AD
AD
AD

အသည်းဟာ ခန္ဓာကိုယ်မှာ အရေးအကြီးဆုံး အစိတ်အပိုင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ ရှင်းလင်းဖို့၊ အစာခြေစနစ်ကို အထောက်အကူပေးဖို့၊ သည်းခြေရည်ထုတ်ပေးဖို့၊ ဟော်မုန်းထုတ်ပေးဖို့ စသဖြင့် အသည်းမှာ အရေးကြီးလုပ်ဆောင်မှုတွေ အများကြီးရှိပါတယ်။

play

 

အရက်အလွန်အကျွံ သောက်တတ်သူတွေဆိုရင် အသည်းမှာ ထိခိုက်ဒဏ်ရာ ရရှိနိုင်ပါတယ်။ အသည်းကျန်းမာရေးကောင်းစေဖို့က အလွန်အရေးကြီးတဲ့အတွက် အသည်းကို အားပေးတဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ကြက်သွန်ဖြူ

play
 

အသည်းကျန်းမာနေစေဖို့အတွက် အဆိပ်အတောက်ရှင်းလင်းရေးဟာ အရေးပါပါတယ်။ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ရှင်းလင်းပေးရာမှာတော့ ကြက်သွန်ဖြူက အကောင်းဆုံးပါပဲ။ ကြက်သွန်ဖြူမှာ ခန္ဓာကိုယ်ကို အောက်ဆီဂျင်ဓာတ်ပြုခြင်းကြောင့် ဖြစ်တဲ့ထိခိုက်မှုတွေကနေ ကာကွယ်ပေးနိုင်တဲ့ allicin ဆိုတဲ့ ဓာတ်တစ်မျိုး ပါဝင်ပါတယ်။ သူက ခန္ဓာကိုယ်ကို ဒုက္ခပေးမယ့် အရာဝတ္ထုတွေကို စွန့်ထုတ်ပေးမယ့် အင်ဇိုင်းတွေထွက်လာအောင် ကူညီပေးနိုင်ပါတယ်။

၂။ ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီကတော့ ဆာလ်ဖာပါဝင်တဲ့ ဒြပ်ပေါင်းတစ်မျိုးဖြစ်တဲ့ isothiocyanate ဆိုတဲ့ ဓာတ်ကြွယ်ဝပါတယ်။ အဲဒီဓာတ်တွေဟာ အဆိပ်အတောက်တွေကို ခန္ဓာကိုယ်ပြင်ပ ထုတ်ပေးနိုင်သလို ဇီဝကမ္မ လုပ်ဆောင်မှုတွေ ပိုမိုမြန်ဆန်စေဖို့လည်း ကူညီပေးနိုင်ပါတယ်။

အီလီနွိုက်တက္ကသိုလ်က သုတေသီတွေရဲ့ အဆိုအရတော့ ပန်းဂေါ်ဖီစားပေးခြင်းဟာ အရက်ကြောင့် မဟုတ်တဲ့ အသည်း အဆီဖုံးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်တဲ့။ နောက်ပြီး ပန်းဂေါ်ဖီစားပေးခြင်းက အသည်းကင်ဆာမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

၃။ မုန်လာဥနီ

play
 

မုန်လာဥနီ (ခါကြက်ဥ) မှာတော့ antioxidant ၊ ဗိုက်တာမင်၊ သတ္ထုဓာတ်နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ အာဟာရဗေဒ ပညာရှင်တစ်ဦးဖြစ်တဲ့ Jamia Osmania ကတော့ ကြွက်တွေကို မုန်လာဥနီဖျော်ရည် ခြောက်ပတ်ခန့်တိုက်ပြီး သုတေသနတစ်ခု ပြုလုပ်ခဲ့ပါတယ်။ သုတေသနအရတော့ မုန်လာဥနီဖျော်ရည်ဟာ အသည်းထဲက DHA နဲ့ MUFA လိုပဲ အသည်းအဆီ ဖုံးစေနိုင်တဲ့ အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်တာကို တွေ့ရှိရပါတယ်။

၎။ လက်ဖက်စိမ်းရေနွေးကြမ်း

play
 

လက်ဖက်စိမ်းရေနွေးကြမ်း (green tea) ဟာ antioxidant တစ်မျိုးဖြစ်တာရယ်၊ ကျန်းမာရေးအကျိုးကျေးဇူး အများကြီး ရှိတာရယ်ကိုတော့ အများသိထားကြပြီးသားပါ။ လက်ဖက်စိမ်းမှာ ပါဝင်တဲ့ polyphenol ဓာတ်ဟာ ကျန်းမာရေးကို ကောင်းမွန်စေတာပါ။ တရုပ်သိပ္ပံပညာရှင်တွေကတော့ လက်ဖက်စိမ်းကို ပုံမှန်သောက်ပေးရင် အသည်းကင်ဆာ၊ အသည်းရောဂါ၊ အသည်းအဆီဖုံး ရောဂါတို့ကို ပျောက်ကင်းစေနိုင်ပါတယ်တဲ့။

၅။ နနွင်းမှုန့်

နနွင်းမှုန့်ဟာ ဟင်းချက်ရာမှာ အသုံးပြုတဲ့ ဟင်းခပ်အမွှေးအကြိုင်တစ်မျိုး ဖြစ်ပါတယ်။ နနွင်းမှုန့်မှာ ပါဝင်တဲ့ curcumin ဟာ နနွင်းမှုန့်ကို ဆေးဖက်ဝင်စေတဲ့ အဓိကဒြပ်ပေါင်း  တစ်မျိုးဖြစ်ပါတယ်။ နနွင်းမှုန့်မှာ ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး၊ မှိုရောဂါပိုးတွေကို ကာကွယ်ပေးနိုင်ပြီး ရောင်ရမ်းခြင်းဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။ နနွင်းမှုန့်ဟာ ရောင်ရမ်းခြင်းနဲ့ oxidative stress တွေကို လျှော့ချပေးခြင်းဖြင့် အသည်းကို ကာကွယ်ပေးနိုင်ပါတယ်။

၆။ ထောပတ်သီး

play
 

အနှစ်ခပ်များများနဲ့ ဒီသစ်သီးလေးမှာလည်း ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးပါဝင်ပါတယ်။ အဲဒီထဲမှာ အသည်းကို ကာကွယ်နိုင်တာလည်း တစ်ခုအပါအဝင်ပေါ့။ ထောပတ်သီးတွေဟာ ရောင်ရမ်းခြင်းကို လျှော့ချနိုင်သလို အားကောင်းတဲ့ antioxidant တွေလည်း ဖြစ်ပါတယ်။

အရက်ကြောင့် မဟုတ်တဲ့ အသည်းအဆီဖုံးခြင်းဟာ နေပုံထိုင်ပုံ မှားယွင်းမှုကြောင့် ဖြစ်တတ်ပြီး ထောပတ်သီးဟာ အဲဒီရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဂျပန်သိပ္ပံပညာရှင်တွေကတော့ ထောပတ်သီး ပုံမှန်စားပေးခြင်းက အသည်းမှာ ဒဏ်ဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်လို့ ဆိုထားပါတယ်။

Source: Stylecraze

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD