက်ဆီနဲ့ ငါးမိနစ်ခန့် ရွှေအိုရောင်သမ်းလာသည်အထိ ကြော်ပေးရပါမယ်။ ပြီးတော့မှ အပေါ်ကနေ ငံပြာရည်လေး ဆမ်းပေးရပါမယ်။

၎။ Banh Cuon (ဗီယက်နမ် ထမင်းလိပ်)

play
 

Banh Cuon ကတော့ ဒီနှစ်ပိုင်းတွေမှာ လူကြိုက်အများဆုံး မနက်စာတစ်မျိုးဖြစ်လာတဲ့ ဗီယက်နမ်စတိုင်လ် ထမင်းလိပ်လေးပဲ ဖြစ်ပါတယ်။ ဒီဟင်းလျာလေး ရဖို့အတွက် အရင်ဆုံး ထမင်းကို စေးကပ်သည်အထိ ပေါင်းပေးရပါတယ်။ ပြီးမှ ဝါးယင်းလိပ်လေးနဲ့ လိပ်ပြီးမှ ဝက်သား၊ မှို၊ ကြက်သွန်နီ၊ ငံပြာရည်တို့နဲ့ အစာသွပ်ပေးနိုင်ပါတယ်။ ဝက်သားအစား ပုဇွန်အစာသွပ်လို့လည်း ရပါတယ်။

Source: theculturetrip

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD