AD
AD
AD

ကိုရီးယားငါးအသားချောင်းကြော်ကို မကြိုက်တဲ့သူ ဘယ်သူရှိမလဲ။ အနည်းဆုံးတော့ Junction City ဘက်ရောက်ရင် ငါးအသား ချောင်းလေးကို ဆော့စ်လေးနဲ့ တို့ပြီးတော့ စားဖူးကြတယ်မလား။ အရသာရှိတဲ့ ငါးအသားချောင်းကြော် ပူပူနွေးနွေးလေးကို အိမ်မှာပဲ ကိုယ်တိုင်ကြော်စားချင်သူများအတွက် ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

play
 

အရိုးထွင်ပြီးသား အဖြူရောင်ငါးအသား ပေါင်ဝက်ခန့်၊ နုတ်နုတ်စင်းပြီးသား ပြည်ကြီးငါးအသား လေးအောင်စခန့်၊ အခွံချွတ် အမွှေးနှုတ်ပြီးသား ပုဇွန် လေးအောင်စခန့်၊ ကြက်သွန်မြိတ် နှစ်ပင်ခန့်၊ အရွယ်တော် ကြက်သွန်နီတစ်ခြမ်းခန့်၊ ဆား အနည်းငယ်၊ သကြားအနည်းငယ်၊ ငရုပ်ကောင်းမှုန့် (အဖြူ) လက်ဖက်ရည်ဇွန်း (၁/၄) ဇွန်းခန့်၊ ဟင်းသီးဟင်းရွက်ဆီ (၃) ခွက်ခန့်၊ ဂျုံမှုန့် ခွက်ဝက်ခန့်၊ အာလူးမှုန့် ခွက်ဝက်ခန့်၊ ကြက်ဥအကြီးတစ်လုံးခန့် တို့ပဲဖြစ်ပါတယ်။

ုပြုလုပ်နည်း

 

ငါးအသားလွှာကို အရိုးတစ်ချောင်းမှ မကျန်အောင် အရင်စစ်ဆေးပါ။ ပြီးရင် ငါးအသားလွှာကို အတုံးလေးတွေဖြစ်အောင် တုံးပြီး အသားကြိတ်စက်ထဲ ထည့်ထားလိုက်ပါ။ အတုံးလေးတွေ တုံးပြီးသား ပြည်ကြီးငါးရယ်၊ ပုဇွန်ရယ်၊ ကြက်သွန်နီရယ်၊ ဆားရယ်၊ သကြားရယ်၊ ငရုပ်ကောင်းမှုန့် (အဖြူ) တို့ကိုလည်း အသားကြိတ်စက်ထဲ ရောထည့်ပေးပါ။

 

ဟင်းသီးဟင်းရွက်ဆီရယ်၊ ဂျုံမှုန့်ရယ်၊ အာလူးမှုန့်ရယ်၊ ကြက်ဥ (အကာ) ရယ်ကိုလည်း အသားကြိတ်စက်ထဲကိုပဲ ရောထည့်ပေးလိုက်ပါ။ ပြီးရင်တော့ မိနစ်အနည်းငယ်ကြာအောင် ကြိတ်စက်နဲ့မွှေပေးနိုင်ပါပြီ။ ပါဝင်ပစ္စည်းအားလုံး သမသည်အထိ မွှေပေးရမှာဖြစ်ပါတယ်။ ပြီးရင်တော့ ဇလုံတစ်လုံထဲကို ပြောင်းထည့်ပေးနိုင်ပါပြီ။

play

 

ဟင်းသီးဟင်းရွက်ဆီ သုံးခွက်ကိုတော့ ဒယ်အိုးတစ်လုံးထဲမှာ over medium အပူချိန်နဲ့ ငါးမိနစ်ခန့် အပူပေးလိုက်ပါ။ ငါးမိနစ်ကြော်ရင်တော့ အပူချိန်ကို medium ထိ ပြန်လျှော့ချလိုက်ပါ။ ပြင်ကျယ်တဲ့ ယောက်မတစ်ချောင်းပေါ်မှာ ဟင်းသီးဟင်းရွက်ဆီကို သုတ်လိမ်းပြီး ငါးအသားအနှစ်ကိုလည်း ယောက်မပေါ်မှာ ဓားတစ်ချောင်းနဲ့ သုတ်လိမ်းပေးလိုက်ပါ။

play

 

ပြီးရင် ဓားကိုပဲသုံးပြီး ယောက်မပေါ်က ငါးအသားအနှစ်ကို ဆလင်ဒါပုံဖြစ်အောင် အသာလေးလိပ်ပေးလိုက်ပါ။ ပြီးရင်တော့ ဆီပူထဲကို ထည့်ပေးလိုက်ပါ။ ဇလုံထဲမှာကျန်တဲ့ ငါးအသားအနှစ်တွေကိုလည်း အထက်ပါ ပုံစံအတိုင်းလိပ်ပြီး ဆီပူထဲ ထည့်ပေးလိုက်ပါ။ တစ်ခုနဲ့တစ်ခု ကပ်မသွားအောင်တော့ သတိထားပေးပါ။ အကျက်ညီအောင်လည်း ထက်အောက်လှန်ပေးလိုက်ပါ။

play

 

(၅) မိနစ်ကနေ (၇) မိနစ်ကြား ကြော်ပေးလိုက်မယ်ဆိုရင် ငါးအသားချောင်းလေးတွေက ရွှေအိုရောင်သမ်းပြီး ကျက်သွားပါပြီ။ ပြီးရင် ဇကာတစ်လုံးထဲထည့်ပြီး ဆီစစ်ပေးလိုက်ပါဦး။ ဆီစစ်ပြီးရင်တော့ အရသာရှိတဲ့ ငါးအသားချောင်းကြော် ပူပူနွေးနွေးကို မိမိနှစ်သက်ရာ ဆော့စ်တစ်ခုခုနဲ့ တွဲဖက်စားသုံးနိုင်ပါပြီ။ နောက်မှစားမယ် စဉ်းစားထားရင်တော့ ပလတ်စတစ်အိတ် တစ်လုံးထဲမှာ သေချာလုံအောင်ထားပြီး သိမ်းထားနိုင်ပါတယ်။

Source: maangchi

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD