AD
AD
AD

ယိုးဒယားသင်္ဘောသီးထောင်းဆိုတာ ယခုအချိန်မှာ အလွယ်တကူ ဝယ်စားလို့ရတဲ့ အစားအစာတစ်ခုပါ။ ချဉ်ချဉ်စပ်စပ်နဲ့ မိန်းကလေးတိုင်း နှစ်သက်ကြတဲ့ ယိုးဒယားသင်္ဘောသီးထောင်းကို အားလပ်ရက်မှာ ကိုယ်တိုင်လုပ်စားကြရင်ကော မကောင်းဖူးလား။ ဒါဆိုရင် ယိုးဒယားသင်္ဘောသီးထောင်း လုပ်နည်းလေးကို ဆက်ဖတ်ကြည့်ကြပါဦး။

ပါဝင်ပစ္စည်းများ

play
 

ယိုးဒယားသင်္ဘောသီးထောင်း နှစ်ယောက်စာပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပစ္စည်းတွေကတော့... သင်္ဘောသီးအစိမ်း အရွယ်တော် တစ်လုံးခန့်၊ မြေပဲလှော် လက်ဖက်ရည်ဇွန်း (၂) ဇွန်းခန့်၊ ကြက်သွန်ဖြူနှစ်တောင့်၊ ငရုပ်သီးစိမ်း (၃) (၄) တောင့်ခန့်၊ ပုဇွန်ခြောက် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သကြား ဇွန်းဝက်ခန့်၊ ချယ်ရီခရမ်းချဉ်သီး (၇) လုံး၊ သံပုရာရည်ဇွန်းဝက်ခန့်၊ ငံပြာရည် (၁) ဇွန်းခွဲခန့်၊ ပဲတောင့်ရှည်အနည်းငယ်ရယ်ပဲ ဖြစ်ပါတယ်။

ပြုလုပ်နည်း

 

အရင်ဆုံး မြေပဲလှော်လက်တစ်ဆုပ်ခန့်ကို ငရုပ်ဆုံထဲထည့်ပြီး ငရုပ်ကျည်ပွေ့နဲ့ ထောင်းပေးလိုက်ပါ။ ပြီးရင်တော့ ရလာတဲ့ မြေပဲမှုန့်ကို ခွက်တစ်ခွက်ထဲ လှယ်ထည့်ထားလိုက်ပြီး ငရုပ်ကျည်ပွေ့နဲ့ ငရုပ်ဆုံကို သန့်ရှင်းပေးလိုက်ပါ။

သကြားအနည်းငယ်ကို ရေ လက်ဖက်ရည်ဇွန်း (၂) ဇွန်းစာနဲ့ရောပြီး ဒယ်အိုးပြားတစ်လုံးမှာ medium အပူချိန်နဲ့ ကြိုထားပေးလိုက်ပါ။ ခဏကြာရင် သကြားတွေအရည်ပျော်ပြီး ထူထဲချွဲပျစ်တဲ့ သကြားရည်ကို ရရှိပါလိမ့်မယ်။ အဲဒါကိုလည်း ပန်းကန်တစ်လုံးထဲမှာ ဖယ်ထားလိုက်ပါ။

 

ပြီးရင်တော့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သင်္ဘောသီးကို အခွံခွာပြီး ခြစ်နဲ့ ခြစ်ရပါမယ်။ အချောင်းသေးသေးလေးတွေ ဖြစ်သည်အထိ ခြစ်နဲ့ ခြစ်ပြီးရင်တော့ ရေအေးထဲမှာ စိမ်ထားပေးလိုက်ပါ။ ဒီလို ရေအေးထဲမှာ စိမ်ထားခြင်းဖြင့် သင်္ဘောသီးဖတ်လေးတွေကို ပိုမိုကြွပ်ရွပြီး စားကောင်းစေပါတယ်။ ပြီးရင်တော့ ပဲသီးတောင့်ရှည်လေးကိုလည်း တစ်လက်မအရွယ် အစိတ်လေးတွေဖြစ်အောင် လှီးဖြတ်လိုက်ပါ။

play

 

ငရုပ်သီးစိမ်းနဲ့ ကြက်သွန်ဖြူ အခွံခွာပြီးသားကို ငရုပ်ဆုံထဲမှာ ညင်ညင်သာသာလေး ထောင်းပေးလိုက်ပါ။ အရမ်းကြီး ညက်ညက်ကြေအောင် ထောင်းဖို့မလိုဘဲ တစ်ဝက်လောက်ပဲ ကြေအောင်ထောင်းပေးပါ။ ခဏကြာရင် ပုဇွန်ခြောက်ပါထည့်ပြီး ရောထောင်းပေးလိုက်ပါ။ ပုဇွန်ခြောက်ညက်မှ မြေပဲမှုန့်ကိုပါ ရောထည့်ပေးလိုက်ပါ။

ခဏကြာရင် ငရုပ်ဆုံထဲကို သင်္ဘောသီးဖတ်တွေပါထည့်ပြီး ညင်ညင်သာသာလေး ထောင်းပေးလိုက်ပါဦး။ အရမ်းကြီး အားထည့်လိုက်ရင် အရသာပျက်သွားမှာ စိုးရတဲ့အတွက် အဲဒီနေရာမှာ အချိန်အဆက အရေးကြီးပါတယ်။ ဇွန်းတစ်ချောင်းကိုပါ ဘေးပါအရန်သင့်ဆောင်ထားပြီး သင်္ဘောသီးထောင်းနေချိန်မှာ ဘေးကိုလျှံထွက်မလာအောင် ထိန်းထားပေးသင့်ပါတယ်။

play

 

ခဏနေရင်တော့ သကြားရည်ရယ်၊ ခရမ်းချဉ်သီးရယ်၊ ပဲသီးရယ်၊ သံပုရာရည်ရယ်၊ ငံပြာရည်ရယ်ကိုပါ ရောထည့်လိုက်ပြီး ထပ်ထောင်းပေးလိုက်ပါဦး။ ပါဝင်ပစ္စည်းအားလုံး သမသွားခြင်းက ယိုးဒယားသင်္ဘောသီးထောင်းရဲ့ လျှို့ဝှက်ချက်ပါပဲ။ သမသွားပြီးဆိုရင်တော့ ပန်းကန်ပြားတစ်ချပ်ထဲကို ပြောင်းလှယ်ထည့်ပေးနိုင်ပါပြီ။ အပေါ်ကနေ မြေပဲလှော်လေးနည်းနည်း ဖြူးလိုက်ရင်တော့ အရသာရှိတဲ့ ယိုးဒယားသင်္ဘောသီးထောင်းလေးကို ရရှိပါပြီ။

Source: maangchi

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD