အသားအရေလှပခြင်းဟာ မိန်းကလေးတွေအတွက်သာမက ယောက်ျားလေးတွေအတွက်လည်း လိုအပ်ပါတယ်။ ရွက်ကြမ်းရေကြို ရုပ်ရည်ပဲ ရှိတဲ့သူတွေတောင် အသားအရေလှပရင် ကြည့်လို့ကောင်းနေမှာပါ။ အသားအရေလှပချင်ရင်တော့ ဒီအသီး ငါးမျိုးကို နေ့စဉ်အစားအသောက်ထဲမှာ ထည့်သွင်းဖို့တော့ လိုမယ်နော့။

၁။ သံပုရာသီး

play

သံပုရာသီးဟာ သဘာဝအရောင်ကျွတ်ဆေးတွေဖြစ်ပြီး ဗိုက်တာမင်စီ အထူးကြွယ်ဝစွာ ပါဝင်ပါတယ်။ နောက်ပြီး ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို အပြင်ထုတ်ပေးပြီး အရေပြားကို နေလောင်ဒဏ်နဲ့ မှဲ့ခြောက်တွေမှ ကာကွယ်ပေးမယ့် antioxidant တစ်မျိုးလည်းဖြစ်ပါတယ်။ ဒါကြောင့် အရေပြားအရောင်မညီတာ၊ အမဲကွက်ထတာ၊ ဝက်ခြံကြောင့် အမာရွတ်ကျန်ခဲ့တာ စတာတွေဖြစ်နေရင် သံပုရာသီးကိုသုံးပြီး ကုစားနိုင်ပါတယ်။

၂။ သင်္ဘောသီး

play
 

သင်္ဘောသီးမှာ ဗိုက်တာမင် အေ၊ ဘီ၊ စီ၊ ပန်တိုသီးနစ်အက်ဆစ် (pantothenic acid) ၊ ဖိုလိတ်ထ်နဲ့ သတ္ထုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အရေပြားကို ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ မှိုရောဂါပိုးဒဏ်တွေက ကာကွယ်ပေးပြီး free radical တွေကိုလည်း တိုက်ဖျက်ပေးနိုင်တဲ့ papain နဲ့ chymopapain ဆိုတဲ့ အင်ဇိုင်းတွေလည်း သင်္ဘောသီးမှာ ပါဝင်ပါတယ်။

အရေပြားခြောက်သွေ့ မွဲညစ်ခြင်းကို ဖြစ်စေတဲ့ ဝမ်းချုပ်ရောဂါကိုလည်း သင်္ဘောသီးက ပျောက်ကင်းစေတော့ အရေပြား ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက ကူညီနေပြန်ပါတယ်။

၃။ ထောပတ်သီး

play

ထောပတ်သီးဟာ အဆီဓာတ်၊ အမျှင်ဓာတ်နဲ့ ဗိုက်တာမင် အီး၊ အေ၊ စီ၊ ကေနဲ့ ဘီစစ်တို့ ကြွယ်ဝတဲ့ သီးနှံတစ်မျိုးဖြစ်ပါတယ်။ ထောပတ်သီးဟာ DNA ကို ထိခိုက်စေနိုင်တဲ့ oxidative damage တွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် လူတိန်းနဲ့ ဇီဇန်သင်းတို့ကလည်း အရေပြားကို ခရမ်းလွန်ရောင်ခြည်ဒဏ်မှ ကာကွယ်ပေးနိုင်ပါတယ်။

 

၎။ လိမ္မော်သီး

play
 

ချိုမြိန်ပြီး အရည်ရွှမ်းတဲ့ လိမ္မော်သီးလေးကတော့ အဆင်းလှသလို အနံ့လည်းမွှေးပါတယ်။ ဒါ့အပြင် အရေပြားအတွက် ကျန်းမာရေး အကျိုးကျေးဇူးတွေကိုလည်း ပေးစွမ်းနိုင်ပါတယ်။ သံပုရာသီးလိုပဲ လိမ္မော်သီးတွေဟာလည်း ဗိုက်တာမင်စီ ကြွယ်ဝပါတယ်။ လိမ္မော်သီး (၁၀၀) ဂရမ်မှာ ဗိုက်တာမင်စီ (၅၄) မီလီဂရမ်ပါဝင်ပါတယ်။ ဒါကြောင့် လိမ္မော်သီးတွေဟာ oxidative damage ၊ DNA ထိခိုက်မှု၊ ရောင်ရမ်းခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒီတော့ အရေပြားလေးလည်း လှပချောမွေ့နေပြီပေါ့။

၅။ ဖရဲသီး

play
 

အနီရောင်အဆင်းရှိပြီး အရည်ရွှမ်းတဲ့ ဖရဲသီးလေးကတော့ စိတ်ကိုကြည်လင် လန်းဆန်းစေပြီး ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်တင်း ပေးနိုင်ပါတယ်။ ရေဓာတ်ပြည့်ဝနေတဲ့ အရေပြားလေးဟာ စိုပြေနူးညံ့ပြီး ချောမွေ့နေမှာကိုတော့ ပြောနေစရာတောင် မလိုပါဘူးနော်။ အဆီပြန်ပြီး ဝက်ခြံပေါက်လွယ်တဲ့ အသားအရေ ပိုင်ရှင်တွေဆိုရင် ဖရဲသီးကို ပိုစားပေးသင့်ပါတယ်။

ဖရဲသီးမှာ အမျှင်ဓာတ် (၀.၄) ရာခိုင်နှုန်း၊ ရေဓာတ် (၉၂) ရာခိုင်နှုန်း၊ ကာဘိုဟိုက်ဒရိတ် (၇.၅) ရာခိုင်နှုန်း၊ သကြား (၀.၄) ရာခိုင်နှုန်း တို့ပါဝင်ပြီး ဗိုက်တာမင် စီ၊ အေ၊ ဘီဝမ်း၊ ဘီစစ်၊ ကာရိုတီနွိုက်၊ ဖလာဗိုနွိုက်နဲ့ လိုင်ကိုပင်းတို့လည်း ပါဝင်ပါတယ်။ အဆီဓာတ်နဲ့ ကိုလက်စ်ထရောကတော့ လုံးဝမပါဝင်ပါဘူးနော်။ ဒါကြောင့် အသားအရေလေး စိုပြေလှပနေစေဖို့ ဖရဲသီးကို ပုံမှန်စားပေး သင့်ပါတယ်။

Source: stylecraze

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video