AD
AD
AD

နှစ်ပတ်လည် အခမ်းအနားတွေ၊ မိသားစုညစာစားပွဲတွေ၊ ဖယောင်းတိုင်ညစာစားပွဲတွေမှာ အစားအသောက်ကောင်းကောင်းနဲ့အတူ ဝိုင်အေးအေးလေးတစ်ခွက်ပါမှ လိုက်လျောညီထွေ ရှိတာပါ။ ဝိုင်ဖြူနဲ့ ဝိုင်နီ နှစ်မျိုးရှိတဲ့အတွက် ဝိုင်ဖြူဟာ အေးအေးလေးဖြစ်နေမှ သောက်လို့ကောင်းပါတယ်။

play

 

တစ်ခါတလေမှာ အခမ်းအနားကလည်း စတော့မယ်။ ဝိုင်ကလည်း အအေးမခံရသေးဘူးဆိုရင် ဝိုင်ပုလင်းကို မြန်မြန်အေးအောင်လုပ်ဖို့ လိုလာပါတယ်။ အိမ်မှာရှိတဲ့ ပစ္စည်းလေးတွေနဲ့ပဲ ဝိုင်ပုလင်းတစ်လုံးကို အမြန်ဆုံး အေးလာအောင် ဖန်တီးလို့ရပါတယ်။

ဝိုင်ဖြူပုလင်းတစ်လုံးကို အမြန်ဆုံးအေးလာအောင် လုပ်မယ်ဆိုရင် ဒီနည်းလမ်းလေးကို လိုက်နာသင့်ပါတယ်။ ဝိုင်ကျွမ်းကျင်သူ တစ်ဦးဖြစ်တဲ့ Mark Oldman ကတော့ ဝိုင်ပုလင်းကို အမြန်ဆုံး အေးစေဖို့အတွက် အရင်ဆုံး ရေခဲပုံးတစ်ပုံးလိုတယ်လို့ ဆိုပါတယ်။ ရေခဲပုံးရဲ့ သုံးပုံတစ်ပုံလောက်ကို ရေခဲအရင်ဖြည့်လိုက်ပါ။ ပြီးရင်တော့ ရေဖြည့်ပေးဖို့လိုပါတယ်။ အဲဒီလိုရေဖြည့်လိုက်ခြင်းဖြင့် ဝိုင်ပုလင်းကို လည်ပင်းနားထိ မြှုပ်သွားစေတဲ့ ရေခဲကန်လေး ဖြစ်သွားစေမှာပါ။

 

နောက်ပြီး ထပ်ဖြည့်လိုက်တဲ့ရေက ရေခဲတုံးတွေကြားက လေပေါက်လေးတွေကို ဖြည့်ပေးပြီး ရေခဲတစ်မျိုးတည်း ရှိနေစဉ်ကထက် အပူချိန်ကို ပိုမိုလျင်မြန်စွာ စုပ်ထုတ်ပေးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ရေခဲထဲမှာ ရေဖြည့်လိုက်ခြင်းဖြင့် ရေခဲပုံးထဲက ဝိုင်ပုလင်းထုတ်ရ/သွင်းရတာကိုလည်း ပိုမိုမြန်ဆန် စေပါတယ်။

play

 

ပြီးရင်တော့ ရေခဲပုံးထဲမှာ ဆားနည်းနည်းထည့်လိုက်ပါဦး။ ဆားက ရေရဲ့ခဲမှတ်ကို ပိုမိုလျော့နည်းသွားအောင် စွမ်းဆောင်ပေး နိုင်ပါတယ်။ တစ်နည်းအားဖြင့် ဝိုင်ပုလင်းကို ပိုမိုလျင်မြန်စွာ အေးစေနိုင်ပါတယ်။ နောက်ဆုံးအဆင့်အနေနဲ့ ဝိုင်ပုလင်းကို ရေခဲပုံးထဲမှာ မိနစ်အနည်းငယ်ကြာအောင် လှည့်ပေးလိုက်ပါ။ ဒါမှသာ ပုလင်းထဲက အရည်အားလုံး ရေခဲရေနဲ့ သာတူညီမျှ ထိတွေ့သွားမှာဖြစ်ပါတယ်။ ဆယ်မိနစ်ခန့်ကြာရင်တော့ ဝိုင်ပုလင်းက အသင့်သောက်သုံးရုံ အနေအထားအထိ အေးသွားပါပြီ။

play

 

သတိပြုရမှာတစ်ခုက အမြန်အေးချင်လို့ဆိုပြီး ဝိုင်ပုလင်းကို ရေခဲသေတ္တာ အအေးခန်းထဲ သွားမထည့်သင့်ပါဘူး။ ဝိုင်ရဲ့အရသာက မြမြလေးအေးနေချိန်မှာ အကောင်းဆုံးပါပဲ။ အဲဒီလို အေးနေချိန်မှာ ဝိုင်ထဲမှာပါတဲ့ အက်ဆစ်ဓာတ်က မြင့်မားနေပြီး လတ်ဆတ်တဲ့ သစ်သီးအရသာလေးပါ စွက်နေစေပါတယ်။ အေးစက်မှုလေးက သစ်သီးအရသာလေးကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ (၄၆) ဒီဂရီ ဖာရင်ဟိုက်ကတော့ ရှိသင့်တဲ့ အခန်းအပူချိန်ပါပဲ။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD